{{ Zawgyi/Unicode}}}
မနက္ျဖန္ ေအာက္တိုဘာ ၂၆ ရက္မွာစတင္မယ့္ အာဆီယံထိပ္သီးအစည္းအေဝးတက္ဖို႔ ျမန္မာႏိုင္ငံျခားေရးဌာနက ၫႊန္ၾကားေရးမႉးခ်ဳပ္တေယာက္ကို ဖိတ္ၾကားထားတယ္လို႔ စစ္ေကာင္စီက ေျပာပါတယ္။ ခုလို ဖိတ္ၾကားထားေပမဲ့ တက္မယ္ မတက္ဘူး မဆုံးျဖတ္ရေသးဘူးလို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။ စစ္ေကာင္စီအႀကီးအကဲအစား ႏိုင္ငံေရးနဲ႔မပတ္သက္သူကို ဖိတ္ၾကားမယ္လို႔ အာဆီယံက ေျပာၿပီး ႏိုင္ငံျခားေရးဌာန ၫႊန္ခ်ဳပ္တေယာက္ကို ဖိတ္ၾကားတာနဲ႔ပါတ္သက္လို႔ ရန္ကုန္ကလာတဲ့သတင္းကို ကိုေအာင္ျမတ္သူက တင္ျပေပးထားပါတယ္။
ေအာက္တုိဘာ ၂၆ ကေန ၂၈ အထိက်င္းပမယ့္ (၃၈) ႀကိမ္ေျမာက္ အာဆီယံ ထိပ္သီးစည္းေဝးပြဲေတြအတြက္ စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဴပ္မွဴးႀကီး မင္းေအာင္လႈိင္ကိုမဖိတ္ဘဲ ႏိုင္ငံေရးနဲ႔ မပတ္သက္သူကို ဖိတ္ၾကားမယ္လို႔ အာဆီယံက ဆံုးျဖတ္ထားခ်ိန္မွာ ႏိုင္ငံျခားေရးဌာနက ၫႊန္ၾကားေရးမွဴးခ်ဳပ္တေယာက္ကို ဖိတ္ၾကားတယ္လို႔ စစ္ေကာင္စီရဲ႕ သတင္းျပန္ၾကားေရးတာဝန္ခံ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဒီေန႔ ေျပာၾကားလိုက္ ပါတယ္။
“က်ေနာ္တို႔ ဟိုကေနၿပီး ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ၫႊန္ၾကားေရးမွဴးခ်ဳပ္တေယာက္ကို ဖိတ္ၾကားထားပါတယ္။ က်ေနာ္တို႔ အေနနဲ႔ကေတာ့ တက္ျဖစ္၊ မတက္ျဖစ္ မေသခ်ာေသးပါဘူး။ အေၾကာင္းလည္း မျပန္ရေသးပါဘူး။ က်ေနာ္တို႔အေနနဲ႔ ခုနကေျပာသလို တက္ျဖစ္၊ မတက္ျဖစ္ မေသခ်ာေသးပါဘူး။”
ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ၫႊန္ၾကားေရးမွဴးခ်ဳပ္လို႔သာေျပာၿပီး ဘယ္သူ ဘယ္ဝါဆိုတာ နာမည္ေတာ့ မေျပာပါဘူး။ တခ်ဳိ႕ႏိုင္ငံတကာသတင္းေတြမွာ ႏုိင္ငံျခားေရးဌာန အၿမဲတမ္းအတြင္းဝန္ ဦးခ်မ္းေအးလို႔ ေဖာ္ျပၾကပါတယ္။ ဒါေပမဲ့ ၫႊန္ၾကားေရးမွဴးခ်ဳပ္လို႔ ေျပာထားတဲ့အတြက္ အာဆီယံေရးရာဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးရဲေက်ာ္ျမ ျဖစ္ႏိုင္တယ္လို႔ တခ်ဳိ႕ကလည္း တြက္ၾကပါတယ္။
ျမန္မာ့ႏိုင္ငံေရးျပႆနာေျဖ႐ွင္းေရးအတြက္ အာဆီယံေခါင္းေဆာင္ေတြၾကား သေဘာတူထားတဲ့ အခ်က္ ၅ ခ်က္အေကာင္အထည္ေဖာ္ဖုိ႔ ပ်က္ကြက္တယ္ဆုိၿပီး အာဆီယံထိပ္သီးအစည္းအေဝးေတြကို ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ကို တက္ခြင့္မျပဳဖို႔ အာဆီယံက ဆံုးျဖတ္ခဲ့တာပါ။ ေအာက္တိုဘာ ၁၅ ရက္က အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြ အစည္းအေဝးမွာ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ကို ဖိတ္ေရး မဖိတ္ေရး ဘံုသေဘာတူညီခ်က္ မရခဲ့တဲ့အတြက္ ေအာက္တိုဘာ ၁၆ ရက္မွာ အလွည့္က်ဥကၠ႒က မဖိတ္ဖုိ႔ ဆံုးျဖတ္ေၾကာင္း ေၾကညာခ်က္ထုတ္ခဲ့ပါတယ္။ ဘယ္ႏိုင္ငံေတြက တက္ေစခ်င္ၿပီး ဘယ္ႏိုင္ငံေတြက မတက္ေစခ်င္ဘူးဆိုတာ ထုတ္ေဖာ္မေျပာေပမဲ့ လက္႐ွိအလွည့္က်ဥကၠ႒တာဝန္ယူထားတဲ့ ဘ႐ူႏိုင္လ္း၊ မေလး႐ွား၊ အင္ဒိုနီး႐ွား၊ စကၤာပူစတဲ့ႏုိင္ငံေတြဘက္ကအာဆီယံရဲ႕ ဂုဏ္သိကၡာအရ ဖိတ္လို႔ မျဖစ္ႏုိင္ဘူးလို႔ ထုတ္ေဖာ္ေျပာခ့ဲၾကပါတယ္။
ႏိုင္ငံေရးနယ္ပယ္က မဟုတ္တဲ့ ကိုယ္စားလွယ္တဦးကိုပဲ တက္ေရာက္ခြင့္ျပဳမယ္ဆိုတဲ့ အာဆီယံရဲ႕ ဆံုးျဖတ္ခ်က္ဟာ အာဆီယံအသင္းရဲ႕ပဋိဉာဥ္နဲ႔ မကိုက္ညီဘူးလို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။
“အဓိကေတာ့ ႏိုင္ငံ့ေခါင္းေဆာင္ေတြလုပ္တဲ့ အစည္းအေဝး ႏိုင္ငံ့ေခါင္းေဆာင္ကို ဖိတ္ရမွာပဲျဖစ္တယ္၊ ဒါကို က်ေနာ္တို႔ တူညီဆႏၵမရွိဘဲနဲ႔ ေဆာင္႐ြက္လာတာ ျဖစ္တယ္။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔အေနနဲ႔ ကိုယ့္ကို တန္းတူရည္တူအျဖစ္ မထားတဲ့၊ အာစီယံႏိုင္ငံအားလုံးလည္း မဟုတ္ပါဘူး၊ ႏိုင္ငံအခ်ိဳ႕ရဲ႕ ကန႔္သတ္မႈေၾကာင့္ တန္းတူရည္တူမထားတဲ့ အစည္းအေဝးကို သြားေရာက္ တက္ေရာက္တာက ပိုၿပီးေတာ့ ျမန္မာႏိုင္ငံရဲ႕ အခ်ဳပ္အခ်ာအာဏာကို ေစာ္ကားရာက်တယ္။ ဒါေၾကာင့္မို႔ က်ေနာ္တို႔အေနနဲ႔ တက္ဖို႔၊ မတက္ဖို႔ မေသခ်ာပါဘူး။”
စစ္ေကာင္စီအႀကီးအကဲကိုမဖိတ္ဘဲ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ညႊန္ခ်ဳပ္တေယာက္ကို ဖိတ္ၾကားတာ ႏုိင္ငံေရးနဲ႔ ကင္းသလားဆိုတာ ေမးခြန္းထုတ္မႈေတြလည္း ႐ွိပါတယ္။ ျမန္မာ့မဟာဗ်ဴဟာနဲ႔ မူဝါဒေလ့လာေရးအဖြဲ႕ ISP ရဲ႕ ၫႊန္ၾကားေရးမႉး ဦးေအာင္သူၿငိမ္းကေတာ့ သူ႔အျမင္ကို ခုလိုေျပာပါတယ္။
"က်ေနာ္သေဘာေပါက္တာက ဒီႏိုင္ငံေရးအရဆိုတာ က်ေနာ္တို႔ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီး level ေလာက္ ဟာမ်ိဳးဆိုရင္ ဒါႏိုင္ငံေရးအရ ခန႔္အပ္တဲ့သူလို႔ ယူဆလို႔ရတာေပါ့ေနာ္။ ဆိုေတာ့ အခုအေနအထားမွာက်ေတာ့ ဖိတ္တဲ့သူက bureaucrat ေပါ့ေနာ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန တခုခုက အထူးသျဖင့္ အာဆီယံဌာနက bureaucrat ဒီလို အစိုးရဝန္ထမ္းကို ဖိတ္လို႔ရပါတယ္။"
အာဆီယံက အမ်ားသေဘာ ဆံုးျဖတ္တာ မဟုတ္ဘူးဆိုတာနဲ႔ပါတ္သက္လို႔လည္း သူက ခုလိုေျပာပါတယ္။
“အာဆီယံရဲ႕ သေဘာက Consensus လို႔ေခၚတာေပါ့ေနာ္၊ အဖြဲ႕ဝင္အားလုံးက သေဘာတူမွ ဒီဆုံးျဖတ္ ခ်က္ တခုခုကို ခ်ေလ့ရွိတဲ့ဟာမ်ိဳးေလေနာ္၊ ဆိုေတာ့ အဲဒီအေနအထားမွာ အခုလက္ရွိကိစၥက consensus မဟုတ္ဘူးလို႔ ေျပာလို႔ရတယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ ျမန္မာအစိုးရေခါင္းေဆာင္က ဒီဥစၥာကိုသေဘာ မတူဘူးဆိုတဲ့ဟာမ်ိဳးေပါ့ေနာ္။ ဆိုေတာ့ က်ေနာ္တို႔ႏိုင္ငံမွာ အရင္တခါ ျဖစ္ခဲ့ဖူးတယ္၊ ၂၀၀၆ မွာတုန္းက အာဆီယံဥကၠ႒ အလွည့္က် ယူရမယ့္ကိစၥေလ။ ဆိုေတာ့ အဲဒီအခ်ိန္မွာ ျမန္မာျပည္က အဆင္မေျပဘူးေပါ့ဗ်ာ၊ ႏိုင္ငံတကာက ေဝဖန္ေနတဲ့ကိစၥေတြ ရွိေတာ့ အဲဒီေတာ့ ျမန္မာကိုယ္တိုင္က သူတို႔ကိုယ္တိုင္ ေနာက္ဆုတ္ေပးတယ္၊ အလွည့္ေက်ာ္ေပးလိုက္တယ္ ဆိုတဲ့ဟာမ်ိဳး၊ အဲဒီတုန္းကေတာ့ ေျပာရမယ္ဆို consensus လို႔ေျပာလို႔ရတယ္။ အခုအေနအထားမွာေတာ့ consensus ေတာ့မဟုတ္ဘူး၊ ဒါေပမဲ့ ႏိုင္ငံအမ်ားစုက ဆုံးျဖတ္သြားတဲ့ အေနအထားမ်ိဳး ျဖစ္သြားတာေပါ့။”
၃ ရက္က်င္းပမယ့္ အာဆီယံထိပ္သီးအစည္းအေဝးေတြမွာ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီ ဘလင္ကဲန္ တက္ေရာက္မယ့္ အာဆီယံ အေမရိကန္ ထိပ္သီးစည္းေဝးပြဲ၊ တ႐ုတ္၊ ဂ်ပန္၊ ေတာင္ကိုရီးယားႏုိင္ငံေခါင္းေဆာင္ေတြနဲ႔ေဆြးေႏြးတဲ့ ASEAN +3 ေဆြးေႏြးပြဲေတြလည္း ပါဝင္ပါတယ္။ ဒါေၾကာင့္ အာဆီယံအေနနဲ႔လည္း စစ္ေကာင္စီအႀကီးအကဲကို ဖိတ္ဖုိ႔ ခက္တယ္လို႔ ကိုေအာင္သူၿငိမ္းက သံုးသပ္ပါတယ္။
“ထိပ္သီးအစည္းအေဝး ဆိုတဲ့ေနရာမွာ Asean +3 အထူးသျဖင့္ အေနာက္ႏိုင္ငံေတြ US တို႔က ဖိအားေပးတဲ့အခါက်ေတာ့ ဒီမွာဖိတ္ရခက္တယ္ဆိုတဲ့ ဟာမ်ိဳး ရွိတာေပါ့။ ဒါေပမဲ့ အာဆီယံက ဝန္ႀကီးအဆင့္အစည္းအေဝးနဲ႔ အျခားအဆင့္အစည္းအေဝးက တႏွစ္တႏွစ္က တေထာင္နီးပါးေလာက္ရွိေတာ့ ျမန္မာႏိုင္ငံကို တႏွစ္လုံးမဖိတ္ဘဲနဲ႔ ထားမွာလားေပါ့။ က်ေနာ္ကေတာ့ အဲလိုမထင္ဘူး။ အဲဒါကို အာစီယံဘက္က စဥ္းစားရလိမ့္မယ္ ျမန္မာဘက္ကလည္း စဥ္းစားမွာပဲ။ က်ေနာ္ထင္တယ္ အာဆီယံက ႏႈတ္ထြက္လိမ့္မယ္ဆိုတဲ့ ဟာမ်ိဳးေတာ့ မျမင္ဘူး။”
အာဆီယံဆိုင္ရာ ျမန္မာႏိုင္ငံအထူးကိုယ္စားလွယ္၊ ဘ႐ူႏိုင္း ႏိုင္ငံျခားေရး ဒုတိယဝန္ႀကီး Erywan Yusof ရဲ႕ ျမန္မာႏိုင္ငံခရီးစဥ္ကို စစ္ေကာင္စီဘက္က လက္မခံေသးပါဘူး။ စစ္ေကာင္စီက ဖမ္းဆီးထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတ႔ြခြင့္ရဖုိ႔ သူ႔ရဲ႕ ေတာင္းဆိုခ်က္ေတြကို မလိုက္ေလ်ာႏိုင္ဘူးလို႔ စစ္ေကာင္စီဘက္က တံု႔ျပန္ထားပါတယ္။ ဒါေပမဲ့ ျမန္မာႏုိင္ငံအေနနဲ႔ အာဆီယံ ဘံု သေဘာတူညီခ်က္ ၅ ခ်က္ကုိ တတ္ႏုိင္သမွ် ပူးေပါင္းေဆာင္ရြက္ပါမယ္လုိ႔လည္း ထပ္မံကတိျပဳထားပါတယ္။
===========
{{Unicode}}}
အာဆီယံထိပ်သီးတက်ဖို့ မြန်မာ မဆုံးဖြတ်ရသေး
မနက်ဖြန် အောက်တိုဘာ ၂၆ ရက်မှာစတင်မယ့် အာဆီယံထိပ်သီးအစည်းအဝေးတက်ဖို့ မြန်မာနိုင်ငံခြားရေးဌာနက ညွှန်ကြားရေးမှူးချုပ်တယောက်ကို ဖိတ်ကြားထားတယ်လို့ စစ်ကောင်စီက ပြောပါတယ်။ ခုလို ဖိတ်ကြားထားပေမဲ့ တက်မယ် မတက်ဘူး မဆုံးဖြတ်ရသေးဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ စစ်ကောင်စီအကြီးအကဲအစား နိုင်ငံရေးနဲ့မပတ်သက်သူကို ဖိတ်ကြားမယ်လို့ အာဆီယံက ပြောပြီး နိုင်ငံခြားရေးဌာန ညွှန်ချုပ်တယောက်ကို ဖိတ်ကြားတာနဲ့ပါတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို ကိုအောင်မြတ်သူပြောပြပါမယ်။
အောက်တိုဘာ ၂၆ ကနေ ၂၈ အထိကျင်းပမယ့် (၃၈) ကြိမ်မြောက် အာဆီယံ ထိပ်သီးစည်းဝေးပွဲတွေအတွက် စစ်ကောင်စီအကြီးအကဲ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ကိုမဖိတ်ဘဲ နိုင်ငံရေးနဲ့ မပတ်သက်သူကို ဖိတ်ကြားမယ်လို့ အာဆီယံက ဆုံးဖြတ်ထားချိန်မှာ နိုင်ငံခြားရေးဌာနက ညွှန်ကြားရေးမှူးချုပ်တယောက်ကို ဖိတ်ကြားတယ်လို့ စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ ပြောကြားလိုက် ပါတယ်။
“ကျနော်တို့ ဟိုကနေပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်တယောက်ကို ဖိတ်ကြားထားပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ တက်ဖြစ်၊ မတက်ဖြစ် မသေချာသေးပါဘူး။ အကြောင်းလည်း မပြန်ရသေးပါဘူး။ ကျနော်တို့အနေနဲ့ ခုနကပြောသလို တက်ဖြစ်၊ မတက်ဖြစ် မသေချာသေးပါဘူး။”
ဗိုလ်ချုပ်ဇော်မင်းထွန်းက ညွှန်ကြားရေးမှူးချုပ်လို့သာပြောပြီး ဘယ်သူ ဘယ်ဝါဆိုတာ နာမည်တော့ မပြောပါဘူး။ တချို့နိုင်ငံတကာသတင်းတွေမှာ နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးလို့ ဖော်ပြကြပါတယ်။ ဒါပေမဲ့ ညွှန်ကြားရေးမှူးချုပ်လို့ ပြောထားတဲ့အတွက် အာဆီယံရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲကျော်မြ ဖြစ်နိုင်တယ်လို့ တချို့ကလည်း တွက်ကြပါတယ်။
မြန်မာ့နိုင်ငံရေးပြဿနာဖြေရှင်းရေးအတွက် အာဆီယံခေါင်းဆောင်တွေကြား သဘောတူထားတဲ့ အချက် ၅ ချက်အကောင်အထည်ဖော်ဖို့ ပျက်ကွက်တယ်ဆိုပြီး အာဆီယံထိပ်သီးအစည်းအဝေးတွေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တက်ခွင့်မပြုဖို့ အာဆီယံက ဆုံးဖြတ်ခဲ့တာပါ။ အောက်တိုဘာ ၁၅ ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ရေး မဖိတ်ရေး ဘုံသဘောတူညီချက် မရခဲ့တဲ့အတွက် အောက်တိုဘာ ၁၆ ရက်မှာ အလှည့်ကျဥက္ကဋ္ဌက မဖိတ်ဖို့ ဆုံးဖြတ်ကြောင်း ကြေညာချက်ထုတ်ခဲ့ပါတယ်။ ဘယ်နိုင်ငံတွေက တက်စေချင်ပြီး ဘယ်နိုင်ငံတွေက မတက်စေချင်ဘူးဆိုတာ ထုတ်ဖော်မပြောပေမဲ့ လက်ရှိအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဘရူနိုင်လ်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူစတဲ့နိုင်ငံတွေဘက်ကအာဆီယံရဲ့ ဂုဏ်သိက္ခာအရ ဖိတ်လို့ မဖြစ်နိုင်ဘူးလို့ ထုတ်ဖော်ပြောခဲ့ကြပါတယ်။
နိုင်ငံရေးနယ်ပယ်က မဟုတ်တဲ့ ကိုယ်စားလှယ်တဦးကိုပဲ တက်ရောက်ခွင့်ပြုမယ်ဆိုတဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ဟာ အာဆီယံအသင်းရဲ့ပဋိဉာဉ်နဲ့ မကိုက်ညီဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“အဓိကတော့ နိုင်ငံ့ခေါင်းဆောင်တွေလုပ်တဲ့ အစည်းအဝေး နိုင်ငံ့ခေါင်းဆောင်ကို ဖိတ်ရမှာပဲဖြစ်တယ်၊ ဒါကို ကျနော်တို့ တူညီဆန္ဒမရှိဘဲနဲ့ ဆောင်ရွက်လာတာ ဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့အနေနဲ့ ကိုယ့်ကို တန်းတူရည်တူအဖြစ် မထားတဲ့၊ အာစီယံနိုင်ငံအားလုံးလည်း မဟုတ်ပါဘူး၊ နိုင်ငံအချို့ရဲ့ ကန့်သတ်မှုကြောင့် တန်းတူရည်တူမထားတဲ့ အစည်းအဝေးကို သွားရောက် တက်ရောက်တာက ပိုပြီးတော့ မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို စော်ကားရာကျတယ်။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ တက်ဖို့၊ မတက်ဖို့ မသေချာပါဘူး။”
စစ်ကောင်စီအကြီးအကဲကိုမဖိတ်ဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ချုပ်တယောက်ကို ဖိတ်ကြားတာ နိုင်ငံရေးနဲ့ ကင်းသလားဆိုတာ မေးခွန်းထုတ်မှုတွေလည်း ရှိပါတယ်။ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ ISP ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းကတော့ သူ့အမြင်ကို ခုလိုပြောပါတယ်။
"ကျနော်သဘောပေါက်တာက ဒီနိုင်ငံရေးအရဆိုတာ ကျနော်တို့ အစိုးရအဖွဲ့ဝင် ဝန်ကြီး level လောက် ဟာမျိုးဆိုရင် ဒါနိုင်ငံရေးအရ ခန့်အပ်တဲ့သူလို့ ယူဆလို့ရတာပေါ့နော်။ ဆိုတော့ အခုအနေအထားမှာကျတော့ ဖိတ်တဲ့သူက bureaucrat ပေါ့နော် နိုင်ငံခြားရေးဝန်ကြီးဌာန တခုခုက အထူးသဖြင့် အာဆီယံဌာနက bureaucrat ဒီလို အစိုးရဝန်ထမ်းကို ဖိတ်လို့ရပါတယ်။"
အာဆီယံက အများသဘော ဆုံးဖြတ်တာ မဟုတ်ဘူးဆိုတာနဲ့ပါတ်သက်လို့လည်း သူက ခုလိုပြောပါတယ်။
“အာဆီယံရဲ့ သဘောက Consensus လို့ခေါ်တာပေါ့နော်၊ အဖွဲ့ဝင်အားလုံးက သဘောတူမှ ဒီဆုံးဖြတ် ချက် တခုခုကို ချလေ့ရှိတဲ့ဟာမျိုးလေနော်၊ ဆိုတော့ အဲဒီအနေအထားမှာ အခုလက်ရှိကိစ္စက consensus မဟုတ်ဘူးလို့ ပြောလို့ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာအစိုးရခေါင်းဆောင်က ဒီဥစ္စာကိုသဘော မတူဘူးဆိုတဲ့ဟာမျိုးပေါ့နော်။ ဆိုတော့ ကျနော်တို့နိုင်ငံမှာ အရင်တခါ ဖြစ်ခဲ့ဖူးတယ်၊ ၂၀၀၆ မှာတုန်းက အာဆီယံဥက္ကဋ္ဌ အလှည့်ကျ ယူရမယ့်ကိစ္စလေ။ ဆိုတော့ အဲဒီအချိန်မှာ မြန်မာပြည်က အဆင်မပြေဘူးပေါ့ဗျာ၊ နိုင်ငံတကာက ဝေဖန်နေတဲ့ကိစ္စတွေ ရှိတော့ အဲဒီတော့ မြန်မာကိုယ်တိုင်က သူတို့ကိုယ်တိုင် နောက်ဆုတ်ပေးတယ်၊ အလှည့်ကျော်ပေးလိုက်တယ် ဆိုတဲ့ဟာမျိုး၊ အဲဒီတုန်းကတော့ ပြောရမယ်ဆို consensus လို့ပြောလို့ရတယ်။ အခုအနေအထားမှာတော့ consensus တော့မဟုတ်ဘူး၊ ဒါပေမဲ့ နိုင်ငံအများစုက ဆုံးဖြတ်သွားတဲ့ အနေအထားမျိုး ဖြစ်သွားတာပေါ့။”
၃ ရက်ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကဲန် တက်ရောက်မယ့် အာဆီယံ အမေရိကန် ထိပ်သီးစည်းဝေးပွဲ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံခေါင်းဆောင်တွေနဲ့ဆွေးနွေးတဲ့ ASEAN +3 ဆွေးနွေးပွဲတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် အာဆီယံအနေနဲ့လည်း စစ်ကောင်စီအကြီးအကဲကို ဖိတ်ဖို့ ခက်တယ်လို့ ကိုအောင်သူငြိမ်းက သုံးသပ်ပါတယ်။
“ထိပ်သီးအစည်းအဝေး ဆိုတဲ့နေရာမှာ Asean +3 အထူးသဖြင့် အနောက်နိုင်ငံတွေ US တို့က ဖိအားပေးတဲ့အခါကျတော့ ဒီမှာဖိတ်ရခက်တယ်ဆိုတဲ့ ဟာမျိုး ရှိတာပေါ့။ ဒါပေမဲ့ အာဆီယံက ဝန်ကြီးအဆင့်အစည်းအဝေးနဲ့ အခြားအဆင့်အစည်းအဝေးက တနှစ်တနှစ်က တထောင်နီးပါးလောက်ရှိတော့ မြန်မာနိုင်ငံကို တနှစ်လုံးမဖိတ်ဘဲနဲ့ ထားမှာလားပေါ့။ ကျနော်ကတော့ အဲလိုမထင်ဘူး။ အဲဒါကို အာစီယံဘက်က စဉ်းစားရလိမ့်မယ် မြန်မာဘက်ကလည်း စဉ်းစားမှာပဲ။ ကျနော်ထင်တယ် အာဆီယံက နှုတ်ထွက်လိမ့်မယ်ဆိုတဲ့ ဟာမျိုးတော့ မမြင်ဘူး။”
အာဆီယံဆိုင်ရာ မြန်မာနိုင်ငံအထူးကိုယ်စားလှယ်၊ ဘရူနိုင်း နိုင်ငံခြားရေး ဒုတိယဝန်ကြီး Erywan Yusof ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို စစ်ကောင်စီဘက်က လက်မခံသေးပါဘူး။ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တေ့ွခွင့်ရဖို့ သူ့ရဲ့ တောင်းဆိုချက်တွေကို မလိုက်လျောနိုင်ဘူးလို့ စစ်ကောင်စီဘက်က တုံ့ပြန်ထားပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံ ဘုံ သဘောတူညီချက် ၅ ချက်ကို တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ပါမယ်လို့လည်း ထပ်မံကတိပြုထားပါတယ်။
#MyanmarASEAN #MyanmarMilitaryCoup #ASEANSummit #VOABurmese
===========