သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အာဆီယံမွာ ကြဲလြဲေပမယ့္ အေကာင္းဆံုးေျဖရွင္းဖို႔ ႀကိဳးပမ္းေန - ကေမာၻဒီးယားႏုိင္ငံျခားေရးဝန္ႀကီး 


ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn 

[[Zawgyi/Unicode]]

အာဆီယံႏိုင္ငံေတြအၾကား ကြဲလြဲခ်က္နဲ႔ သေဘာထား မတူညီတာေတြရွိေပမယ့္အေကာင္းဆုံး ေျဖရွင္းႏိုင္ဖို႔ ႀကိဳးပမ္းေနေၾကာင္း ျမန္မာႏိုင္ငံ ပါဝင္ျခင္းမရွိတဲ့ အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အစည္းအေဝးအၿပီး ကေမာၻဒီးယား ႏိုင္ငံျခားေရး ဝန္ႀကီးက ေျပာပါတယ္။

“တခ်ိဳ႕ကိစၥေတြမွာ အခါအားေလ်ာ္စြာ သေဘာထားကြဲလြဲမႈေတြ ရွိမယ္ဆိုတာ သံသယမရွိပါဘူး။ ဘယ္မိသားစုမဆို ဒါမ်ိဳး ရွိတာပါပဲ၊ စိတ္မေကာင္းအျဖစ္ဆုံးကေတာ့ က်ေနာ္တို႔အသိုက္အဝန္း ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြကိုေျဖရွင္းဖို႔ လက္ရွိ အေျခအေနမွာ ဝန္ႀကီး ၁၀ ဦးလုံး အတူတကြထိုင္ၿပီး လက္ခ်င္းတြဲ အစည္းအေဝးက်င္းပႏိုင္တဲ့ အေျခအေနမရွိတာပါပဲ” လို႔ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn ကေျပာပါတယ္။

ဒါေပမယ့္လည္း အာဆီယံဟာ ခိုင္မာတဲ့မိသားစုတခုျဖစ္ၿပီး အခက္အခဲေတြကို အေကာင္းဆုံး ေျဖရွင္းသြားမယ္လို႔ သူက ေျပာပါ တယ္။

ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအေျခအေန သိသာတဲ့ တိုးတက္ေျပာင္းလဲမႈေတြ ျဖစ္မလာေသးသမွ် ကာလပတ္လုံး ႏိုင္ငံေရးအရ ကိုယ္စားျပဳတဲ့ ကိုယ္စားလွယ္ကိုမဖိတ္ဖို႔ အာဆီယံအဖြဲ႔ဝင္ႏိုင္ငံတခ်ိဳ႕ရဲ႕ တင္ျပမႈအရ အိမ္ရွင္ ကေမာၻဒီးယားႏိုင္ငံက ျမန္မာ ႏိုင္ငံျခားေရးဝန္ႀကီးကို မဖိတ္ဖို႔ ဆုံးျဖတ္ခဲ့ၿပီး ဒီဆုံးျဖတ္ခ်က္အေပၚ စစ္ေကာင္စီဘက္က ေဝဖန္ ေျပာဆိုၿပီးတဲ့ေနာက္ ဝန္ႀကီးအဆင့္ အစည္းအေဝးကိုတက္ေရာက္ဖို႔ ဘယ္သူ႔ကိုမွ လႊတ္မွာမဟုတ္ဘူးလို႔ တုံ႔ျပန္ခဲ့ပါတယ္။

ဗီယက္နမ္ ႏိုင္ငံျခားေရးဝန္ႀကီးက အစည္းအေဝးတက္ဖို႔ ဖႏြမ္းပင္ၿမိဳ႕ကုိေရာက္ လာၿပီးမွ ကိုဗစ္-19 ေရာဂါ ကူးစက္ေနတဲ့အတြက္ ဟိုတယ္ကေနပဲ အြန္လိုင္းကတဆင့္ ပါဝင္ေဆြးေႏြးပါတယ္။ ထိုင္းနဲ႔ ဘ႐ူႏိုင္း ႏိုင္ငံျခားေရးဝန္ႀကီးေတြလည္း အြန္လိုင္းကေနပဲ ပါဝင္တက္ေရာက္ပါတယ္။

မေန႔က အာဆီယံ အဆင့္ျမင့္အရာရွိႀကီးေတြရဲ႕ အစည္းအေဝးပြဲမွာေတာ့ စစ္ေကာင္စီရဲ႕ အႀကီးတန္းတာဝန္ရွိသူတဦး အြန္လိုင္းကတဆင့္ တက္ေရာက္ခဲ့တယ္လို႔ ကေမာၻဒီးယားႏိုင္ငံျခားေရးဌာန ေျပာခြင့္ရတဦးျဖစ္သူ Sounry Chum က ဗြီအိုေအ ခမာဌာနကို ေျပာခဲ့ပါတယ္။

===============

[[Unicode]]


မြန်မာ့အရေး အာဆီယံမှာ ကွဲလွဲပေမယ့် အကောင်းဆုံးဖြေရှင်းဖို့ ကြိုးပမ်းနေ - ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး

အာဆီယံနိုင်ငံတွေအကြား ကွဲလွဲချက်နဲ့ သဘောထား မတူညီတာတွေရှိပေမယ့်အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေကြောင်း မြန်မာနိုင်ငံ ပါဝင်ခြင်းမရှိတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီး ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

“တချို့ကိစ္စတွေမှာ အခါအားလျော်စွာ သဘောထားကွဲလွဲမှုတွေ ရှိမယ်ဆိုတာ သံသယမရှိပါဘူး။ ဘယ်မိသားစုမဆို ဒါမျိုး ရှိတာပါပဲ၊ စိတ်မကောင်းအဖြစ်ဆုံးကတော့ ကျနော်တို့အသိုက်အဝန်း ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကိုဖြေရှင်းဖို့ လက်ရှိ အခြေအနေမှာ ဝန်ကြီး ၁၀ ဦးလုံး အတူတကွထိုင်ပြီး လက်ချင်းတွဲ အစည်းအဝေးကျင်းပနိုင်တဲ့ အခြေအနေမရှိတာပါပဲ” လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ကပြောပါတယ်။

ဒါပေမယ့်လည်း အာဆီယံဟာ ခိုင်မာတဲ့မိသားစုတခုဖြစ်ပြီး အခက်အခဲတွေကို အကောင်းဆုံး ဖြေရှင်းသွားမယ်လို့ သူက ပြောပါ တယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ သိသာတဲ့ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်မလာသေးသမျှ ကာလပတ်လုံး နိုင်ငံရေးအရ ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်ကိုမဖိတ်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ရဲ့ တင်ပြမှုအရ အိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံက မြန်မာ နိုင်ငံခြားရေးဝန်ကြီးကို မဖိတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဒီဆုံးဖြတ်ချက်အပေါ် စစ်ကောင်စီဘက်က ဝေဖန် ပြောဆိုပြီးတဲ့နောက် ဝန်ကြီးအဆင့် အစည်းအဝေးကိုတက်ရောက်ဖို့ ဘယ်သူ့ကိုမှ လွှတ်မှာမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးက အစည်းအဝေးတက်ဖို့ ဖနွမ်းပင်မြို့ကိုရောက် လာပြီးမှ ကိုဗစ်-19 ရောဂါ ကူးစက်နေတဲ့အတွက် ဟိုတယ်ကနေပဲ အွန်လိုင်းကတဆင့် ပါဝင်ဆွေးနွေးပါတယ်။ ထိုင်းနဲ့ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးတွေလည်း အွန်လိုင်းကနေပဲ ပါဝင်တက်ရောက်ပါတယ်။

မနေ့က အာဆီယံ အဆင့်မြင့်အရာရှိကြီးတွေရဲ့ အစည်းအဝေးပွဲမှာတော့ စစ်ကောင်စီရဲ့ အကြီးတန်းတာဝန်ရှိသူတဦး အွန်လိုင်းကတဆင့် တက်ရောက်ခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာန ပြောခွင့်ရတဦးဖြစ်သူ Sounry Chum က ဗွီအိုအေ ခမာဌာနကို ပြောခဲ့ပါတယ်။
===============

XS
SM
MD
LG