သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံ အထူးကိုယ္စားလွယ္ ေရွ႕လအတြင္း ျမန္မာႏုိုင္ငံလာဖို႔ႀကိဳးစားေန


Cambodia ASEAN

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံကို ေရွ႕လအတြင္း သြားခြင့္ရဖို႔နဲ႔ ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) နဲ႔ပါ ေတြ႔ဆုံခြင့္ရဖို႔ စစ္ေကာင္စီရဲ႕သေဘာတူညီခ်က္ရဖို႔ ေစာင့္ေနတယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံ အထူးကိုယ္စားလွယ္ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn က ဒီေကန႔ ဖႏြမ္းပင္ၿမိဳ႕မွာ ေျပာၾကားလိုက္ပါတယ္။

“စစ္ေကာင္စီက NUG နဲ႔ တိုက္႐ိုက္ စကားမေျပာဘူးဆိုရင္လည္း အာဆီယံ အထူးကိုယ္စားလွယ္အေနနဲ႔ သူတို႔ ႏွစ္ဘက္ၾကားမွာ ေပါင္းကူးတံတားအျဖစ္ ၾကားဝင္ ေဆာင္႐ြက္ေပးခြင့္ျပဳဖို႔လိုပါတယ္။ ဒါေပမယ့္ အဲဒီလို ၾကားဝင္ေဆာင္႐ြက္တဲ့အတြက္ စစ္ေကာင္စီနဲ႔ အာဆီယံ အထူးကိုယ္စားလွယ္ၾကားမွာ သေဘာထားကြဲျပားမႈ ရွိမသြားဖို႔လည္း လိုအပ္ပါတယ္” လို႔ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ စည္းေဝးပြဲအၿပီး ဖႏြမ္းပင္ၿမိဳ႕မွာက်င္းပတဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ဝန္ႀကီး Prak Sokhonn က ေျပာခဲ့ပါတယ္။

စစ္ေကာင္စီဘက္က NUG ကို အၾကမ္းဖက္အဖြဲ႔အျဖစ္ သတ္မွတ္ထားတဲ့အတြက္ အာဆီယံအေနနဲ႔ ခုခ်ိန္ထိ NUG နဲ႔ ဆက္သြယ္ ေျပာဆိုတာမ်ဳိး မရွိေသးဘူးလို႔ လည္း သူကဆက္ေျပာပါတယ္။ ဒါေၾကာင့္လည္း ကိုယ္နဲ႔ေတြ႔ဆုံတဲ့အဖြဲ႔က ကိုယ္ေတြ႔ခ်င္တဲ့ တျခားအဖြဲ႔တခုကို အၾကမ္းဖက္အဖြဲ႔အျဖစ္ သတ္မွတ္ထားခ်ိန္မွာ ႏွစ္ဖြဲ႔ စလုံးကို ေတြ႕ႏိုင္ဖို႔ ခက္ခဲေၾကာင္း ဝန္ႀကီး Prak Sokhonn က ေျပာပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံ အထူးကိုယ္စားလွယ္အျဖစ္ တာဝန္ယူထားသူအေနနဲ႔ ျမန္မာႏိုင္ငံကို သြားခြင့္မရတာဟာ အာဆီယံအဖြဲ႔ဝင္ႏိုင္ငံတခ်ိဳ႕က ထိန္းသိမ္းခံထားရတဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆုံခြင့္ရေရးအပါအဝင္ ႀကိဳတင္ကန္႔သတ္ ခ်က္ေတြ ထားရွိခဲ့တဲ့အတြက္ ျဖစ္တယ္လို႔လည္း ဝန္ႀကီး Prak Sokhonn က ေျပာပါတယ္။

အာဆီယံ ကိုယ္စားလွယ္အေနနဲ႔ ျမန္မာ့အေရးကို ကိုင္တြယ္ေဆာင္႐ြက္တဲ့ေနရာမွာ အဲဒီလို ေရွ႕မတိုး ေနာက္မဆုတ္ ျဖစ္ေနတဲ့အတြက္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္က ခ်ဥ္းကပ္ပုံ ေျပာင္းလဲလုပ္ေဆာင္ဖို႔ စဥ္းစားခဲ့ျခင္းျဖစ္ေၾကာင္းလည္း ဝန္ႀကီး Prak Sokhonn က သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

အာဆီယံ အထူးကိုယ်စားလှယ် ရှေ့လအတွင်း မြန်မာနိုင်ငံလာဖို့ကြိုးစားနေ

မြန်မာနိုင်ငံကို ရှေ့လအတွင်း သွားခွင့်ရဖို့နဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ပါ တွေ့ဆုံခွင့်ရဖို့ စစ်ကောင်စီရဲ့သဘောတူညီချက်ရဖို့ စောင့်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ဒီကေန့ ဖနွမ်းပင်မြို့မှာ ပြောကြားလိုက်ပါတယ်။

“စစ်ကောင်စီက NUG နဲ့ တိုက်ရိုက် စကားမပြောဘူးဆိုရင်လည်း အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ သူတို့ နှစ်ဘက်ကြားမှာ ပေါင်းကူးတံတားအဖြစ် ကြားဝင် ဆောင်ရွက်ပေးခွင့်ပြုဖို့လိုပါတယ်။ ဒါပေမယ့် အဲဒီလို ကြားဝင်ဆောင်ရွက်တဲ့အတွက် စစ်ကောင်စီနဲ့ အာဆီယံ အထူးကိုယ်စားလှယ်ကြားမှာ သဘောထားကွဲပြားမှု ရှိမသွားဖို့လည်း လိုအပ်ပါတယ်” လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲအပြီး ဖနွမ်းပင်မြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီး Prak Sokhonn က ပြောခဲ့ပါတယ်။

စစ်ကောင်စီဘက်က NUG ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့အတွက် အာဆီယံအနေနဲ့ ခုချိန်ထိ NUG နဲ့ ဆက်သွယ် ပြောဆိုတာမျိုး မရှိသေးဘူးလို့ လည်း သူကဆက်ပြောပါတယ်။ ဒါကြောင့်လည်း ကိုယ်နဲ့တွေ့ဆုံတဲ့အဖွဲ့က ကိုယ်တွေ့ချင်တဲ့ တခြားအဖွဲ့တခုကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားချိန်မှာ နှစ်ဖွဲ့ စလုံးကို တွေ့နိုင်ဖို့ ခက်ခဲကြောင်း ဝန်ကြီး Prak Sokhonn က ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူထားသူအနေနဲ့ မြန်မာနိုင်ငံကို သွားခွင့်မရတာဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရေးအပါအဝင် ကြိုတင်ကန့်သတ် ချက်တွေ ထားရှိခဲ့တဲ့အတွက် ဖြစ်တယ်လို့လည်း ဝန်ကြီး Prak Sokhonn က ပြောပါတယ်။

အာဆီယံ ကိုယ်စားလှယ်အနေနဲ့ မြန်မာ့အရေးကို ကိုင်တွယ်ဆောင်ရွက်တဲ့နေရာမှာ အဲဒီလို ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတဲ့အတွက် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ချဉ်းကပ်ပုံ ပြောင်းလဲလုပ်ဆောင်ဖို့ စဉ်းစားခဲ့ခြင်းဖြစ်ကြောင်းလည်း ဝန်ကြီး Prak Sokhonn က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

===============

XS
SM
MD
LG