၂၀၁၅ ခုနှစ် မတိုင်ခင် တခုထဲသော လူ့အဖွဲ့အစည်းကြီးဖြစ်အောင်လုပ်ဖို့ ကြိုးစားနေတဲ့ အာဆီယံ အဖွဲ့ကြီးအနေနဲ့ အခက်အခဲတွေကို ရင်ဆိုင်ရလိမ့်မယ်လို့ အာဆီယံဒေသ အကြောင်းကို လေ့လာနေ တဲ့ ပညာရှင်တွေက ပြောလိုက်ပါတယ်၊ အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံအနေနဲ့ တခုတည်းသော လူ့အဖွဲ့အစည်းဖြစ်အောင် ပေါင်းစည်းဖို့ ဘယ်လောက် အဆင်သင့်ဖြစ်နေပြီလဲ ဆိုတာကို Wshington DC မြို့တော်မှာ ပညာရှင်တွေ ဆွေးနွေး ခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုပေါင်းစည်းတဲ့အတွက် အဖွဲ့အတွင်း ဆင်းရဲတဲ့ နိုင်ငံတွေက အကျိုးအမြတ် ရနိုင်တယ်လို့ ဆွေးနွေးခဲ့ကြတဲ့ အကြောင်း အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပါမယ်၊
ဖွဲ့စည်းထားတာနှစ်ပေါင်း ၄၅ နှစ်ကျော်သွားပြီဖြစ်တဲ့ အာဆီယံအသင်းကြီးရဲ့အောင်မြင်မှုတွေ နဲ့ ၂၀၁၅ ခုနှစ် မကုန်ခင် တခုတည်းသော လူ့အဖွဲ့အစည်းကြီး ဖြစ်အောင် ပေါင်းစည်း နိုင်မဲ့ အလားအလာတွေနဲ့ ပါတ်သက်လို့ ပညာရှင်တွေက Washington DC မြို့တော်မှာ ကြာသပတေးနေ့က ဆွေးနွေးခဲ့ကြပါတယ်၊ အမေရိကန်တက္ကသိုလ်ရဲ့ နိုင်ငံတကာဆိုင်ရာဌာနက
အာဆီယံလေ့လာရေးဌာနခွဲရဲ့ ညွှန်ကြားရေးမှုး ပါမောက္ခ Amitav Acharya က အဖွဲ့ဝင် ၁၀ နိုင်ငံ ရှိတဲ့ အာဆီယံအနေနဲ့ ပေါင်းစည်းမှုကို အောင်မြင်အောင် လုပ်နိုင်မှာဖြစ်တယ်လို့ သူ့ရဲ့အမြင်ကို အခုလို ဆွေးနွေးပါတယ်။
"အရှေ့တောင်အာရှဒေသအတွက် အာဆီယံအသင်းကြီးက အင်မတန်ကောင်းခဲ့တာပါ၊
အာဆီယံသာ မရှိရင် အရှေ့တောင်အာရှနဲ့ ပါတ်သက်တဲ့ အတွေးအခေါ်ဆိုတာလဲ ရှိမှာ
မဟုတ်ပါဘူး၊ ဒီတော့ အာဆီယံအသင်းကြီးဟာ ဆက်ပြီး ရှင်သန်နေမှာပါ၊
ပေါင်းစည်းရေးအတွက်ကိုလဲ သူတို့အောင်မြင်အောင် ဆောင်ရွက်နိုင်ပါလိမ့်မယ်၊
အာဆီယံ အလှည့်ကျ ဥက္ကဌဖြစ်ခဲ့တဲ့ အင်ဒိုနီးရှားရဲ့ သံတမန်ရေး အရဆောင်ရွက်မှုတွေ၊ လက်ရှိဥက္ကဌ Cambodia နိုင်ငံမှာလုပ်နေတဲ့ အစည်းဝေးပွဲတွေကိုကြည့်ခြင်းဖြင့် အာဆီယံအနေ နဲ့ ပေါင်းစည်းရေးအတွက် ဆက်ပြီး စည်းစည်းလုံးလုံးနဲ့ လုပ်နိုင်မယ် လို့ ပြောလို့ရပါတယ်။"
Seton Hall တက္ကသိုလ် သံတမန်ရေးရာနဲ့ နိုင်ငံတကာဆက်ဆံရေးဌာနက ပါမောက္ခ
Catharin Dalpino ကတော့ အဖွဲ့ဝင်တွေအနေနဲ့ အခက်အခဲတွေကြောင့် ကြုံရနိုင်တယ် လို့ သုံးသပ်ပါတယ်။
"အရေးကြီးတဲ့ မူဝါဒတွေအပေါ်မှာ မူတည်ပါတယ်၊ ဘယ်လောက် ရေရှည်ခံသလဲဆိုတာက
ပေါင်းစည်းမှုကို ဘယ်လောက် လက်ခံတုံ့ပြန်နိုင်သလဲ ဆိုတဲ့အပေါ်မူတည်ပါလိမ့်မယ်၊ ဒါကြောင့်
စောင့်ကြည့်ရဦးမှာပါ၊ ၂၀၁၅ ကိုမရောက်ခင်မှာ အာဆီယံအနေနဲ့ အရေးပါတဲ့ မှတ်တိုင်သစ်တွေကို ဖြတ်သန်းဖို့ အခြေအနေတွေ ရှိပါသေးတယ်၊ လူအဖွဲ့အစည်းကြီး တခုထဲဖြစ်အောင် ပေါင်းစည်းတယ်ဆိုတာ မလွယ်ကူတဲ့အတွက် အခက်အခဲတွေနဲ့တော့ ရင်ဆိုင်ရပါလိမ့်မယ်။"
စီးပွားရေးအရ မတူညီတဲ့နိုင်ငံတွေကြားမှာ အကျိုးအမြတ်ရတာချင်းလဲတူညီမှာ မဟုတ်ဘူး ဆိုတာကိုလဲ သူက ထောက်ပြပါတယ်။
"စီးပွားရေးအရတခုထဲမဟုတ်ပါဘူး၊ ယဉ်ကျေးမှုအရ၊ လူမှုရေးအရ၊ အကျိုးအမြတ်တွေလဲ
ရှိပါတယ်၊ အကျိုးအမြတ်ရရှိတဲ့အပေါ်မှာတော့ ခဏလေးနဲ့ သဘောတူမှုရကြမယ်လို့
မထင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ အာဆီယံနိုင်ငံတွေကြားမှာ ကွာဟမှုတွေက
အများကြီးပါ၊ စီးပွားရေးအရပြောမယ်ဆိုရင် Singapore က အစွန်းတဖက်မှာရောက်နေပြီး Laos, Cambodia နဲ့ မြန်မာနိုင်ငံတွေက နောက်အစွန်းတဖက်မှာ ရှိနေတာပါ။"
အာဆီယံနိုင်ငံတွေကြား တသားထဲ ပေါင်းစည်းမှုမှာ အကျိုးအမြတ်ကို ဆင်းရဲတဲ့ နိုင်ငံတွေက ချမ်းသာတဲ့ နိုင်ငံတွေထက် ပိုပြီး ခံစားကြရလိမ့်မယ်လို့ ဒီဆွေးနွေးပွဲမှာ ပညာရှင်တွေက သုံးသပ်ကြပါတယ်၊ ဒါပေမဲ့ ဒီလို အကျိုးအမြတ် ကို ခံစားကြရဖို့ အချိန်ပေးရမှာဖြစ်တယ်လို့
ပြောကြပါတယ်။