သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ASEAN ထိပ်သီးပွဲ ကျင်းပနိုင်မယ့်ရက် ညှိနှိုင်းနေ (အိမ်ဖြူတော်)

US President Joe Biden participates virtually with the ASEAN summit from an auditorium at the White House Oct. 26, 2021.
US President Joe Biden participates virtually with the ASEAN summit from an auditorium at the White House Oct. 26, 2021.

[[Zawgyi/Unicode]]

အမေရိကန် ASEAN ထိပ်သီးပွဲ ကျင်းပဖို့ရက်ရွှေ့ဆိုင်းခဲ့အပြီး နှစ်ဘက်အဆင်ပြေမယ့်ရက်ကို ညှိနေပြီလို့ အိမ်ဖြူတော်က ဆိုပါတယ်။

ဝါရှင်တန်ဒီစီမြို့တော်မှာကျင်းပမယ့် ဒီ ထိပ်သီးပွဲကို အရင် ဒီလကုန်လုပ်ဖို့ အမေရိကန်ဘက်က ကြေညာခဲ့အပြီး လက်ရှိအာဆီယံ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဒီရက်ထဲ အာဆီယံခေါင်းဆောင်တွေ မစုံနိုင်တာမို့ ရွှေ့ဆိုင်းခဲ့တာပါ။

သမ္မတ Joe Biden ကိုယ်တိုင် လက်ခံကျင်းပပေးမဲ့ ဒီ အာဆီယံနဲ့ ထိပ်သီးပွဲကို မတ်လ ၂၈ နဲ့ ၂၉ မှာ ကျင်းပမယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်ဘက်က ပြီးခဲ့တဲ့လတုန်းကပဲ ကြေညာခဲ့ပြီးမှ အခုလို ပြန်ညှိနှိုင်းနေရကြောင်း မနေ့က ထပ်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အိမ်ဖြူတော်ရဲ့ အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရက အာဆီယံဘက်က ဖိတ်ကြားခံထားရတဲ့ ခေါင်းဆောင်တွေအားလုံး ပါဝင်တက်ရောက်နိုင်မဲ့ ရက် သေချာစေဖို့ အာဆီယံမိတ်ဖက်တွေနဲ့ အနီးကပ်ညှိနှိုင်းနေပါပြီလို့ ရိုက်တာစ် သတင်းဌာနကို ပြောပါတယ်။

ဒိမတိုင်ခင် ပြီးခဲ့တဲ့သောကြာနေ့ကလည်း အာဆီယံနဲ့ အမေရိကန်အကြား ဒီထိပ်သီးပွဲရက်အတွက် ကြားက ညှိပးနေတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးရုံးကလည်း အခုလို ပြန်ညှိဖို့ရှိတယ်လို့ ပြောထားခဲ့ပါသေးတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတော့ အာဆီယံက အဆင့်မြင့်ပွဲတွေပေးမတက်ဖို့ ဘုံဆုံးဖြတ်ခဲ့တဲ့အတိုင်း အခုလည်းပေးမတက်မယ့် ဒီ ထိပ်သီးပွဲဟာ တရုတ်အင်အားကြီးလာမှုကို ပြန်ထိန်းညှိဖို့ အမေရိကန်ဦးစားပေးတခုအဖြစ် မြင်ထားကြပါတယ်။

စစ်အာဏာသိမ်းအပြီး မြန်မာ့အရေး အာဆီယံခေါင်းဆောင်တွေအကြား သဘောထားကွဲပြားမှု တိုးလာခဲ့အပြီး ကမ္ဘောဒီယား ဥက္ကဋ္ဌဖြစ်လာချိန် ပထမဆုံး အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကိုလည်း အရင် ရွှေ့ဆိုင်းခဲ့ရဖူးတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်ခင်ဗျာ။

#ASEAN #WhatsHappeningInMyanmar #VOA #MilitaryCoup #အာဆီယံ #အမေရိကန် #စစ်ေကောင်စီ #မင်းအောင်လှိုင် #ဗွီအိုအေ

================

[[Unicode]]









================

​
XS
SM
MD
LG