ရန်ကုန်မြို့ စိန်ရတုခန်းမမှာ သုံးရက်ကြာ ပြုလုပ်ခဲ့တဲ့ အာဆီယံ လူငယ်များ တွေ့ဆုံပွဲရလဒ်အဖြစ် ရန်ကုန်လူငယ် ကြေညာချက် စာတမ်းတရပ် ထုတ်ပြန်လိုက်ပြီး၊ လူငယ်တွေရဲ့ လိုအပ်ချက်တွေ လူငယ်တွေရဲ့ စိတ်ကူးစိတ်သန်းတွေကို နိုင်ငံအဆင့် ဒေသအဆင့်လိုက် လက်တွေ့ အကောင်အထည်ဖော်ပေးနိုင်ဖို့ အာဆီယံ ခေါင်းဆောင်တွေကို တိုက်တွန်းထားပါတယ်။
အထူးသဖြင့်တော့ အာဆီယံဒေသတွင်း ငြိမ်းချမ်းရေး ဒီမိုကရေစီရေးနဲ့ အရည်အသွေးပြည့် ပညာရေးစနစ်တွေ လူငယ်တွေ ဖန်တီးဆောင်ရွက်ပေးဖို့ တိုက်တွန်းထားတာပါ။ ဒီအကြောင်းကိုတော့ ရန်ကုန်ရုံးခွဲကနေ ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။
မြန်မာအပါအဝင် အာဆီယံနိုင်ငံ ၁၀ နိုင်ငံက လူငယ်ကိုယ်စားလှယ်တွေအနေနဲ့ ဒေသတွင်းက လူငယ်တွေအပေါ် သက်ရောက်မှုရှိလာတဲ့ ပြဿနာရပ်တွေကို ဒီ ဆွေးနွေးပွဲအတွင်း ဆွေးနွေးခဲ့ကြပြီး၊ ဒီအပေါ်မှာ အကြံပြုချက်တွေ ပြုစုခဲ့တာပါ။ ဒီအကြံပြုချက်တွေကို မြန်မာနိုင်ငံမှာ မေလထဲလုပ်မယ့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကို တင်ပြသွားမှာဖြစ်ပြီး၊ အဲဒီမှာလည်း အာဆီယံ ခေါင်းဆောင်တွေအနေနဲ့ အာဆီယံ လူငယ်ဖိုရမ်က ကိုယ်စားလှယ်တွေကို လက်ခံတွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။
အာဆီယံ ခေါင်းဆောင်တွေအနေနဲ့ ဒီလို အရပ်ဖက် လူငယ်အဖွဲ့အစည်း ကိုယ်စားလှယ်တွေကို လက်ခံ တွေ့ဆုံမယ့်ကိစ္စဟာ အာဆီယံသမိုင်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါလိမ့်မယ်။ အခု အာဆီယံ ဖိုရမ်ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက်လည်း အာဆီယံ အလှည့်ကျဥက္ကဌဖြစ်တဲ့ မြန်မာနိုင်ငံ အစိုးရဘက်က အတော်လေး အကူအညီပေးခဲ့သလို၊ ကန့်သတ်ချုပ်ခြယ်မှုတွေလည်း မရှိခဲ့ဘူးလို့ တက်ရောက်လာသူတွေက ပြောပါတယ်။
ဒီလို အခြေအနေကြောင့်လည်း အခု မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပနိုင်တဲ့ အာဆီယံ လူငယ်တွေ့ဆုံပွဲဟာ ၂၀၀၉ ခုနှစ် နှစ်စဉ် စပြီး လုပ်လာကတည်းကဆိုရင် တက်ရောက်သူ အများဆုံးနဲ့ အအောင်မြင်ဆုံး ဖြစ်ခဲ့တယ်လို့ တက်ရောက်လာတဲ့ လူငယ်ကိုယ်စားလှယ် အသီးသီးက ပြောခဲ့ကြပါတယ်။ ဒါကြောင့်လည်း အာဆီယံ ဒေသတွင်း လူငယ်တွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေဟာ အရင်ကထက် ပိုပြီး အရှိန်ကောင်းလာဖို့ မျှော်လင့်တယ်လို့ ၂၀၀၄ အာဆီယံ လူငယ် တွေ့ဆုံပွဲ ဖြစ်မြောက်ရေး စီစဉ်သူတဦးဖြစ်တဲ့ မြန်မာလူငယ် ကိုယ်စားလှယ် ကိုသက်ဆွေဝင်းက ဗွီအိုအေကို ပြောပါတယ်။
“ကျနော်တို့တတွေ ထူးခြားချက်အနေနဲ့ ဒီ ၂၀၁၄ မေလ ဒုတိယအပတ်ထဲမှာလုပ်မယ့် summit မှာ ကျနော်တို့ အာဆီယံက ခေါင်းဆောင်တွေနဲ့ တွေ့ဖို့အတွက် ကျနော်တို့ အခွင့်အရေးတခု ရထားတယ်။ ဒါဟာ ASEAN Youth Forum သမိုင်းတလျှောက်မှာ Youth Forum က ကိုယ်စားလှယ်တွေကို တွေ့ခွင့်ရဖို့အတွက်ကို ဒါ ပထမဦးဆုံးအကြိမ် လျာထားတာဖြစ်ပါတယ်။ အဲ့ဒီအခါကျတော့ ကျနော်တို့တွေ ဘယ်လိုမျိုးနည်းလမ်းနဲ့ လူကြီးတွေက ကျနော်တို့ရဲ့ စကားသံတွေကို နားထောင်ကြမလဲ။ ကျနော်တို့တွေ သူတို့ကို ဘယ်လိုမျိုး lobby လုပ်ကြမလဲဆိုတာတွေကို ဆွေးနွေးထားကြပါတယ်။ အဲတော့ နောက်ပိုင်းမှာ ကျနော်တို့ ASEAN Region တခုလုံးနဲ့ လူငယ်လှုပ်ရှားမှုတွေကို ကျနော်တို့ အရင်ကထက်ပိုပြီးတော့ အရှိန်အဟုန်မြှင့်ပြီးတော့ လုပ်သွားဖို့ ကျနော်တို့ စီစဉ်ထားတာရှိပါတယ်။”
မေး။ ။ အခု ၂၀၁၅ မှာ အာဆီယံလူမှုအသိုင်းအဝိုင်း ASEAN Community ဆိုပြီးတော့ စိတ်ကူးထားကြတာပေါ့။ အာဆီယံခေါင်းဆောင်တွေ လုပ်ထားတာရှိတယ်။ လက်တွေ့မှာ အခုလို အခင်းအကျင်းနဲ့ အာဆီယံအနေနဲ့ နိုင်ငံခြား ဆက်ဆံမှု ပုံစံမျိုးနဲ့ လက်တွေ့မှာ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိသလဲ။
ဖြေ။ ။ “သူတို့တွေ ဒီ စီးပွားရေး integrative သာဖြစ်သွားရင် ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျနော် ဒီလူမှုရေးတွေ၊ နောက်ပြီးသွားလို့ရှိရင် ဒီနိုင်ငံရေးတွေကတော့ ကျနော်တို့ အရမ်း diverse ဖြစ်လွန်းတဲ့အခါကျတော့ အရမ်း မလွယ်လှဘူး။ ဒီ စီးပွားရေး integration ဖြစ်သွားပြီဆိုလို့ရှိရင် economic integration ဖြစ်သွားပြီဆိုရင် ပြဿနာက ဘာလဲဆိုတော့ ကျနော်တို့ မြန်မာလိုမျိုး၊ ကမ္ဘောဒီးယားလိုမျိုး၊ မြန်မာလိုမျိုး ဒီဖွံ့ဖြိုးဆဲနိုင်ငံတွေ ငွေမရှိတဲ့နိုင်ငံတွေကို သူများနိုင်ငံတွေက ဒီချမ်းသာပြီးသားနိုင်ငံတွေဖြစ်တဲ့ ထိုင်းတို့၊ မလေးရှားတို့၊ စင်္ကာပူက လူ့စွမ်းအားတွေ၊ အရင်းအမြစ်လိုမျိုး ဟာတွေက ဒီနိုင်ငံတွေထဲ ဝင်ချလာပြီးတော့ investment တွေ လာလုပ်ကြလိမ့်မယ်။ ပြီးသွားလို့ရှိရင် ကျနော်တို့တွေ ပြင်ဆင်ထားမှု မရှိဘူးဆိုရင် သူတို့ကို ပြန်ပြီးတော့ resist လုပ်ဖို့အတွက်ကို ခက်လာလိမ့်မယ်။ အဲ့ဒါတွေက ကျနော်တို့အတွက် တကယ့် challenges တွေပါ။ အဲတော့ ကျနော်တို့ လူငယ်တွေအနေနဲ့လည်း ဒီတခေါက် လုပ်ထားတဲ့ ဖိုရမ်ထဲမှာ ဒါကို သေချာ ဆွေးနွေးခဲ့ကြပါတယ်။ လူကြီးတွေကိုလည်း ကျနော်တို့ တိုက်တွန်းပြောဆိုသွားဖို့ ရှိပါတယ်။”
“အဓိကတိုက်တွန်းချင်တာကတော့ ဒီ အာဆီယံ region ကြီး တခုလုံးအတွက်ကို နောက်အနာဂတ်မှာ ကျနော်တို့ ဘယ်လို ပုံစံမျိုးနဲ့ ပုံဖော်ချင်တာလဲ။ ကျနော်တို့တွေ ဒီ သဘာဝပတ်ဝန်းကျင်ကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းပြီးတော့ လူ့စွမ်းအား အရင်းအမြစ်တွေကိုပဲ ထုတ်သွားစေချင်ပါတယ်။ ကျနော့်အနေနဲ့ကတော့။”
အာဆီယံဒေသတွင်းနိုင်ငံတွေအကြားမှာ အချို့အာဏာရှင်နိုင်ငံတွေရှိသေးတာမို့ လူငယ်တွေအကြား တွေ့ဆုံရာမှာ အကန့်အသတ်အချို့ရှိပေမယ့်၊ နိုင်ငံတွင်းကိစ္စတွေကို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံဟာ တချိန်တုန်းက အာဏာရှင်နိုင်ငံ ဖြစ်ခဲ့တာကြောင့် မြန်မာလူငယ်တွေအတွက် အခုလို ဒေသတွင်း လူငယ်ဖိုရမ်တွေ တက်ရောက်မယ်ဆိုရင် အတော်လေး အကန့်အသတ် ကြုံခဲ့ရတာပါ။ ဒါပေမဲ့ အခုလို ဒီလို လူငယ်ဖိုရမ်ကို ဦးဆောင်ပြီး လက်ခံ စီစဉ်ဆောင်ရွက်နိုင်တဲ့အပေါ် မြန်မာလူငယ်တွေအတွက် ဂုဏ်ယူစရာဖြစ်တယ်လို့ ဒေသတွင်း အခြားနိုင်ငံက လူငယ်ကိုယ်စားလှယ်တွေက ပြောခဲ့ပါတယ်။
ဖွင့်ပွဲအခမ်းအနားကိုလည်း အထင်ကရ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပပြုလုပ်ခွင့် ပေးခဲ့တာပါ။ မြန်မာကျောင်းသား လူငယ်တွေရဲ့ သမိုင်းမှတ်တိုင်လို ဖြစ်နေတဲ့ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမထိပ်က သမဂ္ဂ အဆောက်အဦး နေရာဟောင်းကိုလည်း အဲဒီဖွင့်ပွဲနေ့မှာပဲ မြန်မာအပါအဝင် အာဆီယံလူငယ်တွေ စုပြီး သွားရောက် အလေးပြုတာတွေပါ လုပ်ခဲ့ကြတာပါ။
ဖွင့်ပွဲအခမ်းအနားကိုလည်း မြန်မာသမ္မတ ဦးသိန်းစိန်က သဝဏ်လွှာပေးပို့ခဲ့သလို၊ ပြည်ထောင်စုဝန်ကြီးအချို့ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်းတွေ အရပ်ဖက် လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေပါ တက်ရောက်ခဲ့ကြပါတယ်။ အာဆီယံလူငယ် တွေ့ဆုံပွဲကိုတော့ မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ်အသီးသီးက ကိုယ်စားလှယ်တွေ အပါအဝင် အာဆီယံ ၁၀ နိုင်ငံက လူငယ်ကိုယ်စားလှယ် ၂၀၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။