[[Zawgyi/Unicode]]
စစ္ေကာင္စီရဲ႕အျမင္ကို လ်စ္လ်ဴျပဳၿပီး မေလးရွားရဲ႕အဆိုျပဳခ်က္အတိုင္း အမ်ိဳးသား ညီၫြတ္ေရး အစိုးရ (အင္န္ယူဂ်ီ) နဲ႔ ဆက္ဆံလုပ္ကိုင္သင့္တယ္လို႔ အာဆီယံ ပါလီမန္အမတ္မ်ား လူ႔အခြင့္အေရး ဆိုင္ရာ ဥကၠဌ Charles Santiago က ေျပာလိုက္ပါတယ္။
လာမယ့္ အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးမွာ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah က အင္န္ယူဂ်ီနဲ႔ ဆက္ဆံလုပ္ကိုင္ဖို႔ အဆိုတင္သြင္းမယ္လို႔ ေျပာခဲ့အၿပီး စစ္ေကာင္စီ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အဲဒီ ေျပာဆိုခ်က္ဟာ တာဝန္မဲ့၊ အဆင္ျခင္မဲ့ ေျပာဆိုခ်က္ျဖစ္တယ္လို႔ ေၾကညာခ်က္ ထုတ္ခဲ့ပါတယ္။
“ဒီမိုကေရစီနည္းလမ္းနဲ႔ ေ႐ြးေကာက္တင္ေျမႇာက္ထားတဲ့ အစိုးရဆီက အာဏာသိမ္းခဲ့တဲ့ စစ္ေကာင္စီ ဟာ ျမန္မာတႏိုင္ငံလုံးကို ပရမ္းပတာျဖစ္ေစၿပီး သူ အာဏာတည္ၿမဲဖို႔ အားလုံးေသာ ရက္စက္ၾကမ္းၾကဳတ္မႈ မ်ိဳးေပါင္းစုံကို က်ဴးလြန္ေနပါတယ္။ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးကို အဲဒီလို စြပ္စြဲရေအာင္ ဒီလို စစ္ေကာင္စီမွာ ကိုယ္က်င့္သိကၡာပိုင္းအရ ဘာ ၾသဇာမွမရွိပါဘူး” လို႔ မစၥတာ Charles Santiago က ေျပာပါတယ္။ ႏိုင္ငံတကာက တိုးလို႔ အၾကဥ္ခံေနရတာေၾကာင့္ ေသြးပ်က္ေနတာကို စစ္ေကာင္စီရဲ႕ တုံ႔ျပန္ခ်က္က ျပေနတာျဖစ္တယ္လို႔ အာဆီယံ ပါလီမန္အမတ္မ်ား လူ႔အခြင့္အေရးဆိုင္ရာ ဥကၠ႒က မွတ္ခ်က္ ျပဳပါတယ္။
=============
[[Zawgyi/Unicode]]
NUG နဲ့ဆက်ဆံလုပ်ကိုင်ဖို့အဆို အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးဥက္ကဋ္ဌ ထောက်ခံ
စစ်ကောင်စီရဲ့အမြင်ကို လျစ်လျူပြုပြီး မလေးရှားရဲ့အဆိုပြုချက်အတိုင်း အမျိုးသား ညီညွတ်ရေး အစိုးရ (အင်န်ယူဂျီ) နဲ့ ဆက်ဆံလုပ်ကိုင်သင့်တယ်လို့ အာဆီယံ ပါလီမန်အမတ်များ လူ့အခွင့်အရေး ဆိုင်ရာ ဥက္ကဌ Charles Santiago က ပြောလိုက်ပါတယ်။
လာမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က အင်န်ယူဂျီနဲ့ ဆက်ဆံလုပ်ကိုင်ဖို့ အဆိုတင်သွင်းမယ်လို့ ပြောခဲ့အပြီး စစ်ကောင်စီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီ ပြောဆိုချက်ဟာ တာဝန်မဲ့၊ အဆင်ခြင်မဲ့ ပြောဆိုချက်ဖြစ်တယ်လို့ ကြေညာချက် ထုတ်ခဲ့ပါတယ်။
“ဒီမိုကရေစီနည်းလမ်းနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဆီက အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီ ဟာ မြန်မာတနိုင်ငံလုံးကို ပရမ်းပတာဖြစ်စေပြီး သူ အာဏာတည်မြဲဖို့ အားလုံးသော ရက်စက်ကြမ်းကြုတ်မှု မျိုးပေါင်းစုံကို ကျူးလွန်နေပါတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို အဲဒီလို စွပ်စွဲရအောင် ဒီလို စစ်ကောင်စီမှာ ကိုယ်ကျင့်သိက္ခာပိုင်းအရ ဘာ သြဇာမှမရှိပါဘူး” လို့ မစ္စတာ Charles Santiago က ပြောပါတယ်။ နိုင်ငံတကာက တိုးလို့ အကြဉ်ခံနေရတာကြောင့် သွေးပျက်နေတာကို စစ်ကောင်စီရဲ့ တုံ့ပြန်ချက်က ပြနေတာဖြစ်တယ်လို့ အာဆီယံ ပါလီမန်အမတ်များ လူ့အခွင့်အရေးဆိုင်ရာ ဥက္ကဋ္ဌက မှတ်ချက် ပြုပါတယ်။
=============