သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG နဲ့ဆက်ဆံလုပ်ကိုင်ဖို့အဆို အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးဥက္ကဋ္ဌ ထောက်ခံ


အာဆီယံ ပါလီမန်အမတ်များ လူ့အခွင့်အရေး ဆိုင်ရာ ဥက္ကဋ္ဌ Charles Santiago (Courtesy of Charles Santiago's Facebook)

[[Zawgyi/Unicode]]

စစ်ကောင်စီရဲ့အမြင်ကို လျစ်လျူပြုပြီး မလေးရှားရဲ့အဆိုပြုချက်အတိုင်း အမျိုးသား ညီညွတ်ရေး အစိုးရ (အင်န်ယူဂျီ) နဲ့ ဆက်ဆံလုပ်ကိုင်သင့်တယ်လို့ အာဆီယံ ပါလီမန်အမတ်များ လူ့အခွင့်အရေး ဆိုင်ရာ ဥက္ကဌ Charles Santiago က ပြောလိုက်ပါတယ်။

လာမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က အင်န်ယူဂျီနဲ့ ဆက်ဆံလုပ်ကိုင်ဖို့ အဆိုတင်သွင်းမယ်လို့ ပြောခဲ့အပြီး စစ်ကောင်စီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီ ပြောဆိုချက်ဟာ တာဝန်မဲ့၊ အဆင်ခြင်မဲ့ ပြောဆိုချက်ဖြစ်တယ်လို့ ကြေညာချက် ထုတ်ခဲ့ပါတယ်။

“ဒီမိုကရေစီနည်းလမ်းနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဆီက အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီ ဟာ မြန်မာတနိုင်ငံလုံးကို ပရမ်းပတာဖြစ်စေပြီး သူ အာဏာတည်မြဲဖို့ အားလုံးသော ရက်စက်ကြမ်းကြုတ်မှု မျိုးပေါင်းစုံကို ကျူးလွန်နေပါတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို အဲဒီလို စွပ်စွဲရ‌အောင် ဒီလို စစ်ကောင်စီမှာ ကိုယ်ကျင့်သိက္ခာပိုင်းအရ ဘာ သြဇာမှမရှိပါဘူး” လို့ မစ္စတာ Charles Santiago က ပြောပါတယ်။ နိုင်ငံတကာက တိုးလို့ အကြဉ်ခံနေရတာကြောင့် သွေးပျက်နေတာကို စစ်ကောင်စီရဲ့ တုံ့ပြန်ချက်က ပြနေတာဖြစ်တယ်လို့ အာဆီယံ ပါလီမန်အမတ်များ လူ့အခွင့်အရေးဆိုင်ရာ ဥက္ကဋ္ဌက မှတ်ချက် ပြုပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Zawgyi/Unicode]]

NUG နဲ့ဆကျဆံလုပျကိုငျဖို့အဆို အာဆီယံပါလီမနျအမတျမြား လူ့အခှင့ျအရေးဥက်ကဋ်ဌ ထောကျခံ



=============

XS
SM
MD
LG