သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံၿငိမ္းခ်မ္းေရး အားလုံးရဲ႕ အသံ အာဆီယံဂ႐ုတစိုက္ နားေထာင္ဖို႔လို (ကုလအထူးကိုယ္စားလွယ္)


ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer


[[Zawgyi/Unicode]]


ျမန္မာႏိုင္ငံမွာ ေရရွည္တည္တံ့တဲ့ ၿငိမ္းခ်မ္းေရးနဲ႔ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးရဖို႔ဆိုရင္ သက္ဆိုင္ရာ အားလုံးရဲ႕အသံေတြကို အာဆီယံအေနနဲ႔ ဂ႐ုတစိုက္ နားေထာင္ဖို႔လိုတဲ့အေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer က ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံ အထူးကိုယ္စားလွယ္၊ ကေမာၻဒီးယားႏိုင္ငံျခားေရး ၀န္ႀကီး Prak Sokhonn နဲ႔ ေတြ႔ဆုံစဥ္မွာ ေျပာဆိုပါတယ္။

ျမန္မာျပည္သူေတြကို အကာအကြယ္ေပးေရးအတြက္ ရည္ရြယ္တဲ့လုပ္ေဆာင္မႈတိုင္းဟာ တိက်တဲ့ရလဒ္ကို အေျခခံရမယ္လို႔ ေဆြးေႏြးခဲ့တဲ့ေၾကာင္း ဒီေန႔ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

ျမန္မာႏိုင္ငံမွာ သေဘာထားမတူတဲ့ ႏိုင္ငံေရးအုပ္စုေတြၾကား ေစ့စပ္ညွိႏိႈင္း ေဆြးေႏြးမႈေတြ ျဖစ္လာဖို႔ လက္ရွိ အဓိကစိန္ေခၚမႈ ျဖစ္ေနတယ္ဆိုၿပီး အာဆီယံ အထူးကိုယ္စားလွယ္ Prak Sokhonn က ေျပာဆိုတာကိုလည္း ကေမာၻဒီးယား ႏိုင္ငံျခာေးရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။ သက္ဆိုင္ရာအဖြဲ႔အစည္းေတြက ေစ့စပ္ၫွိႏိႈင္းဖို႔ထက္ လက္နက္ကိုင္ ဆက္ တိုက္သြားဖို႔ ပိုၿပီး အားသန္ေနၾကတယ္ ဆိုၿပီးေတာ့လည္း ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီးလည္းျဖစ္တဲ့ Prak Sokhonn က Noeleen Heyzer နဲ႔ ေတြ႔ဆံုခ်ိန္ ေျပာဆိုခဲ့တာပါ။

ႏွစ္ဘက္ကြဲလြဲမႈေတြက ႏိုင္ငံတြင္း လူမႈအသိုင္းအဝိုင္းက လူေတြရဲ႕စိတ္ထဲမွာ နက္နက္႐ိႈင္းရိႈင္း ရွိေနတာေၾကာင့္ အလြယ္တကူ ေျဖရွင္းႏိုင္မယ့္အေျဖ မရွိေသးဘူးလို႔လည္း ဝန္ႀကီး Sokhonn က ေျပာပါတယ္။ ျမန္မာႏိုင္ငံကို လူသားခ်င္း စာနာမႈ အကူအညီေတြ ေပးႏိုင္ေအာင္ သက္ဆိုင္သူေတြ ပါဝင္တဲ့ ညႇိႏႈိင္းေဆြးေႏြးပြဲ ေမလထဲမွာ က်င္းပႏိုင္ေရး ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္နဲ႔ စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္တို႔ အြန္လိုင္း ဗြီဒီယိုကတဆင့္ ေတြ႔ဆုံေဆြးေႏြးေရးနဲ႔ အာဆီယံကိုယ္စားလွယ္ ျမန္မာႏိုင္ငံကို ဒုတိယအႀကိမ္ သြားေရာက္ေရး စတဲ့ ေရွ႕ဆက္ေဆာင္ရြက္မယ့္ လုပ္ငန္းစဥ္ ၃ ရပ္ကိုလည္း ကေမာၻဒီးယား ႏိုင္ငံျခားေရးဌာနက ထုတ္ျပန္ထားပါတယ္။

ကုလသမဂၢနဲ႔ အာဆီယံအထူးကိုယ္စားလွယ္ ႏွစ္ဦး ေတြ႔ဆံုမႈအတြင္း ကုလသမဂၢ အထူးကိုယ္စားလွယ္ ျမန္မာႏိုင္ငံကို သြားေရာက္ႏိုင္ေရး အာဆီယံဘက္က ညွိႏိႈင္းေပးဖို႔ ေတာင္းဆိုတာတာမ်ိဳးေတာ့ မရွိတဲ့အေၾကာင္း ကေမာၻဒီးယား ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရက ဗြီအိုေအကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Zawgyi/Unicode]]


မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးရဖို့ဆိုရင် သက်ဆိုင်ရာ အားလုံးရဲ့အသံတွေကို အာဆီယံအနေနဲ့ ဂရုတစိုက် နားထောင်ဖို့လိုတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီး Prak Sokhonn နဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုပါတယ်။

မြန်မာပြည်သူတွေကို အကာအကွယ်ပေးရေးအတွက် ရည်ရွယ်တဲ့လုပ်ဆောင်မှုတိုင်းဟာ တိကျတဲ့ရလဒ်ကို အခြေခံရမယ်လို့ ဆွေးနွေးခဲ့တဲ့ကြောင်း ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ သဘောထားမတူတဲ့ နိုင်ငံရေးအုပ်စုတွေကြား စေ့စပ်ညှိနှိုင်း ဆွေးနွေးမှုတွေ ဖြစ်လာဖို့ လက်ရှိ အဓိကစိန်ခေါ်မှု ဖြစ်နေတယ်ဆိုပြီး အာဆီယံ အထူးကိုယ်စားလှယ် Prak Sokhonn က ပြောဆိုတာကိုလည်း ကမ္ဘောဒီးယား နိုင်ငံခြာေးရးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေက စေ့စပ်ညှိနှိုင်းဖို့ထက် လက်နက်ကိုင် ဆက် တိုက်သွားဖို့ ပိုပြီး အားသန်နေကြတယ် ဆိုပြီးတော့လည်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Prak Sokhonn က Noeleen Heyzer နဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တာပါ။

နှစ်ဘက်ကွဲလွဲမှုတွေက နိုင်ငံတွင်း လူမှုအသိုင်းအဝိုင်းက လူတွေရဲ့စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ရှိနေတာကြောင့် အလွယ်တကူ ဖြေရှင်းနိုင်မယ့်အဖြေ မရှိသေးဘူးလို့လည်း ဝန်ကြီး Sokhonn က ပြောပါတယ်။ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု အကူအညီတွေ ပေးနိုင်အောင် သက်ဆိုင်သူတွေ ပါဝင်တဲ့ ညှိနှိုင်းဆွေးနွေးပွဲ မေလထဲမှာ ကျင်းပနိုင်ရေး ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အွန်လိုင်း ဗွီဒီယိုကတဆင့် တွေ့ဆုံဆွေးနွေးရေးနဲ့ အာဆီယံကိုယ်စားလှယ် မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်ရေး စတဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ် ၃ ရပ်ကိုလည်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂနဲ့ အာဆီယံအထူးကိုယ်စားလှယ် နှစ်ဦး တွေ့ဆုံမှုအတွင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားရောက်နိုင်ရေး အာဆီယံဘက်က ညှိနှိုင်းပေးဖို့ တောင်းဆိုတာတာမျိုးတော့ မရှိတဲ့အကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဌာန ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။============

XS
SM
MD
LG