သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္ဝမ္အေရး ထိန္းထိန္းသိမ္းသိမ္းလုပ္ၾကဖို႔ အာဆီယံတိုက္တြန္း


ထိုင္ဝမ္ကေန တ႐ုတ္ျပည္မႀကီးနဲ႔အနီးဆံုးရွိတဲ့ ဖူဂ်ီယန္ျပည္နယ္၊ Pingtan ကၽြန္း မွာ တ႐ုတ္ႏုိင္ငံက စစ္ေရးေလ့က်င့္မႈလုပ္ေနစဥ္။ (ၾသဂုတ္ ၄၊ ၂၀၂၂)

[[Zawgyi/Unicode]]

ထိုင္ဝမ္ကၽြန္းအနီးမွာ တ႐ုတ္ႏိုင္ငံက ေျပာင္ေျပာင္တင္းတင္း စစ္ေရးေလ့က်င့္ေနတဲ့အတြက္ တ႐ုတ္နဲ႔ ထိုင္ဝမ္ၾကားက ပဋိပကၡ ပိုဆိုးမသြားေအာင္ ထိန္းထိန္းသိမ္းသိမ္း လုပ္ေဆာင္ၾကဖို႔ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႔ အာဆီယံက ဒီကေန႔ တိုက္တြန္းလိုက္ပါတယ္။

အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi ထိုင္ဝမ္ကၽြန္းကို သြားေရာက္တဲ့ကိစၥနဲ႔ပတ္သက္လို႔ တ႐ုတ္တို႔က အႀကီးအက်ယ္ ေဒါသထြက္ၿပီး ထိုင္ဝမ္ကၽြန္းအနီးမွာ အႀကီးမားဆုံး စစ္ေရးေလ့က်င့္မႈကို တ႐ုတ္ႏိုင္ငံက ျပဳလုပ္ေနတာပါ။

ရန္လိုတဲ့အျပဳအမူေတြမလုပ္ၾကဖို႔ ကေမၻာဒီးယားႏိုင္ငံ၊ ဖႏြမ္းပင္ၿမိဳ႕မွာ စည္းေဝးပြဲျပဳလုပ္ေနတဲ့ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြက အဲဒီလို တိုက္တြန္းလိုက္ၾကတာပါ။

အေျခအေနေတြဟာ မွားယြင္းတြက္ခ်က္မိတာ၊ ႀကီးမားတဲ့ ထိပ္တိုက္ရင္ဆိုင္မယ့္ ပဋိပကၡအျဖစ္ ေျပာင္းလဲသြားတာ၊ အင္အားႀကီးႏိုင္ငံေတြၾကား ႀကိဳတင္ ခန္႔မွန္းလို႔ မရႏိုင္တဲ့အေျခအေနမ်ဳိး ျဖစ္သြားႏိုင္တယ္လို႔ အာဆီယံအဖြဲ႔ဝင္ႏိုင္ငံေတြက ပူးတြဲ ထုတ္ျပန္တဲ့ ဒီေန႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္းယီနဲ႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken တို႔ ၂ ဦးလည္း ဒီ အာဆီယံ ထိပ္သီးစည္းေဝးပြဲကို တက္ေရာက္ေနၾကေပမယ့္ သူတို႔ ၂ ဦးတည္း သီးျခားေတြ႕ဆုံမယ့္ အလားအလာေတာ့ မရွိပါဘူး။

အာဆီယံထိပ္သီးစည္းေဝးပြဲတက္ဖို႔ ဖႏြမ္းပင္ၿမိဳ႕မွာေရာက္ေနတဲ့ အီးယူ ႏိုင္ငံျခားမူဝါဒေရးရာအႀကီးအကဲ Joseph Borrell ကေတာ့ တ႐ုတ္ႏိုင္ငံရဲ႕ တုံ႔ျပန္မႈကို ျပစ္တင္ ေဝဖန္လိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ထိုင်ဝမ်အရေး ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ အာဆီယံတိုက်တွန်း

ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်နိုင်ငံက ပြောင်ပြောင်တင်းတင်း စစ်ရေးလေ့ကျင့်နေတဲ့အတွက် တရုတ်နဲ့ ထိုင်ဝမ်ကြားက ပဋိပက္ခ ပိုဆိုးမသွားအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ထိုင်ဝမ်ကျွန်းကို သွားရောက်တဲ့ကိစ္စနဲ့ပတ်သက်လို့ တရုတ်တို့က အကြီးအကျယ် ဒေါသထွက်ပြီး ထိုင်ဝမ်ကျွန်းအနီးမှာ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံက ပြုလုပ်နေတာပါ။

ရန်လိုတဲ့အပြုအမူတွေမလုပ်ကြဖို့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ စည်းဝေးပွဲပြုလုပ်နေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အဲဒီလို တိုက်တွန်းလိုက်ကြတာပါ။

အခြေအနေတွေဟာ မှားယွင်းတွက်ချက်မိတာ၊ ကြီးမားတဲ့ ထိပ်တိုက်ရင်ဆိုင်မယ့် ပဋိပက္ခအဖြစ် ပြောင်းလဲသွားတာ၊ အင်အားကြီးနိုင်ငံတွေကြား ကြိုတင် ခန့်မှန်းလို့ မရနိုင်တဲ့အခြေအနေမျိုး ဖြစ်သွားနိုင်တယ်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ပူးတွဲ ထုတ်ပြန်တဲ့ ဒီနေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်းယီနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ ၂ ဦးလည်း ဒီ အာဆီယံ ထိပ်သီးစည်းဝေးပွဲကို တက်ရောက်နေကြပေမယ့် သူတို့ ၂ ဦးတည်း သီးခြားတွေ့ဆုံမယ့် အလားအလာတော့ မရှိပါဘူး။

အာဆီယံထိပ်သီးစည်းဝေးပွဲတက်ဖို့ ဖနွမ်းပင်မြို့မှာရောက်နေတဲ့ အီးယူ နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ Joseph Borrell ကတော့ တရုတ်နိုင်ငံရဲ့ တုံ့ပြန်မှုကို ပြစ်တင် ဝေဖန်လိုက်ပါတယ်။

XS
SM
MD
LG