သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-အိန္ဒိယ စစ်ဘက် ပူးပေါင်းဆောင်ရွက်မှု တိုးတက်


ကာကွယ်ရေး ဝန်ကြီး Ash Carter နှင့် အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Manohar Parrikar ကို ဗာဂျီးနီးယာပြည်နယ်ရှိ အမေရိကန်ရေတပ်စခန်းတွင် လေ့လာနေသည်ကို တွေ့ရစဉ် (ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၅)
ကာကွယ်ရေး ဝန်ကြီး Ash Carter နှင့် အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Manohar Parrikar ကို ဗာဂျီးနီးယာပြည်နယ်ရှိ အမေရိကန်ရေတပ်စခန်းတွင် လေ့လာနေသည်ကို တွေ့ရစဉ် (ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၅)

အိန္ဒိယ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်နေတဲ့ အတောအတွင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး Ash Carter အိန္ဒိယ နိုင်ငံကို ရောက်ရှိနေပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ် ဒါမှမဟုတ် အရင်နှစ်တွေတုန်းက အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မမျှော်မှန်းနိုင်ခဲ့တဲ့ ကိစ္စတွေကို ကျနော်တို့ အခု လုပ်ဆောင်နေတယ်လို့ ကာကွယ်ရေးဆိုင်ရာ အကြီးတန်း အရာရှိ တဦးက ပြောဆိုပါတယ်။

နှစ်နိုင်ငံ၊ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ချက်တွေနဲ့ စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားမှာ ဖြစ်သလို ကာကွယ်ရေးဆိုင်ရာ နည်းပညာပိုင်း နဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်လာစေဖို့ အတွက်လည်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး ကာတာက လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဆွေးနွေးညှိနှိုင်းရတာတွေက ခက်ခဲနိုင်ပြီး ကမ္ဘာတလွှား ပြိုင်ဆိုင်မှုကလည်း မြင့်မားနေပေမယ့် နှစ်နိုင်ငံကြား ပိုပြီး ရင်းနှီးပြီး စစ်တပ်တွေ ပိုမို ခိုင်မာအားကောင်းစေမယ့် ထူးကဲတဲ့ ပူးပေါင်းထုတ်လုပ်မှုဆိုင်ရာ သဘောတူညီချက် တခုကို အမေရိကန်နဲ့ အိန္ဒိယ နှစ်နိုင်ငံတို့ လာမယ့် နှစ်တွေအတွင်း ရရှိလာမယ်ဆိုတာကို သံသယ မရှိဘူးလို့ ဝန်ကြီး ကာတာက ပြောဆိုခဲ့ပါတယ်။ ခရီးစဉ် မတိုင်ခင် သောကြာနေ့က နိုင်ငံခြား ဆက်ဆံရေး ကောင်စီ အခမ်းအနား တခုမှာ အခုလို ပြောဆိုသွားတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံကြား နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှာတော့ လေယာဉ်တင်သဘောၤ ပုံစံထုတ်ဖို့နဲ့ တိုက်လေယာဉ် ပူးပေါင်းထုတ်လုပ်ရေးတို့ကို အလေးထား လုပ်ဆောင်မယ်လို့ ကာကွယ်ရေးဆိုင်ရာ အကြီးတန်း အရာရှိက ပြောဆိုပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး Carter ရဲ့ အိန္ဒိယ ခရီးစဉ်ကတော့ အာရှ ပစိဖိတ် ဒေသအတွက် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ဦးစားပေး မူဝါဒကို ပြသဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG