သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ဒေါင်း စိတ်ဓါတ် ရှင်သန်နေဖို့ မြန်မာသမ္မတ တိုက်တွန်း


အာရှ- အာဖရိက ထိပ်သီးညီလာခံ နှစ် ၆၀ ပြည့်အခမ်းအနား။
အာရှ- အာဖရိက ထိပ်သီးညီလာခံ နှစ် ၆၀ ပြည့်အခမ်းအနား။

အာရှအာဖရိက နိုင်ငံတွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု အခက်အခဲတွေ ကို ကျော်လွှားနိုင် ဖို့ ဘန်ဒေါင်းစိတ်ဓါတ် ဆက်ပြီးထားရှိဖို့ လိုအပ်ကြောင်း မြန်မာ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ သောကြာနေ့ မှာ ပြောကြားလိုက်ပါတယ်။ အခုကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေဟာ အရင်နှစ် ၆၀ ကထက် ပိုရှုပ်ထွေးတာမို့ ဆင်းရဲတွင်းနက်မှုလျှော့ချရေး၊ စီးပွါးရေးတိုးတက်ဖွံ့ဖြိုးရေး၊ သဘာဝဝန်းကျင် ဆိုင်ရာနဲ့ သဘာဝဘေးအန္တရာယ် ဆိုင်ရာပြဿနာတွေကို စုပေါင်းဖြေရှင်းဖို့ လိုအပ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆင်ဟွာ သတင်းမှာ ဖေါ်ပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ စုဝေးရောက်ရှိနေကြတဲ့ အာရှ- အာဖရိကနိုင်ငံ တရာလောက်က ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေဟာ ဘန်ဒေါင်း အခြေခံမူဆယ်ချက် ချမှတ်နိုင်ခဲ့တဲ့ အာရှ- အာဖရိက ထိပ်သီးညီလာခံ နှစ် ၆၀ ပြည့်အခန်းအနားကို တက်ရောက်ခဲ့ကြတာ ဖြစ်ပြီး ဒီအခန်းအနားမှာ အာရှတိုက်နိုင်ငံများကိုယ်စား ၁၉၅၅ ခုနှစ်မှာ စတင်ခဲ့တဲ့ ဘန်ဒေါင်းညီလာခံ ကနဦးနိုင်ငံထဲမှာ ပါဝင်တဲ့ မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားခဲ့တာပါ။

မြန်မာသမ္မတက အာရှ အာဖရိက တိုက်ကြီး ၂ တိုက်ကြားမှာ စက်မှုလက်မှုနဲ့ ဘဏ္ဍာငွေကြေးအပြင် သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာ၊ စွမ်းအင်၊ စိုက်ပျိုးရေး ရေအရင်းအမြစ်နဲ့ ငါးလုပ်ငန်း ဆိုင်ရာတွေမှာ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ဖို့လည်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG