သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှစတော့ဈေးကွက် ထပ်မံကျဆင်း


တရုတ်နိုင်ငံက အစုရှယ်ယာတွေကြောင့် အာရှဈေးကွက်ဟာ အင်္ဂါနေ့မှာ ထပ်မံ ထိုးကျသွားခဲ့ပြီး ၇ ဒဿမ ၆ ရာခိုင်နှုန်းနဲ့ ဈေးပိတ်သွားခဲ့ပါတယ်။

ရှန်ဟိုင်း ပင်မအညွှန်းကိန်းဟာ ဈေးဖွင့်ချိန်မှာပဲ ထိုးကျခဲ့တာဖြစ်ပေမဲ့ ၄ ရာခိုင်နှုန်းဝန်းကျင် ကျသွားပြီးတဲ့နောက် အခြေအနေ ပြန်ကောင်းခဲ့တာပါ။ နေ့ခင်းပိုင်း အစုရှယ်ယာဈေးတွေ ထပ်ပြီး ကျခဲ့ချိန်မှာ ဂျပန်နဲ့ ဟောင်ကောင် ဈေးကွက်တွေမှာတော့ ထိုးရောင်းတာတွေ တွေ့ရသလို ဈေးပြန်ကောင်းလာတာတွေလည်း ရှိခဲ့ပါတယ်။

ဂျပန် Nikkei အညွှန်းကိန်းက ၄ ရာခိုင်နှုန်းလောက်နဲ့ ဈေးပိတ်သွားခဲ့ချိန်မှာ ဟောင်ကောင် Hang Seng ကတော့ ဈေးပိတ်ချိန်လောက်မှာ ဈေး ပြန်ထိန်းနိုင်ခဲ့တာပါ။

တချိန်တည်းမှာပဲ ဗြိတိန်၊ ဂျာမနီနဲ့ ပြင်သစ်က အညွှန်းကိန်းတွေကတော့ အစောပိုင်းဈေးကွက်မှာ ၂ ရာခိုင်နှုန်းကျော်လောက် တက်လာပါတယ်။ တရုတ်နိုင်ငံရဲ့ ဈေးကွက် ကြီးထွားမှု တန့်နေတာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေကနေ တနင်္လာနေ့က တရုတ်နိုင်ငံမှာ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့တာ အပါအဝင် ကမ္ဘာ့ဈေးကွက်ကိုရော ရေနံဈေးကိုပါ ကျဆင်းစေခဲ့တာ ဖြစ်ပါတယ်။

တနင်္လာနေ့ မှာ အမေရိကန် ဈေးကွက်မှာလည်း ကျဆင်းခဲ့တာဖြစ်ပြီး ဈေးကွက်ဟာ တနေ့လုံး တည်ငြိမ်မှုမရှိဘဲ ၃.၆ ရာခိုင်နှုန်း ထက်မနဲတဲ့ ကျဈေးနဲ့ ဈေးပိတ်သွားတာပါ။

စတော့ရှယ်ယာ ဈေးကွက်ဟာ ၂၀၀၉ ခုနှစ်ကစပြီး ၃ ဆလောက် တက်လာတာမို့ အဓိက ပြင်ဆင်မှုတွေ လုပ်ဖို့ အချိန်တန်နေပြီလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အခုလို ပြင်ဆင်မှုတွေ လုပ်တာနဲ့ ပါတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူတွေဘက်က စိုးရိမ်စိတ်ပူကြပေမဲ့ ကောင်းမွန်တဲ့ ပြောင်းလဲရေး လုပ်တာဟာ ငွေဖောင်းပွမှု သိပ်များတဲ့အတွက် အစုရှယ်ယာဈေး ကမောက်ကမ ဖြစ်လာတာကို တားဆီးရေးမှာ အထောက်အကူ ဖြစ်စေမယ်လို့ စီးပွားရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။

မနေ့က လူသုံးကုန်ပစ္စည်းဈေး အများအပြား ကျဆင်းခဲ့ပြီး ရေနံစိမ်းဈေးကလည်း ၆ နှစ်ကျော် ကာလအတွင်း အနိမ့်ဆုံးဈေးကို ကျဆင်းခဲ့တာပါ။ လူသုံးကုန်ပစ္စည်း ပင်မဈေးကွက်ဟာ နှစ်ပေါင်းများစွာပဲ တရုတ်နိုင်ငံပေါ် မှီခိုနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG