သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာရွမွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆံုးသူတသန္းေက်ာ္ရွိ


ASI-GEN CORONAVIRUS-ASIA

[[Zawgyi/Unicode]]

အာရွမွာ ကမာၻ႔ကပ္ေရာဂါကိုဗစ္ေၾကာင့္ အသက္ေသဆံုးရသူေပါင္း တသန္းေက်ာ္လြန္သြားၿပီျဖစ္ပါတယ္။ ဒီကေန႔ ေသာၾကာေန႔အထိ စစ္တမ္းေတြအရ ေတာင္ကိုရီးယားႏိုင္ငံနဲ႔ ဂ်ပန္ႏိုင္ငံတို႔ကေန စတင္ၿပီး ပ်ံ႕ႏွံ႔မႈေတြေၾကာင့္ ေသဆံုးမႈေပါင္း တသန္းေက်ာ္ သမိုင္းစံခ်ိန္တင္သြားၿပီျဖစ္တယ္လို႔ ႐ိုက္တာစ္က ေကာက္ယူတဲ့စစ္တမ္းမွာေဖာ္ျပပါတယ္။

ကမာၻ႔လူဦးေရရဲ႕ ထက္ဝက္ေက်ာ္ေနထိုင္တဲ့ အာရွမွာ ေသဆံုးမႈႏွႈန္းက တသန္းနဲ႔ ေလးဆယ့္ငါးေယာက္ရွိသြားၿပီျဖစ္ၿပီး ကမာၻတဝန္း ကိုဗစ္ေၾကာင့္ အသက္ဆံုးပါးရသူေတြရဲ႕ ၁၆ ရာခိုင္ႏႈန္းရွိတယ္လို႔ စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

မေလးရွား၊ စင္ကာပူ၊ ေတာင္ကိုရီးယား၊ ဗီယက္နမ္ေတြမွာ ကိုဗစ္ျဖစ္ပြားမႈက စံခ်ိန္တင္ရွိေနေသးေပမဲ့လည္း အိႏိၵယ၊ အင္ဒိုနီးရွားနဲ႔ ဖိလစ္ပိုင္ႏိုင္ငံေတြမွာေတာ့ ကိုဗစ္ကူးစက္မႈႏႈန္းက သိသိသာသာက်ဆင္းလာေနၿပီျဖစ္ပါတယ္။ ေရာဂါကူးစက္သူတဦးတေယာက္မွ မရွိေစရဆိုတဲ့ စီမံကိန္းနည္းဗ်ဴဟာနဲ႔ ေရာဂါကူးစက္မႈမျဖစ္ပြားေအာင္ တင္းတင္းက်ပ္က်ပ္ထိန္းခ်ဳပ္ထားတဲ့ တ႐ုတ္ျပည္မႀကီးမွာေတာင္ ကူးစက္ျမန္မ်ိဳးဗီဇကြဲ အိုမီခရြမ္ပိုးသစ္ ကူးစက္မႈဒဏ္ကို လူေတာ္ေတာ္မ်ားမ်ား ခံေနရပါတယ္။

အေရွ႕အာရွရဲ႕ စီးပြားေရးဗဟိုခ်က္ႏိုင္ငံေတြျဖစ္တဲ့ဂ်ပန္၊ ေတာင္ကိုရီးယားနဲ႔ ေဟာင္ေကာင္မွာလည္း ေသဆံုးမႈႏႈန္းျမင့္တက္လာေနတာျဖစ္ပါတယ္။ ကိုဗစ္ကာကြယ္ေဆးမထိုးႏံွႏိုင္ေသးတဲ့ သက္ႀကီးရြယ္အိုေတြနဲ႔ ဘိုးဘြားေစာင့္ေရွာက္ေရးေဂဟာေတြမွာ ကူးစက္မႈအမ်ားဆုံးျဖစ္ခဲ့တဲ့ ေဟာင္ေကာင္မွာ ၿပီးခဲ့တဲ့သီတင္းပတ္ေတြက တရက္ကို အနည္းဆုံးေသဆုံးသူ ၂၀၀ အထိျမင့္တက္လာေနတာပါ။

ေတာင္ကိုရီးယားမွာလည္း ေန႔စဥ္ေသဆံုးႏႈန္းက ၁၈၆ ဦးအထိရွိေနတဲ့အတြက္ ၂၀၂၁ ခုႏွစ္တုန္းက ေသဆံုးမႈထက္ သုံးဆ ျပင္းထန္ေနပါတာျဖစ္ပါတယ္။ အာရွတဝန္း ကိုဗစ္ကူးစက္မႈေၾကာင့္ ေသဆံုးမႈရဲ႕ ၅၂%အထိျဖစ္ခဲ့တ့ဲ ကမာၻ႔လူဦးေရ ဒုတိယအမ်ားဆုံးႏိုင္ငံျဖစ္တဲ့ အိႏၵိယမွာေတာ့ ကူးစက္မႈက သိသိသာသာက်ဆင္းလာေနျပန္ပါတယ္။ အိႏၵိယမွာ လြန္ခဲ့တဲ့ေလးရက္အတြင္း တရက္ကို လူ ငါးေထာင္ ထက္မနည္းကူးစက္ၿပီး ၂၀၀ ေက်ာ္ ေသဆံုးခဲ့ရတာပါ။ ၿပီးခဲ့တဲ့ ဇန္နဝါရီလတုန္းက တရက္ကို လူသုံးသိန္း ကူးစက္ၿပီး လူတေထာင္ေန႔စဥ္ အသက္ဆံုးရတဲ့ ကူးစက္မႈပ်ံ႕ပြားမႈ အဆိုးဝါးဆုံး အျမင့္ဆံုးျဖစ္ခဲ့တာပါ။

လက္ရွိမွာေတာ့ တ႐ုတ္၊ ေတာင္ကိုရီးယားႏိုင္ငံေတြမွာေတာ့ ႏိုင္ငံလူဦးေရနဲ႔ ၈၅% ကာကြယ္ေဆးထိုးႏွံထားၿပီျဖစ္ၿပီး ျမန္မာႏိုင္ငံ၊ ဥဇဘက္ကစၥတန္နဲ႔ ကာဂ်စၥတန္ႏိုင္ငံေတြမွာေတာ့ လူဦးေရရဲ႕ ၄၀%ပဲ ကာကြယ္ေဆးထိုးႏွံထားၿပီးျဖစ္တယ္လို႔ ႐ိုက္တာစစ္တမ္းက ေဖာ္ျပပါတယ္။ အာရွတဝန္းမွာေတာ့ ခန္႔မွန္းေျခ လူဦးေရရဲ႕ ၆၅% ကာကြယ္ေဆးႏွစ္မ်ိဳး ထိုးႏွံၿပီးျဖစ္ပါတယ္။ ကူးစက္ျမန္မ်ိဳးကြဲဗီဇသစ္အိုမီခရြမ္ ကူးစက္မႈေၾကာင့္ လူေသဆံုးမႈေတြျမင့္တက္လာေနဆဲျဖစ္တာေၾကာင့္ ကမ႓ာ့လူဦးေရထူထပ္တဲ့ႏိုင္ငံေတြမွာ ကိုဗစ္ ၁၉ စည္းမ်ဥ္းစည္းကမ္းကန္႔သတ္ခ်က္ေတြကို ေျဖေလ်ာ့ေပးဖို႔ သိပ္ေစာေနေသးတယ္လို႔လည္း ပညာရွင္ေတြက အၾကံျပဳပါတယ္။

ကမာၻနဲ႔အဝန္းမွာေတာ့ ကိုဗစ္ ကူးစက္မႈေတြက တိုးလာေနဆဲ ျဖစ္ၿပီး ကမာၻ႔ကပ္ေရာဂါ Covid 19 ကူးစက္မႈေတြကို ေစာင့္ၾကည့္မွတ္တမ္းယူေနတဲ့ အေမရိကန္အေျခစိုက္ John Hopkins ေဆးတကၠသိုလ္ရဲ႕ ဒီကေန႔ မတ္လ ၁၁ရက္ေန႔ ထုတ္ျပန္ခ်က္အရ ကူးစက္သူေပါင္း ၄၅၃ သန္းေက်ာ္သြားပါၿပီ။ ကမာၻတဝန္း ကိုဗစ္ေၾကာင့္ ေသဆံုးသူကေတာ့ ၆ သန္းေက်ာ္ သြားၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

အာရှမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူတသန်းကျော်ရှိ

အာရှမှာ ကမ္ဘာ့ကပ်ရောဂါကိုဗစ်ကြောင့် အသက်သေဆုံးရသူပေါင်း တသန်းကျော်လွန်သွားပြီဖြစ်ပါတယ်။ ဒီကနေ့ သောကြာနေ့အထိ စစ်တမ်းတွေအရ တောင်ကိုရီးယားနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ကနေ စတင်ပြီး ပျံ့နှံ့မှုတွေကြောင့် သေဆုံးမှုပေါင်း တသန်းကျော် သမိုင်းစံချိန်တင်သွားပြီဖြစ်တယ်လို့ ရိုက်တာစ်က ကောက်ယူတဲ့စစ်တမ်းမှာဖော်ပြပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်နေထိုင်တဲ့ အာရှမှာ သေဆုံးမှုနှှုန်းက တသန်းနဲ့ လေးဆယ့်ငါးယောက်ရှိသွားပြီဖြစ်ပြီး ကမ္ဘာတဝန်း ကိုဗစ်ကြောင့် အသက်ဆုံးပါးရသူတွေရဲ့ ၁၆ ရာခိုင်နှုန်းရှိတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဗီယက်နမ်တွေမှာ ကိုဗစ်ဖြစ်ပွားမှုက စံချိန်တင်ရှိနေသေးပေမဲ့လည်း အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာတော့ ကိုဗစ်ကူးစက်မှုနှုန်းက သိသိသာသာကျဆင်းလာနေပြီဖြစ်ပါတယ်။ ရောဂါကူးစက်သူတဦးတယောက်မှ မရှိစေရဆိုတဲ့ စီမံကိန်းနည်းဗျူဟာနဲ့ ရောဂါကူးစက်မှုမဖြစ်ပွားအောင် တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားတဲ့ တရုတ်ပြည်မကြီးမှာတောင် ကူးစက်မြန်မျိုးဗီဇကွဲ အိုမီခရွမ်ပိုးသစ် ကူးစက်မှုဒဏ်ကို လူတော်တော်များများ ခံနေရပါတယ်။

အရှေ့အာရှရဲ့ စီးပွားရေးဗဟိုချက်နိုင်ငံတွေဖြစ်တဲ့ဂျပန်၊ တောင်ကိုရီးယားနဲ့ ဟောင်ကောင်မှာလည်း သေဆုံးမှုနှုန်းမြင့်တက်လာနေတာဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးမထိုးနံှနိုင်သေးတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ဘိုးဘွားစောင့်ရှောက်ရေးဂေဟာတွေမှာ ကူးစက်မှုအများဆုံးဖြစ်ခဲ့တဲ့ ဟောင်ကောင်မှာ ပြီးခဲ့တဲ့သီတင်းပတ်တွေက တရက်ကို အနည်းဆုံးသေဆုံးသူ ၂၀၀ အထိမြင့်တက်လာနေတာပါ။

တောင်ကိုရီးယားမှာလည်း နေ့စဉ်သေဆုံးနှုန်းက ၁၈၆ ဦးအထိရှိနေတဲ့အတွက် ၂၀၂၁ ခုနှစ်တုန်းက သေဆုံးမှုထက် သုံးဆ ပြင်းထန်နေပါတာဖြစ်ပါတယ်။ အာရှတဝန်း ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးမှုရဲ့ ၅၂%အထိဖြစ်ခဲ့တဲ့ ကမ္ဘာ့လူဦးရေ ဒုတိယအများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယမှာတော့ ကူးစက်မှုက သိသိသာသာကျဆင်းလာနေပြန်ပါတယ်။ အိန္ဒိယမှာ လွန်ခဲ့တဲ့လေးရက်အတွင်း တရက်ကို လူ ငါးထောင် ထက်မနည်းကူးစက်ပြီး ၂၀၀ ကျော် သေဆုံးခဲ့ရတာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက တရက်ကို လူသုံးသိန်း ကူးစက်ပြီး လူတထောင်နေ့စဉ် အသက်ဆုံးရတဲ့ ကူးစက်မှုပျံ့ပွားမှု အဆိုးဝါးဆုံး အမြင့်ဆုံးဖြစ်ခဲ့တာပါ။

လက်ရှိမှာတော့ တရုတ်၊ တောင်ကိုရီးယားနိုင်ငံတွေမှာတော့ နိုင်ငံလူဦးရေနဲ့ ၈၅% ကာကွယ်ဆေးထိုးနှံထားပြီဖြစ်ပြီး မြန်မာနိုင်ငံ၊ ဥဇဘက်ကစ္စတန်နဲ့ ကာဂျစ္စတန်နိုင်ငံတွေမှာတော့ လူဦးရေရဲ့ ၄၀%ပဲ ကာကွယ်ဆေးထိုးနှံထားပြီးဖြစ်တယ်လို့ ရိုက်တာစစ်တမ်းက ဖော်ပြပါတယ်။ အာရှတဝန်းမှာတော့ ခန့်မှန်းခြေ လူဦးရေရဲ့ ၆၅% ကာကွယ်ဆေးနှစ်မျိုး ထိုးနှံပြီးဖြစ်ပါတယ်။ ကူးစက်မြန်မျိုးကွဲဗီဇသစ်အိုမီခရွမ် ကူးစက်မှုကြောင့် လူသေဆုံးမှုတွေမြင့်တက်လာနေဆဲဖြစ်တာကြောင့် ကမ္ဘာ့လူဦးရေထူထပ်တဲ့နိုင်ငံတွေမှာ ကိုဗစ် ၁၉ စည်းမျဉ်းစည်းကမ်းကန့်သတ်ချက်တွေကို ဖြေလျော့ပေးဖို့ သိပ်စောနေသေးတယ်လို့လည်း ပညာရှင်တွေက အကြံပြုပါတယ်။

ကမ္ဘာနဲ့အဝန်းမှာတော့ ကိုဗစ် ကူးစက်မှုတွေက တိုးလာနေဆဲ ဖြစ်ပြီး ကမ္ဘာ့ကပ်ရောဂါ Covid 19 ကူးစက်မှုတွေကို စောင့်ကြည့်မှတ်တမ်းယူနေတဲ့ အမေရိကန်အခြေစိုက် John Hopkins ဆေးတက္ကသိုလ်ရဲ့ ဒီကနေ့ မတ်လ ၁၁ရက်နေ့ ထုတ်ပြန်ချက်အရ ကူးစက်သူပေါင်း ၄၅၃ သန်းကျော်သွားပါပြီ။ ကမ္ဘာတဝန်း ကိုဗစ်ကြောင့် သေဆုံးသူကတော့ ၆ သန်းကျော် သွားပြီဖြစ်ပါတယ်။

==================

XS
SM
MD
LG