သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဘာသာရေးပွဲ လူပြိုမှု ၃၅ ဦးထက်မနည်းသေဆုံး 


အိန္ဒိယနိုင်ငံအလယ်ပိုင်း Madhya Pradesh ပြည်နယ် Indore မြို့က ဟိန္ဒူဘုန်းကြီးကျောင်းက ကြမ်းပြိုကျပြီး အောက်ကရေတွင်းကိုတွေ့ရစဉ် (မတ် ၃၁၊ ၂၀၂၃)
အိန္ဒိယနိုင်ငံအလယ်ပိုင်း Madhya Pradesh ပြည်နယ် Indore မြို့က ဟိန္ဒူဘုန်းကြီးကျောင်းက ကြမ်းပြိုကျပြီး အောက်ကရေတွင်းကိုတွေ့ရစဉ် (မတ် ၃၁၊ ၂၀၂၃)

အိန္ဒိယနိုင်ငံအလယ်ပိုင်း Madhya Pradesh ပြည်နယ် Indore မြို့က ဟိန္ဒူဘုန်းကြီးကျောင်းတခုမှာ ဘာသာရေးဆုတောင်းပွဲလုပ်နေချိန် လူအလေးချိန်မခံနိုင်ဘဲ ကြမ်းပြိုခဲ့ပြီး အောက်မှာရှိနေတဲ့ ရေတွင်းထဲ ပြုတ်ကျကုန်လို့ ၃၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ကြာသပတေးနေ့ညက ရာမနတ်ဘုရားကို ဆုတောင်းပွဲလာကြတဲ့ လူအုပ်ကြီးဒဏ်ကို ကွန်ခရစ်ကြမ်းက မခံနိုင်ဘဲ ပြိုကျတာကြောင့် ရေတွင်းထဲ ပြုတ်ကျကုန်တာဖြစ်တယ်လို့ ရဲကပြောပါတယ်။ အမြင့်နက်တဲ့ရေတွင်းထဲ ပြုတ်ကျသူ ၁ ဦးလဲ ပျောက်ဆုံးနေဆဲဖြစ်ပြီး ၁၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။ မတော်တဆမှုဘာကြောင့်ဖြစ်တယ်ဆိုတာ စုံစမ်းစစ်ဆေးနေပြီလို့ Madhya Pradesh ပြည်နယ်ဝန်ကြီးချုပ် Shivraj Singh Chouhan က ပြောပါတယ်။

“ ဒီဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ အမိန့်ပေးထားပါတယ်၊ ဘယ်သူ့မှာ တာဝန်ရှိတာကို ရှာဖွေနိုင်ဖို့ အဆင့်မြင့် စုံစမ်းစစ်ဆေးမှု လုပ်သွားမှာပါ။ ရဲကလည်း ဒီအမှုတင်ထားပြီ၊ စုံစမ်းစစ်ဆေးမှုတွေပေါ် အခြေခံပြီး တာဝန်ရှိသူတွေကို အရေးယူသွားမှာပါ။ အခုလောလောဆယ်တော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဦးစားပေးပြီး၊ ပျောက်ဆုံးနေသူတစ်ဦးကို ရှာနေပါတယ်။ ဒဏ်ရာရာသူတွေလည်း ဆေးရုံမှာကုသမှုခံယူနေပါပြီ။” လို့ ပြောသွားတာပါ။

အိန္ဒိယနိုင်ငံအလယ်ပိုင်း Madhya Pradesh ပြည်နယ် Indore မြို့က ဟိန္ဒူဘုန်းကြီးကျောင်းက ကြမ်းပြိုကျပြီး အောက်ကရေတွင်းထဲ ဆင်းနေတဲ့ ကယ်ဆယ်ရေးသမားတဦးကိုတွေ့ရစဉ် (မတ် ၃၁၊ ၂၀၂၃)
အိန္ဒိယနိုင်ငံအလယ်ပိုင်း Madhya Pradesh ပြည်နယ် Indore မြို့က ဟိန္ဒူဘုန်းကြီးကျောင်းက ကြမ်းပြိုကျပြီး အောက်ကရေတွင်းထဲ ဆင်းနေတဲ့ ကယ်ဆယ်ရေးသမားတဦးကိုတွေ့ရစဉ် (မတ် ၃၁၊ ၂၀၂၃)

ဘုရားကျောင်းအာဏာပိုင်တွေက နှစ်အတော်ကြာထဲက အသုံးမပြုတော့တဲ့ ရေတွင်းအပေါ်ကနေ သံခင်းတွေ၊ ကြွေပြားတွေနဲ့ ဖုံးကာပြီး ဝတ်ပြုခန်းလုပ်ထားတာဖြစ်ပါတယ်။ ရေတွင်းဝပေါ်ဖုံးထားတာတွေက မလုံခြုံတဲ့အတွက် ဖယ်ရှားဖို့ စည်ပင်အရာရှိတွေက ဖယ်ရှားခိုင်းတာကို ဘုရားကျောင်းတာဝန်ရှိသူတွေက လျစ်လျူရှုခဲ့ကြတယ်လို့ The Times of India သတင်းစာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG