သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီအေပၚ အာဆီယံတင္းၾကပ္မႈနဲ႔ ပတ္သက္ၿပီး NUG အျမင္


NUG လူ႔အခြင့္အေရးဆိုင္ရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္မ်ဳိးမင္း (mohr.nugmyanmar.org)

{{Zawgyi/Unicode}}

ေအာက္တုိဘာလ ၂၆ ရက္ေန့မွာ ASEAN အေရွ့ေတာင္အာရွထိပ္သီးအစည္းအေ၀းကုိ အြန္လုိင္း ကေနစတင္ေနျဖစ္ပါတယ္။ ျမန္မာႏုိင္ငံကစစ္ေခါင္းေဆာင္ေတြတက္ေရာက္ခြင့္မရပါဘူး။ ျမန္မာ ႏုိင္ငံနဲ့ပတ္သက္ၿပီး အာစီယံအသင္းႀကီးရဲ့လုပ္ေဆာင္မွုဟာ ျပင္းထန္တုိးတက္လာပါတယ္။ ဒါေပမယ့္ အျပည့္အ၀ေတာ့လုံေလာက္မွုမရွိေသးဘူးလုိ့ NUG ၀န္ႀကီးတဦးျဖစ္တဲ့ ဦးေအာင္မ်ိဳးမင္းက ျမင္ပါ တယ္။ တခ်ိန္ထဲမွာဘဲ ႏုိင္ငံတကာအသုိင္းရဲ့ NUG အေပၚေထာက္ခံအားေပးမွုေတြလည္းတုိး တက္လာတယ္လုိ့ဦးေအာင္မ်ိဳးမင္းက ေျပာဆုိပါတယ္။ ၀န္ႀကီးဦးေအာင္မ်ိဳးမင္းကုိ ကုိေဇာ္မုိးေက်ာ္က ဆက္သြယ္ေမးျမန္းတင္ျပထားပါတယ္။

ကိုေဇာ္မိုးေက်ာ္။. ။ အာဆီယံအေရွ႕ေတာင္အာရွအသင္းႀကီးက ျမန္မာစစ္အာဏာသိမ္းေခါင္းေဆာင္ ဗို္လ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ ကိုလည္း မဖိတ္ဘူး။ စစ္ေကာင္စီ ရဲ႕ အႀကီးတန္း တာဝန္ရွိတဲ့သူေတြကိုလည္းမဖိတ္ဘူး။ ခုလိုဖိအားေပးထားတာေတြရွိတယ္ေပါ့ေလ။ အာဆီယံအသင္းရဲ႕ လုပ္ေဆာင္မႈဟာ ျမန္မာႏိုင္ငံနဲ႔ပတ္သက္လို႔ရွိရင္ အေတာ္ျပင္းထန္တဲ့ကိစၥလို႔ ေျပာလို႔ရမယ္ထင္ပါတယ္။ ဒီအာဆီယံအသင္းရဲ႔ အခုလိုလုပ္ေဆာင္ခ်က္နဲ႔ ပတ္သက္ၿပီးေတာ့ NUG အေနနဲ႔ ဦးေအာင္မ်ဳိးမင္း အေနနဲ႔ဘယ္လိုတုံျပန္ေျပာဆိုလိုပါသလဲခင္ဗ်။

ဦးေအာင္မ်ဳိးမင္း ။. ။ အာဆီယံရဲ႕မူ အာဆီယံရဲ႕လုပ္ထုံးလုပ္နည္းနဲ႔ လုပ္ပိုင္ခြင့္အရဆိုရင္ အခုလိုမ်ဳိး အာဆီယံထိပ္သီးညီလာခံမွာ မင္းေအာင္လိႈင္ကို တက္ဖို႔အတြက္ သူတို႔လက္မခံဘူးဆိုတာ ေတာ္ေတာ္ျပင္းထန္းတယ္လို႔ ေျပာလို႔ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အာဆီယံမွာ သူရဲ႕ ေပၚလစီနဲ႔ တျခားႏိုင္ငံေရး ျပည္တြင္းေရးကို ဝင္ေရာက္မစြက္ဖက္ရဘူးဆိုတဲ့ကိစၥ၊ ေနာက္တခါ အာဆီယံက ႏိုင္ငံေတြအားလုံးရဲ႕ သေဘာတူညီခ်က္ကို ရယူၿပီးမွ ဆႏၵတူညီၿပီးမွ လုပ္ေဆာင္ရမယ္ဆိုတဲ့အခ်က္ေတြကို အၿမဲတန္းကိုင္စြဲၿပီးမွ ဘယ္ႏိုင္ငံ ဘယ္ကိစၥပဲျဖစ္ျဖစ္ တခါမွ ဒီေလာက္လုပ္ေဆာင္ခဲ့တာမရွိပါဘူး။ ဒါေတာင္မွ က်ေနာ္တို႔ အားမလိုအားမရျဖစ္တာရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ကို တက္ေရာက္ခြင့္မေပးေပမယ့္ နည္းနည္းအဆင့္နိမ့္ၿပီးလာလို႔ရွိရင္လည္း လက္ခံမယ္ဆိုၿပီး ေျပာၾကားတဲ့ သေဘာမ်ဳိးျဖစ္တယ္။ လုံးဝအျပည့္အစုံရပ္တည္တာေတာ့မဟုတ္ဘူး။ အဆင့္ႏိုမ့္ၿပီး ေတြ႔ဆုံမယ္သေဘာမ်ဳိးျဖစ္တဲ့အတြက္ ရာခိုင္ႏႈန္းအျပည့္နဲ႔ေတာ့ သိပ္ၿပီးေတာ့ သေဘာက်တာေတာ့မဟုတ္ေသးပါဘူးခင္ဗ်။

ကိုေဇာ္မုိးေက်ာ္ ။.။အခုဆုိလို႔ရွိရင္ ဒီကုလသမဂၢကလည္း ျမန္မာစစ္ေကာင္စီကို အသိအမွတ္ျပဳတာမ်ဳိးမလုပ္ပါဘူး။ ေနာက္အာဆီယံကလည္း မဖိတ္ၾကားဖူးေပါ့ေနာ္။ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္တဲ့ ႏိုင္ငံတကာ ဖိအားေပးမႈေတြ ႏိုင္ငံတကာအသုိင္းအဝိုင္းေတြမွာဆိုလို႔ရွိရင္ ေတာ္ေတာ္ေလးကို ခ်ိတ္ဆက္မႈရွိရွိလုပ္လာတယ္လို႔ ေျပာလို႔ရမယ္ထင္ပါတယ္။ အဲဒီေတာ့ ႏိုင္ငံတကာဆက္ဆံေရးနယ္ပယ္မွာ ႏိုင္ငံတကာ စစ္မ်က္ႏွာမွာ ဘယ္လိုတိက်ခိုင္မာမႈရွိတဲ့ရလာဒ္ရႏိုင္မလဲ။ ဥပမာ NUG ကို အသိအမွတ္ျပဳလာမလား။

ဦးေအာင္မ်ဳိးမင္း ။.။ ႏိုင္ငံတကာ အသိုင္းအဝိုင္းၾကားမွာဆိုလို႔ရွိရင္ ျဖစ္လာႏိုင္ဖို႔အတြက္ ခ်က္ခ်င္းႀကီး NUG ကို အသိအမွတ္ျပဳဖို႔ေတာ့မဟုတ္ဘူး။ ဒါေပမယ့္ အခုအခ်ိန္မွာ ၾကည့္တဲ့အခါမွာ NUG ကို အစိုးရတရပ္အေနနဲ႔ တရားဝင္အသိအမွတ္မျပဳေပမယ့္ အစိုးရတရပ္ကဲ့သို႔ ေတြ႔ဆုံေနတဲ့ကိစၥတခုပါ။ အေမရိကႏိုင္ငံဆိုရင္ သူရဲ႕ State department ရဲ႕ အႀကံေပးနဲ႔ေတြ႔ေနတာလည္းရွိတယ္။ အမ်ဳိးသားလုံၿခဳံေရးအဖြဲ႔နဲ႔လည္း ေတြ႔ေနတာရွိတယ္။ ဒါေတြကိုလည္း သူတို႔ တရားဝင္ထုတ္ျပန္ေနတာရွိတယ္။ တခ်ိန္တည္းမွာ က်ေနာ္တို႔နဲ႔ေတြ႔ေနတဲ့အခါမွာ တင္ျပတဲ့အခ်က္ေတြ ဒါေတြကိုလည္း လုပ္ေဆာင္ေနပါတယ္။ ဒါက အေမရိကန္တႏိုင္ငံတည္းပါ။ ေနာက္ပိုင္းမွာဆိုရင္ ႏိုင္ငံေတြရဲ႕လႊတ္ေတာ္ေတြက ေတာင္းဆိုမႈေတြမ်ားလာပါၿပီ။ လႊတ္ေတာ္ရဲ႕ေတာင္းဆိုခ်က္ကို အစိုးရက အေလးထားလုပ္ေဆာင္ရတဲ့အတြက္ ဒီအခ်က္ေတြက ျဖစ္ကိုျဖစ္လာႏိုင္တဲ့အေနအထားမ်ဳိးျဖစ္တယ္။ ဒါေပမယ့္ အာဆီယံအတြင္းမွာေတာ့ နည္းနည္းခက္ခဲတာေပါ့။ အာဆီယံအတြင္းမွာရိွတဲ့ႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔ အလြတ္သေဘာေတြ႔ဆုံၿပီးေတာ့ ေျပာၾကာတဲ့အခ်က္ေတြ၊ က်ေနာ္တို႔ရဲ႕တင္ျပခ်က္ေတြကို နားေထာင္ၿပီးေတာ့ ဒီထက္ပိုမိုျပင္းထန္တဲ့လုပ္ငန္းေတြျဖစ္တဲ့အတြက္ ဒါကလည္း ေလွ်ာ့တြက္လို႔ေတာ့မရဘူးခင္ဗ်။

ကိုေဇာ္မိုးေက်ာ္ ။. ။ အာဆီယံကေတာ့ အာဏာသိမ္းစစ္ေကာင္စီကို မဖိတ္ဘူးဆိုတာမ်ဳိးနဲ႔ အဲဒီ
ေတာ့ အာဆီယံနဲ႔ NUG ရဲ႕ဆက္ဆံေရးကေကာ ဘယ္လိုရွိပါသလဲ။

ဦးေအာင္မ်ဳိးမင္း ။. ။ အာဆီယံအေနနဲ႔ မဟုတ္ေပမယ့္ အာဆီယံအတြင္းက ႏိုင္ငံေတြအၾကားမွာ ေတြ႔ဆုံမႈေတြ က်ေနာ္တို႔ အလြတ္သေဘာရွိခဲ့တာ ဒါအားလုံးအသိပါ။ တခ်ိန္တည္းမွာပဲ ဒီလိုမ်ဳိး အာဆီယံရဲ႕ကိုယ္စားလွယ္ေစလႊတ္ၿပီးေတာ့ ေတြ႔ဆုံမယ္ဆိုတဲ့အခ်ိန္မွာလည္း NUG ရဲ႕ ေတာင္းဆိုတဲ့အခ်က္ေတြက ဘာေတြလဲ။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ အားလုံးပါဝင္ရမယ္။ လက္ရွိအေျခအေနမွာ ဖမ္းဆီးထားတဲ့သူေတြလည္း ျပန္လႊတ္ေပးရမယ္။ အၾကမ္းဖက္မႈကိုလည္းရပ္တန္႔ရမယ္ဆိုတဲ့အခ်က္ကို ခိုင္ခိုင္မာမာ ေျပာၾကားခဲ့ပါတယ္။ တခ်ိန္တည္းမွာတင္ က်ေနာ္တို႔က ႏိုင္ငံေဒသတြင္းမွာလည္း တရုတ္အပါအဝင္ ႏိုင္ငံေတြအားလုံးနဲ႔ ေကာင္းမြန္တဲ့ ပူးေပါင္းေဆာင္ရြက္မႈလုပ္ခ်င္တယ္။ ႏိုင္ငံတကာအေနနဲ႔လည္း ပူးေပါင္းေဆာင္ရြက္မယ္ဆိုတာ ေျပာထားတာရွိပါတယ္။ အာဆီယံအသင္းမွာ တရားဝင္စာေတြပို႔တာရွိတယ္။ အယူအဆေတြကိုလည္း ဆက္သြယ္ေဆာင္ရြက္မႈေတြရွိပါတယ္။ အာဆီယံရဲ႕သူတို႔ရပ္တည္ခ်က္ေတြ ေဖာ္ေဆာင္တဲ့အခါမွာ က်ေနာ္တို႔ရဲ႕ ေတာင္းဆုိခ်က္ေတြ ေတာ္ေတာ္မ်ားမ်ားထင္ဟတ္လာတာလည္း ဒါလည္းထူးျခားခ်က္တခုပါပဲ။

တိုက္႐ိုက္ လင့္ခ္

......................................

{{Unicode}}

အောက်တိုဘာလ ၂၆ ရက်နေ့မှာ ASEAN အရှေ့တောင်အာရှထိပ်သီးအစည်းအဝေးကို အွန်လိုင်း ကနေစတင်နေဖြစ်ပါတယ်။ မြန်မာနိုင်ငံကစစ်ခေါင်းဆောင်တွေတက်ရောက်ခွင့်မရပါဘူး။ မြန်မာ နိုင်ငံနဲ့ပတ်သက်ပြီး အာစီယံအသင်းကြီးရဲ့လုပ်ဆောင်မှုဟာ ပြင်းထန်တိုးတက်လာပါတယ်။ ဒါပေမယ့် အပြည့်အဝတော့လုံလောက်မှုမရှိသေးဘူးလို့ NUG ဝန်ကြီးတဦးဖြစ်တဲ့ ဦးအောင်မျိုးမင်းက မြင်ပါ တယ်။ တချိန်ထဲမှာဘဲ နိုင်ငံတကာအသိုင်းရဲ့ NUG အပေါ်ထောက်ခံအားပေးမှုတွေလည်းတိုး တက်လာတယ်လို့ဦးအောင်မျိုးမင်းက ပြောဆိုပါတယ်။ ဝန်ကြီးဦးအောင်မျိုးမင်းကို ကိုဇော်မိုးကျော်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

ကိုဇော်မိုးကျော်။. ။ အာဆီယံအရှေ့တောင်အာရှအသင်းကြီးက မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုလည်း မဖိတ်ဘူး။ စစ်ကောင်စီ ရဲ့ အကြီးတန်း တာဝန်ရှိတဲ့သူတွေကိုလည်းမဖိတ်ဘူး။ ခုလိုဖိအားပေးထားတာတွေရှိတယ်ပေါ့လေ။ အာဆီယံအသင်းရဲ့ လုပ်ဆောင်မှုဟာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ရှိရင် အတော်ပြင်းထန်တဲ့ကိစ္စလို့ ပြောလို့ရမယ်ထင်ပါတယ်။ ဒီအာဆီယံအသင်းရဲ့ အခုလိုလုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီးတော့ NUG အနေနဲ့ ဦးအောင်မျိုးမင်း အနေနဲ့ဘယ်လိုတုံပြန်ပြောဆိုလိုပါသလဲခင်ဗျ။

ဦးအောင်မျိုးမင်း ။. ။ အာဆီယံရဲ့မူ အာဆီယံရဲ့လုပ်ထုံးလုပ်နည်းနဲ့ လုပ်ပိုင်ခွင့်အရဆိုရင် အခုလိုမျိုး အာဆီယံထိပ်သီးညီလာခံမှာ မင်းအောင်လှိုင်ကို တက်ဖို့အတွက် သူတို့လက်မခံဘူးဆိုတာ တော်တော်ပြင်းထန်းတယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဆီယံမှာ သူရဲ့ ပေါ်လစီနဲ့ တခြားနိုင်ငံရေး ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရဘူးဆိုတဲ့ကိစ္စ၊ နောက်တခါ အာဆီယံက နိုင်ငံတွေအားလုံးရဲ့ သဘောတူညီချက်ကို ရယူပြီးမှ ဆန္ဒတူညီပြီးမှ လုပ်ဆောင်ရမယ်ဆိုတဲ့အချက်တွေကို အမြဲတန်းကိုင်စွဲပြီးမှ ဘယ်နိုင်ငံ ဘယ်ကိစ္စပဲဖြစ်ဖြစ် တခါမှ ဒီလောက်လုပ်ဆောင်ခဲ့တာမရှိပါဘူး။ ဒါတောင်မှ ကျနော်တို့ အားမလိုအားမရဖြစ်တာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တက်ရောက်ခွင့်မပေးပေမယ့် နည်းနည်းအဆင့်နိမ့်ပြီးလာလို့ရှိရင်လည်း လက်ခံမယ်ဆိုပြီး ပြောကြားတဲ့ သဘောမျိုးဖြစ်တယ်။ လုံးဝအပြည့်အစုံရပ်တည်တာတော့မဟုတ်ဘူး။ အဆင့်နိုမ့်ပြီး တွေ့ဆုံမယ်သဘောမျိုးဖြစ်တဲ့အတွက် ရာခိုင်နှုန်းအပြည့်နဲ့တော့ သိပ်ပြီးတော့ သဘောကျတာတော့မဟုတ်သေးပါဘူးခင်ဗျ။

ကိုဇော်မိုးကျော် ။. ။ အခုဆိုလို့ရှိရင် ဒီကုလသမဂ္ဂကလည်း မြန်မာစစ်ကောင်စီကို အသိအမှတ်ပြုတာမျိုးမလုပ်ပါဘူး။ နောက်အာဆီယံကလည်း မဖိတ်ကြားဖူးပေါ့နော်။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ ဖိအားပေးမှုတွေ နိုင်ငံတကာအသိုင်းအဝိုင်းတွေမှာဆိုလို့ရှိရင် တော်တော်လေးကို ချိတ်ဆက်မှုရှိရှိလုပ်လာတယ်လို့ ပြောလို့ရမယ်ထင်ပါတယ်။ အဲဒီတော့ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ နိုင်ငံတကာ စစ်မျက်နှာမှာ ဘယ်လိုတိကျခိုင်မာမှုရှိတဲ့ရလာဒ်ရနိုင်မလဲ။ ဥပမာ NUG ကို အသိအမှတ်ပြုလာမလား။

ဦးအောင်မျိုးမင်း ။. ။ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာဆိုလို့ရှိရင် ဖြစ်လာနိုင်ဖို့အတွက် ချက်ချင်းကြီး NUG ကို အသိအမှတ်ပြုဖို့တော့မဟုတ်ဘူး။ ဒါပေမယ့် အခုအချိန်မှာ ကြည့်တဲ့အခါမှာ NUG ကို အစိုးရတရပ်အနေနဲ့ တရားဝင်အသိအမှတ်မပြုပေမယ့် အစိုးရတရပ်ကဲ့သို့ တွေ့ဆုံနေတဲ့ကိစ္စတခုပါ။ အမေရိကနိုင်ငံဆိုရင် သူရဲ့ State department ရဲ့ အကြံပေးနဲ့တွေ့နေတာလည်းရှိတယ်။ အမျိုးသားလုံခြုံရေးအဖွဲ့နဲ့လည်း တွေ့နေတာရှိတယ်။ ဒါတွေကိုလည်း သူတို့ တရားဝင်ထုတ်ပြန်နေတာရှိတယ်။ တချိန်တည်းမှာ ကျနော်တို့နဲ့တွေ့နေတဲ့အခါမှာ တင်ပြတဲ့အချက်တွေ ဒါတွေကိုလည်း လုပ်ဆောင်နေပါတယ်။ ဒါက အမေရိကန်တနိုင်ငံတည်းပါ။ နောက်ပိုင်းမှာဆိုရင် နိုင်ငံတွေရဲ့လွှတ်တော်တွေက တောင်းဆိုမှုတွေများလာပါပြီ။ လွှတ်တော်ရဲ့တောင်းဆိုချက်ကို အစိုးရက အလေးထားလုပ်ဆောင်ရတဲ့အတွက် ဒီအချက်တွေက ဖြစ်ကိုဖြစ်လာနိုင်တဲ့အနေအထားမျိုးဖြစ်တယ်။ ဒါပေမယ့် အာဆီယံအတွင်းမှာတော့ နည်းနည်းခက်ခဲတာပေါ့။ အာဆီယံအတွင်းမှာရှိတဲ့နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အလွတ်သဘောတွေ့ဆုံပြီးတော့ ပြောကြာတဲ့အချက်တွေ၊ ကျနော်တို့ရဲ့တင်ပြချက်တွေကို နားထောင်ပြီးတော့ ဒီထက်ပိုမိုပြင်းထန်တဲ့လုပ်ငန်းတွေဖြစ်တဲ့အတွက် ဒါကလည်း လျှော့တွက်လို့တော့မရဘူးခင်ဗျ။

ကိုဇော်မိုးကျော် ။. ။ အာဆီယံကတော့ အာဏာသိမ်းစစ်ကောင်စီကို မဖိတ်ဘူးဆိုတာမျိုးနဲ့ အဲဒီ
တော့ အာဆီယံနဲ့ NUG ရဲ့ဆက်ဆံရေးကကော ဘယ်လိုရှိပါသလဲ။

ဦးအောင်မျိုးမင်း ။. ။ အာဆီယံအနေနဲ့ မဟုတ်ပေမယ့် အာဆီယံအတွင်းက နိုင်ငံတွေအကြားမှာ တွေ့ဆုံမှုတွေ ကျနော်တို့ အလွတ်သဘောရှိခဲ့တာ ဒါအားလုံးအသိပါ။ တချိန်တည်းမှာပဲ ဒီလိုမျိုး အာဆီယံရဲ့ကိုယ်စားလှယ်စေလွှတ်ပြီးတော့ တွေ့ဆုံမယ်ဆိုတဲ့အချိန်မှာလည်း NUG ရဲ့ တောင်းဆိုတဲ့အချက်တွေက ဘာတွေလဲ။ ဒါနဲ့ပတ်သက်ပြီးတော့ အားလုံးပါဝင်ရမယ်။ လက်ရှိအခြေအနေမှာ ဖမ်းဆီးထားတဲ့သူတွေလည်း ပြန်လွှတ်ပေးရမယ်။ အကြမ်းဖက်မှုကိုလည်းရပ်တန့်ရမယ်ဆိုတဲ့အချက်ကို ခိုင်ခိုင်မာမာ ပြောကြားခဲ့ပါတယ်။ တချိန်တည်းမှာတင် ကျနော်တို့က နိုင်ငံဒေသတွင်းမှာလည်း တရုတ်အပါအဝင် နိုင်ငံတွေအားလုံးနဲ့ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ချင်တယ်။ နိုင်ငံတကာအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ ပြောထားတာရှိပါတယ်။ အာဆီယံအသင်းမှာ တရားဝင်စာတွေပို့တာရှိတယ်။ အယူအဆတွေကိုလည်း ဆက်သွယ်ဆောင်ရွက်မှုတွေရှိပါတယ်။ အာဆီယံရဲ့သူတို့ရပ်တည်ချက်တွေ ဖော်ဆောင်တဲ့အခါမှာ ကျနော်တို့ရဲ့ တောင်းဆိုချက်တွေ တော်တော်များများထင်ဟတ်လာတာလည်း ဒါလည်းထူးခြားချက်တခုပါပဲ။

XS
SM
MD
LG