သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ရွေးကောက်ပွဲမှတ်ပုံတင်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဒီကနေ့ပဲ မှတ်ပုံတင် စာရင်းသွင်းလိုက်ပါတယ်။ ၂၀၁၂ ခုနှစ် လွှတ်တော် ကြားဖြတ် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဲဆန္ဒနယ်မြေကနေ ပြန်လည်အရွေးခံဖို့ ဒီကနေ့ပဲ လျှောက်လွှာတင်ခဲ့တာပါ။

လွှတ်တော်အသီးသီးအတွက် နေရာအများစုမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတဲ့ NLD ပါတီကတော့ ဝင်ပြိုင်မယ့် မဲဆန္ဒနယ်မြေစာရင်း ပထမအသုတ်ကို ဒီကနေ့ စတင်ထုတ်ပြန်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရဖို့ မျှော်လင့်ထားတဲ့ NLD ပါတီဟာ ၈၈ မျိုးဆက် ကျောင်းသားတွေလို ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ ပညာရှင်တွေလို ကိုယ်စားလှယ်လောင်း အသစ်တွေနဲ့ ပါဝင်ယှဉ်ပြိုင်ဖို့လည်း ရည်ရွယ်ထားတာပါ။

အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကလည်း ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် ရန်ကုန်တိုင်းအတွင်းက ကိုယ်စားလှယ်လောင်းစာရင်း ပထမအသုတ်ကို ဒီကနေ့ပဲ ကြေညာခဲ့ပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ ကတော့ ပြန်လည်အရွေးခံမယ့် စာရင်းမှာ မပါဝင်ခဲ့ပေမဲ့ (ကြည်း/ရေ/လေ) တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ရေတပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသူရသက်ဆွေ အပါအဝင် အဆင့်မြင့်စစ်အရာရှိတချို့ ပါဝင်မှာ ဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကိုတော့ နိုင်ငံရေး ပါတီတွေက သြဂုတ်လ ၈ ရက်နေ့ နောက်ဆုံးထား တင်သွင်းဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားပါတယ်။

XS
SM
MD
LG