သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်ခရီး စတင်


ဒေါ်အောင်ဆန်းစုကြည် ဂျပန် တိုကျိုခရီးစဉ်။ (ဧပြီ ၁၇၊ ၂၀၁၃)
ဒေါ်အောင်ဆန်းစုကြည် ဂျပန် တိုကျိုခရီးစဉ်။ (ဧပြီ ၁၇၊ ၂၀၁၃)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သောကြာနေ့မှာ ဂျပန်နိုင်ငံကို လေးရက်ကြာခရီး ထွက်ခွာ မှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာကျင်းပမယ့် ၁၀ ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့အတွက် သွားရောက်တာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက အောက်တိုဘာလ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒီထိပ်သီးအစည်းအဝေးကို ဂျပန်ဝန်ကြီးချုပ် Shinzo Abe က သဘာပတိအဖြစ် ဦးဆောင်ကျင်းပပြီး မဲခေါင်ဒေသ ငါးနိုင်ငံက ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၊ လာအိုဝန်ကြီးချုပ် Thongloun Sisoulith ၊ ထိုင်းဝန်ကြီးချုပ် Prayuth Chan-o-Cha နဲ့ ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc တို့ တက်ရောက်ကြမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အောက်တိုဘာလ ၄ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၀၉ ခုနှစ်ကတည်းက စတင်ကျင်းပလာတဲ့ ဒီအစည်းအဝေးကို ဂျပန်နိုင်ငံံက သုံးနှစ်တကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပတာပါ။ အောက်တိုဘာလ ၉ ရက်နေ့မှာ ကျင်းပမယ့် ဒီနှစ်အစည်းအဝေးအတွင်း အပြန်အလှန် ချိတ်ဆက်မှု၊ လူထုနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုတဲ့ အဓိကကဏ္ဍသုံးခုမှာ ဖွံ့ဖြိုး တိုးတက်မှု နောက်ထပ် အားကောင်းလာအောင် လုပ်ဆောင်ရေးအပေါ် ခေါင်းဆောင်တွေကြား အမြင်ဖလှယ် ဆွေးနွေးကြမယ်လို့ ဂျပန်နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဲဒီနောက် မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခြေခံမူသစ် တခုကို ခေါင်းဆောင်တွေ ချမှတ်ကြမယ်လို့လည်း ဖော်ပြထားပါ တယ်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်ဝန်ကြီးချုပ် Sinzo Abe တို့ သီးခြားတွေ့ဆုံဖို့ရှိပြီး နှစ်နိုင်ငံကြားကိစ္စရပ်တွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒ့ါအပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ Fukushima ဒေသက လယ်ယာလုပ်ငန်းခွင်ကို သွားရောက် လေ့လာဖို့ရှိတယ်လို့ ဂျပန်ကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလကတကြိမ် ဂျပန်နိုင်ငံကို သွားရောက်ဖူးပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်ခရီး စတင်
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG