သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး လူထုသဘောဖြစ်ဖို့ ဒေါ်စုလိုလား


ဒေါ်အောင်ဆန်းစုကြည်အား နီပေါလ်နိုင်ငံရဲ့ မြို့တော် ခတ္တမာဒူ ပြည်သူတွေက လှိုက်လဲှစွာ ကြိုဆိုကြစဉ်။ (ဂျွန် ၁၆၊ ၂၀၁၄)
ဒေါ်အောင်ဆန်းစုကြည်အား နီပေါလ်နိုင်ငံရဲ့ မြို့တော် ခတ္တမာဒူ ပြည်သူတွေက လှိုက်လဲှစွာ ကြိုဆိုကြစဉ်။ (ဂျွန် ၁၆၊ ၂၀၁၄)
မြန်မာနိုင်ငံ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ သူ သမ္မတအဖြစ် အရွေးခံရခြင်း မခံရခြင်းဟာ လူထုရဲ့ဆန္ဒ သဘောထား အရသာ ဖြစ်သင့်တယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နီပေါနိုင်ငံ ခရီးစဉ်တွင်း ပြောဆိုလိုက်ပါတယ်။

"ကျမကို တမင်ရည်ရွယ်ပြီး ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေလို့ပဲ ယုံကြည်ပါတယ်။ ဒါကိုက အကြီးအကျယ် ဝေဖန်စရာဖြစ်တယ်ဆိုတာကို ကျမ မကြာခဏ ပြောခဲ့ပါတယ်။ လူအများအတွက် ရည်ရွယ် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ မဟုတ်လို့ပါ။ လူတယောက်ကို ပစ်မှတ်ထားပြီး ရေးဆွဲတဲ့ဖွဲ့စည်းပုံဟာ ဒီမိုကရေစီမှာ လက်ခံနိုင်စရာမရှိပါဘူး။ အနာဂတ်မှာ ကျမ သမ္မတ ဖြစ်လာဖို့ မဖြစ်လာဖို့ဆိုတာက ပြည်သူတွေရဲ့ သဘောထာ းဆန္ဒနဲ့ပဲ ဆိုင်ပါတယ်။ ဖွဲ့စည်းပုံကို ပြင်ဆင်လိုတဲ့ လူထုရဲ့ ဆန္ဒ၊ ဘယ်သူ့ကို သမ္မတအဖြစ် ရွေးချယ်မလဲဆိုတဲ့ လူထုရဲ့ သဘောထားတွေနဲ့သာ သက်ဆိုင်ပါတယ်။" လို့ လေးရက်တာ နီပေါနိုင်ငံ ခရီးစဉ်အဆုံးသတ်နေ့ ဖြစ်တဲ့ မြို့တော် Katmandu မှာ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မှာပဲ ပြောသွားခဲ့တာပါ။

ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အများစုရဲ့ ထောက်ခံချက်နဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ခွင့်ရှိလာအောင် လက်ရှိ ဖွဲ့စည်းပုံပါ အချက်တချို့ကို ပြင်ဆင်ဖို့ သူ ကြိုးပမ်းနေတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ပိတ်ပင်ထားတာဆိုပြီး အများက ဝေဖန်ပြစ်တင်နေတဲ့ အခြေခံဥပဒေပုဒ်မ ၅၉ (စ) ပါ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ခွင့်မပြုဘူးဆိုပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်ကော်မတီမှာ သဘောထားပေးခဲ့ကြတာကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်တဲ့ အခွင့်အရေး မျှော်လင့်ချက် ပိုပြီးတော့ မှေးမိန်ခဲ့ရပါတယ်။

နီပေါနိုင်ငံ လေးရက်တာ ခရီးစဉ်တွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါသမ္မတ အပါအဝင် နီပေါအစိုးရ အရာရှိတွေ၊ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီကနေ့ တနင်္လာနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံဆီ ပြန်လည် ရောက်ရှိမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ
ဒေါ်အောင်ဆန်းစုကြည် နီပေါခရီးစဉ်
ခတ္တမန္ဓူ ဒီမိုကရေစီ ညီလာခံအတွင်း ဒေါ်စုမိန့်ခွန်းပြော
XS
SM
MD
LG