သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဥရောပ ၄နိုင်ငံခရီးစဉ် အတည်ပြု


နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (Myanmar President Office)
နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (Myanmar President Office)

နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလကုန်မှာ ဥရောပ ၄နိုင်ငံခရီးစဉ်သွားရောက်ဖို့ ရှိသလို မေလအတွင်းမှာတော့ တရုတ်နိုင်ငံ ကိုသွားဖို့ရှိနေပါတယ်။ မေလဆန်းပိုင်းမှာတော့ ကာလအတန်ကြာတည်းက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံကို စတင်နိုင်ဖို့ ညှိနှိုင်းနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှုးချုပ်က ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်တွေ ဆက်တိုက်သွားရောက်ဖို့ သတင်းက အစောပိုင်းကာလတည်းက ထွက်ပေါ်နေခဲ့တာပါ။ အခုတော့ ဧပြီလကုန်ပိုင်းမှာ ဒီခရီးစဉ်တွေ စတင်တော့မှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှုးချုပ်က ဦးဇော်ဌေးက အတည်ပြုပြောဆိုပါတယ်။

“ဧပြီလကုန်ပေါ့နော် ဧပြီလကုန်ပိုင်းမှာ ဥရောပသွားမယ်၊ Belgium ၊ အီတလီ၊ ပြင်သစ်၊ အင်္ဂလန် သွားမယ်။ မေလထဲမှာ တရုတ်နိုင်ငံသွားဖို့ရှိတယ်။

ဒီခရီးစဉ်တွေမှာတော့ Belgium၊ ပြင်သစ်နဲ့ အီတလီဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အာဏာရပြီးတဲ့နောက် ပထမဆုံးသွားရောက်မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။ ၂၀၁၆ခုနှစ် စက်တင်ဘာလတုန်းကတော့ ဗြိတိန်နိုင်ငံကို သွားရောက်ခဲ့ပြီး ဝန်ကြီးချုပ်ထရီဇာမေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အခုသွားရောက်မယ့် ဥရောပ ၄နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိထားပြီး အကူအညီပေးနေ တဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံကိုတော့ NLD အစိုးရဖွဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်နိုင်ငံတော်ခရီးစဉ် အဖြစ်၂၀၁၆ခုနှစ် သြဂုတ်လအတွင်းက သွားရောက်ခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်က ပြန်လာပြီး တရုတ်နိုင်ငံခရီးစဉ် မတိုင်မီ အချိန်မှာတော့ အချိန်အတော်ကြာတည်းက ပြင်ဆင်လာတဲ့ ၂၁ရာစုပင်လုံညီလာခံကို ကျင်းပဖို့ အလားအလာရှိနေပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဦးဇော်ဌေးက

“မေလပေါ့နော် မေလဆန်းပေါ့နော်၊ မေလ ပထမပတ် ၊ ဒုတိယပတ် အဲဒီလောက်မှန်းတာပေါ့နော် ဟိုဘက်ဒီမှာ ညှိနှိုင်းထားတာတော့ရှိတယ် ၊ ရက်သတ်မှတ်တာကတော့ တရားဝင်သတ်မှတ်ဖို့လိုသေးတယ်ပေါ့နော်။”

၂၀၁၇ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် ရည်မှန်းထားသလို ပြီးခဲ့တဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာလည်း နိုင်ငံခေါင်းဆောင်တွေက နှုတ်ခွန်းဆက်ဆုတောင်းစကား ပြောကြားရာမှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိဖို့ မျှော်လင့်ကြောင်း အလေးထားပြောဆို ခဲ့ကြတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG