သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဆိုင်ရာ ဗြိတိန်ပေါ်လစီ ပြောင်းလဲဖွယ်မရှိ


ဗြိတိန်ပါလီမန်ကို ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိစဉ် (၂၀၁၂ခုနှစ် ဇွန်လ ၂၁ ရက်) ဓါတ်ပုံ- UK Parliament Website
ဗြိတိန်ပါလီမန်ကို ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိစဉ် (၂၀၁၂ခုနှစ် ဇွန်လ ၂၁ ရက်) ဓါတ်ပုံ- UK Parliament Website

ဗြိတိန်နိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာအစိုးရကို ထောက်ခံသွားမှာဖြစ်သလို ဒီမိုကရေစီအသွင် ကူးပြောင်းရေး အောင်မြင်ဖို့ ဆက်ပြီး တွန်း အားပေးသွားမှာဖြစ်တယ်လို့ လန်ဒန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ CSW တာဝန်ရှိသူတဦးက ပြောပါတယ်။

မနေ့ စနေ့က သုံးရက်ကြာခရီးစဉ်အဖြစ် ဗြိတိန်နိုင်ငံ ကိုရောက်ရှိလာ တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေ အပါအ ဝင် ဗြိတိန်ပါလီမန်အကြီးအကဲတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကိုဆက်ပြီး တင်ဆက်မှာပါ။

ဇူလိုင်လက ဗြိတိန်ဝန်ကြီးချုပ်အသစ်ဖြစ်လာတဲ့ ထရီစာမေ အနေ နဲ့ မြန်မာနိုင်ငံ အပေါ် ထားရှိတဲ့ မူဝါဒဘယ်လိုရှိမလဲဆို တာ ပြောဖို့ စောနေသေးပေမဲ့ အရင် ဗြိတိန် ဝန်ကြီးချုပ် အဆက်ဆက်ထားခဲ့တဲ့ မူဝါဒအတိုင်းပဲ ဖြစ်လိမ့်မယ်လို့ သုံး သပ်ကြောင်း CSW ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်သွေးစည်ညီညွတ်ရေးအဖွဲ့ အရှေ့အာရှရေးရာဌာန အကြီးအကဲ Benedict Rogers က ဗွီအိုအေကို ပြောပါတယ်။

“ပြောဖို့ အချိန်စောနေသေးတယ်ဆိုပေမဲ့ ဝန်ကြီးချုပ် ထရီစာမေဟာ အရင်မူဝါ ဒတွေအတိုင်းပဲဆက်ပြီး ထားရှိမှာဖြစ်တယ်လို့ ကျနော်မျှော်လင့် ပါ တယ်။ မြန်မာ့ဒီမို ကရေ စီပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးကို အားပေးတာ၊ တိုင်းရင်း သားဒေသတွေက ပဋိပက္ခတွေနဲ့ ဘာသာရေးခွဲခြားမှုတွေအပေါ် စိုးရိမ်မှုတွေကို ဆက်ပြီး ထုတ်ဖေါ်ပြောဆိုတာ၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရကို ထောက်ခံတာ စတာတွေဟာ ဗြိတိန်နိုင်ငံက မြန်မာအပေါ်ထားတဲ့ မူဝါဒတွေဖြစ်ပါတယ်။”

ထရီစာမေဟာ အရင် ဝန်ကြီးချူပ်ဟောင်း ဒေးဗစ်ကင်မရွန်နဲ့ အခြား ဗြိတိန်ဝန်ကြီး ချုပ်တို့နဲ့ မတူတာက မြန်မာအရေးစိတ်ဝင်စား မှုရှိခဲ့တယ် ဆိုတဲ့ နောက်ကြောင်းမျိုး သူမှာ မရှိခဲ့ပေမဲ့ ဒေါ်အောင်ဆန်း စုကြည်တက် ခဲ့တဲ့ နာမည်ကျော် အောက်စဖို့ တက္ကသိုလ်မှာ ပညာ သင်ဘွဲ့ရခဲ့သူဖြစ်တယ်လို့ Benedict Rogers ကဆိုပါတယ်။

ဗြိတိန်နိုင်ငံဟာ ဥရောပသမဂ္ဂလိုပဲ လက်နက်ရောင်းချမှု ပိတ်ပင်ထားတာ ကလွဲ လို့ မြန်မာအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုအားလုံးကို လွန်ခဲ့တဲ့နှစ်တွေ ကတည်းက ရုပ်သိမ်းထားတာပါ။

ဗြိတိန်နိုင်ငံအနေနဲ့ လက်ရှိဒေါ်အောင်ဆန်းစုကြည်ဦးဆောင် တဲ့ မြန်မာအစိုးရ ကို ထောက်ခံအားပေးနေသလို တပြိုင်နက်တည်းမှာပဲ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥ ပဒေအရ လွှတ်တော်မှာ စစ်တပ် ၂၅% ပါဝင်နေတာ၊ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်နေတာ၊ လူမျိုးရေး ဘာသာရေး ခွဲခြားမှုတွေရှိနေ တာတွေ အပေါ် ဖိအားပေးတာမျိုး တွေရှိနေမှာဖြစ်တယ်လို့ Benedict Rogers ကပြောပါတယ်။

“မပြီးပြတ်သေးတဲ့ တိုင်းရင်းသားဒေသတွေက ပဋိပက္ခတွေ၊ ရခိုင်ပြည်နယ်ပြဿနာ စတာတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တဲ့အခါမှာ ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေ က ပြောဆိုဆွေးနွေးလိမ့်မယ်လို့ ကျနော်မြင်ပါတယ်။ တချိန်တည်း မှာပဲ ဒေါ်အောင် ဆန်းစုကြည် အစိုးရက မကြာသေးခင်က ဖွဲ့စည်းလိုက် တဲ့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အရေး အကြံပေးကော်မရှင်ကိစ္စ၊ ၂၁ရာစုပင်လုံညီလာခံ စတင်ကျင်း ပနိုင်ခဲ့တဲ့ကိစ္စတွေကို အလားအလာကောင်းတဲ့ခြေလှမ်းတွေအဖြစ် ဗြိတိန်နိုင်ငံ က ထောက်ခံအားပေးမှာပါ။ ဒါကြောင့် မြန်မာ့ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုကို ဗြိတိန်က ထောက်ခံ သွား မှာဖြစ်သလို ဆက်ပြီးရှိနေတဲ့ စိုးရိမ်ဖွယ် ပြဿနာတွေကို အဖြေရှာနိုင်ရေး ဖိအားပေး သွားမှာဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ခရီးစဉ်အတွင်းမှာ ဗြိတိန်ဝန်ကြီးချုပ်အပါဝင် ထင်ရှားပြီး မြန်မာ့အရေးစိတ်ဝင်စားတဲ့ ဗြိတိန်ပါလီမန် အကြီးအကဲတွေနဲ့ လည်း တွေ့ ဆုံဖို့ရှိနေတာပါ။ ဒီကနေ့ တနင်္ဂနွေနေ့မှာ ဥရောပနဲ့ အရှေ့အလယ် ပိုင်း က မြန်မာသံအမတ်ကြီးတွေနဲ့ လန်ဒန်မြို့မှာတွေ့ဆုံဖို့ရှိပါတယ်။

ဒါအပြင်ခရီးစဉ်အတွင်း လန်ဒန်မှာနေထိုင်နေတဲ့ သားအငယ်ဖြစ်သူ Kim Aris ခေါ် ကိုထိန်လင်း မိသားစုနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမှာဖြစ်တယ်လို့ ခန့် မှန်းပြောဆိုမှုတွေရှိနေပါတယ်။

ဗြိတိန်နိုင်ငံခရီးစဉ်အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စု ကို စက်တင်ဘာလ (၁၄)ရက်နေမှာ ဆက်လက်ထွက်ခွာ လာမှာဖြစ် ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နဲ့ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေ လိုက်ပါသွားတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG