သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေကြောင်းခရီးဘေးကင်းရေး ဥပဒေပြင်ဆင်မယ်


အောင်စိုးမိုးကေ ျာ်ရေယာဉ်နစ်တဲ့ကိစ္စ သတင်းစာရှင်းပွဲ
အောင်စိုးမိုးကေ ျာ်ရေယာဉ်နစ်တဲ့ကိစ္စ သတင်းစာရှင်းပွဲ

အောက်တိုဘာလ ၁၅ ရက်နေ့က ချင်းတွင်မြစ်အတွင်း ဟုမ္မလင်း-မုံရွာ ခရီးသည် တင်ရေယာဉ် နစ်မြုပ်မူနဲ့ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရက မုံရွာမြို့မှာ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ရာမှာတော့ နောက်ထပ်အလားတူ ရေယာဉ် တိမ်းမှောက် တာတွေ ထပ်မဖြစ်ရေး ကာကွယ်တဲ့ အနေနဲ့ ရေယာဉ်ပြေးဆွဲရေး ဆိုင်ရာ ဥပဒေကို လွှတ်တော်မှာ ပြင်ဆင်သင့်တာတွေ ပြင်ဆင်မယ်လို့ ပြောဆို သွားပါတယ်။ VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ် ။

ချင်းတွင်းမြစ်ကြောင်းတလျှောက် ဟုမ္မလင်းမြို့ကနေ မုံရွာမြို့ကို ခရီးသည်တွေ တင်လာတဲ့ အောင်စိုးမိုးကျော်ရေယာဉ် နစ်မြုပ်ခဲ့ပြီးနောက် တပတ်ခန့် အကြာမှာ တိုင်းဒေသအစိုးရက အောက်တိုဘာလ ၂၂ ရက် ဒီကနေ့ မုံရွာမြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ရေယာဉ်ဟာ မတော်တဆ တိမ်းမှောက်ခဲ့တာမဟုတ်ပဲ ရေယာဉ်ပေါ်မှာ ခရီး သည်တွေ အဆမတန် တင်ထားတာကြောင့် အခုလို တိမ်းမှောက်မှု ဖြစ်ရတယ်လို့ လည်း အစိုးရဘက်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။ ဒီသတင်းစာ ရှင်းလင်းပွဲကို ဦးဆောင် ပြုလုပ်ခဲ့တဲ့ လျှပ်စစ်နဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်း ပြောသွားတာကတော့ -

“ ဒီဟာကတော့ အဆမတန် တင်လို့ဖြစ်တာပါ၊ အဲဒီတော့ အဆမတန်တင်တာ အခုဒီဟာ အနည်းဆုံး ၂၃၉ ဦးလောက် ပါတယ်လေ ”

ဒါ့အပြင် အသက်ရှင် လွတ်မြောက်သူတွေနဲ့ ရေနစ်မြုပ်မူအတွင်း သေဆုံးသူတွေ အတွက် ထောက်ပံ့မယ့်ကိစ္စ အပါအဝင် ၂၀၁၂ ခုနှစ်ကရေး ဆွဲထားတဲ့ စစ်ကိုင်း တိုင်းဒေသကြီး ပုဂ္ဂလိကပိုင်ရေယာဉ်များ စံနစ်တကျပြေး ဆွဲနိူင်ရေး ဥပဒေနဲ့ ပတ်သက်လို့ အားနည်းချက်တွေကို ပြင်ဆင် သွားမယ်ဆိုပြီး VOA က ဆက်သွယ်ေ မးမြန်းစဉ်မှာ ပြောဆိုခဲ့ပါတယ်။

“ ပြောရမယ်ဆိုရင်တော့ အကုန်လုံးမှာ တာဝန်ရှိတာ။ ရတကမှာလဲ တာဝန်ရှိတ ယ်၊ မော်တော်ယာဉ် အသင်းများမှာလဲ တာဝန်ရှိတယ်၊ ရေယာဉ်မောင်း ရေယာဉ် ပိုင်ရှင်များမှာလဲ တာဝန်ရှိတယ်။ အဲဒီတော့ ဒီဟာတွေကို ရတကတွေက သူတို့မှာ လုပ်ပိုင်ခွင့်မရှိဘူး သူတို့ရဲ့ ကြပ်မတ်မှုကို မလိုက်နာဘူး ရေယာဉ်တွေက မလိုက် နာဘူးဆိုတာကို တင်ပြတာ ရှိတယ်။ အဲဒီအခါကျတော့ အသံတွေ နားထောင်နေ ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များ ရေယာဉ်ပိုင်ရှင်များ ရစခများ သူတို့ရဲ့ အသံကို နားထောင်ပြီးတော့ ဒီ ၂၀၁၂ ခုနှစ်က ပြဌာန်းထားတဲ့ ပုဂ္ဂလိက ရေယာဉ် များ သတိနဲ့ပြေးဆွဲရေးမူကို - ခရီးသည်တွေကို ဘာအားနည်းချက် ရှိလဲ - အဲဒါေ တွကို ပြင်ပါ့မယ်။ တကယ်လို့ မလိုအပ်တာတွေ ဖျက်စေချင်တယ်ဆိုရင်လဲ ပြန်ပြီး သုံးသပ်ပါ့မယ်”

နစ်မြုပ် အောင်စိုးမိုးကျော် ရေယာဉ်ကိစ္စ သတင်းစာရှင်းပွဲ
နစ်မြုပ် အောင်စိုးမိုးကျော် ရေယာဉ်ကိစ္စ သတင်းစာရှင်းပွဲ

ရေယာဉ်ပေါ် လိုက်ပါလာသူ အနည်းဆုံး ၂၃၀ ကျော်ရှိနေပြီး၊ အလောင်းတွေ မတွေ့ပဲ ပျောက်ဆုံးသူတွေလည်းရှိနေတာပါ။ အောင်စိုးမိုးကျော် ရေယာဉ်ဟာ စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေး၀ ဂိတ်ကနေ ခရီးသည် ၂၀၀ ကျော် တင်ဆောင်လာပြီး ကနီမြို့နယ် မိချောင်းတွင်းကျေးရွာ အနီးမှာ နစ်မြုပ်ခဲ့တာပါ။ နီးစပ်ရာကျေးရွာ သားတွေ ဟိတသုခ လူမူရေးအသင်း ကင်းရွာ ပရဟိတအဖွဲ့တွေနဲ့ ကယ်ဆယ်ရေး လုပ်သားတွေက ကယ်ဆယ်ခဲ့တာကြောင့် လူ၁၆၀ နီးပါးသာ အသက်ရှင်ခဲ့တာပါ။ နောက်ထပ် ဒီလို မဖြစ်ရအောင် ရေယာဉ် ဥပဒေနဲ့ ပတ်သက်လို့ အားနည်းချက်တွေကို ပြင်ဆင်မယ်လို့အစိုးရပိုင်းကပြော ဆိုနေချိန်မှာပဲ လက်ရှိဥပဒေ ထဲမှာပါတဲ့ အချက်တွေ ကိုတောင် တာဝန်ရှိသူတွေက လိုက်နာကျင့်သုံး တာမျိုးမလုပ်ခဲ့ဘူး ဆိုပြီးဒေသခံတွေက ဆိုပါတယ်။

“ နဂိုတုန်းကပေ့ါနော်၊ ဒီ ဥပဒေထုတ်ပြန်ထားတာ ရှိတယ်။ ရေဥပဒေ ထုတ်ပြန်ထား တာဆိုတာ ရှိပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ မှာပေါ့နော်။ အဲဒီဥပဒေ ထဲမှာေ တာင်မှ ပါနေတဲ့ ဥပဒေအချက်အလက် လေးတောင်မှ လက်ရှိအမြန်ယာဉ် မောင်း သမားတွေ၊ ရေယာဉ် ပိုင်ရှင်တွေတောင်မှ မလိုက်နာတဲ့ အချက်တွေ အများကြီးရှိ တယ်။ လိုအပ်မှုတွေကတော့ ဒီဥပဒေထဲမှာ အများကြီးရှိတယ်။ ဥပဒေထဲမှာ ပြဌာန်း ထားပေမယ့် ရေယာဉ် ပိုင်ရှင်တွေ အမောင်းသမားတွေက ဥပဒေချိုးဖေါက်တာ မျိုးတွေလဲ ကျနော်တို့ တွေ့နေရတယ်”

ရေယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးပျောက်ဆုံး သူတွေထဲမှာ သာမန်အရပ်သား ခရီးသည်တွေနဲ့ ကျန်မားရေး ဝန်ထမ်းတွေ သီတင်း ကျွတ်ကျောင်း ပိတ်ရက်မှာ ပြန်လာတဲ့ ပညာရေးဝန်ထမ်းတွေ အများဆုံးပါဝင်တာပါ။ ဒီရေယာဉ် တိမ်းမှောက် နစ်မြုပ်မူနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ အမျိုးမျိုး ထွက်ပေါ်နေချိန်မှာပဲ အစိုးရဘက်ကတော့ ၅ရက်အကြာမှ ဝမ်းနည်းကြောင်း သတင်း ထုတ်ပြန်ခဲ့ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ကြည်းကတော့ ၆ ရက်အကြာမှာ ဝမ်းနည်းကြောင်း သတင်းထုတ်ပြန်ကာ ရေယာဉ် နစ်မြုပ်ပြီးတဲ့နောက် ကူညီ ကယ်ဆယ်ရေး လုပ်ခဲ့တဲ့ တပ်မတော်သားတွေကိုတော့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်သွားမယ်လို့ သတင်းထုတ်ပြန် ခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG