သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပေးဖို့တောင်းဆိုမှု မြန်မာစစ်ကောင်စီလက်မခံ


မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen (ဇန်နဝါရီ ၂၊ ၂၀၂၂/ယခင်မှတ်တမ်းဓာတ်ပုံ) 
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen (ဇန်နဝါရီ ၂၊ ၂၀၂၂/ယခင်မှတ်တမ်းဓာတ်ပုံ) 

[[Zawgyi/Unicode]]

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နဲ့ မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးကြစဉ်မှာ အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ အထိန်းသိမ်းခံနေရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို တွေ့ဆုံခွင့်ရဖို့ မေးမြန်းတောင်းဆိုခဲ့ရာမှာ လတ်တလောအခြေအနေအရ မဖြစ်နိုင်သေးဘူးလို့ မြန်မာစစ်ခေါင်းဆောင်ဘက်က တုံ့ပြန်ခဲ့ပါတယ်။ တရားဥပဒေအရ ရင်ဆိုင်နေဆဲအခြေအနေမို့ မဖြစ်နိုင်တာလို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“တွေ့ဆုံခွင့်ပေးနိုင်တဲ့အခြေအနေမျိုး ရှိလားဆိုတဲ့ဟာမျိုး မေးမြန်းခဲ့တာရှိပါတယ်။ ကျနော်တို့အနေနဲ့ကတော့ တရားဥပဒေအရ ရင်ဆိုင်နေဆဲအချိန်မှာတော့ ကျနော်တို့အနေနဲ့ကတော့ တွေ့ဆုံနိုင်ဖို့မဖြစ်နိုင်သေးဘူးဆိုတဲ့အကြောင်းလေး ကျနော်တို့ ပြောခဲ့ပါတယ်။”

အာဆီယံရဲ့ မြန်မာဆိုင်ရာအထူးကိုယ်စားလှယ် Prak Sokhonn ရဲ့ ဒုတိယမြောက် မြန်မာခရီးစဉ် ကတော့ အခု မေလကုန်ပိုင်းလောက်မှာ ဖြစ်နိုင်ကြောင်းလည်း ကမ္ဘောဒီးယားဘက်က ပြောဆိုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှု၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဥပဒေချိုးဖောက်မှု စတဲ့ အမှုပေါင်း ၁၀ မှုကျော်နဲ့ စစ်ကောင်စီဘက်က စွဲချက်တင်ထားပြီး လတ်တလောအားဖြင့် ထောင်ဒဏ် ၁၁ နှစ်အထိ ချမှတ်ထားပါတယ်။ ကျန်အမှုအတော်များများက တရားရုံးမှာ ရင်ဆိုင်နေရဆဲပါ။

ဒေါ်အောင်ဆန်းကြည်နဲ့ သြစတြေးလျနိုင်ငံသား Sean Turnell တို့ကို ပြန်လွှတ်ပေးဖို့လည်း ကမ္ဘောဒီယားဝန်ကြီးချုပ်ဘက်က မြန်မာစစ်ခေါင်းဆောင်ကို တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ဖမ်းဆီးထားသူတွေဟာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရတာမဟုတ်ဘဲ တည်ဆဲ ဥပဒေတခုခုကို ချိုးဖောက်လို့ ဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။

မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းဇယားအရဆိုရင်တော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးတရားစွဲဆိုခံရသူ ၁၀,၅၀၀ ကျော်သွားပြီး စစ်ကောင်စီလက်ချက်နဲ့ သေဆုံးသူဟာလည်း ၁,၈၀၀ ကျော်သွားပြီလို့ ဆိုပါတယ်။ မြန်မာစစ်ကောင်စီဘက်ကတော့ AAPP စာရင်းဇယားတွေဟာ ချဲ့ကားလွန်းတယ်ဆိုပြီး အတည်မပြုပါဘူး။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]





==============

XS
SM
MD
LG