သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ တရားမဲ့ဖမ္းဆီးခံရဟု ကုလအလုပ္အဖြဲ႔ကို တိုင္ၾကား


ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ (ယခင္ မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]


ဖမ္းဆီးခံေနရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ဟာ တရားမဲ့ ဖမ္းဆီးခံရတာဆိုၿပီး ဥပေဒမဲ့ဖမ္းဆီးမႈဆိုင္ရာ ကုလအလုပ္အဖြဲ႕ကို မိသားစုက တိုင္ၾကားလိုက္တယ္လို႔ ေရွ႕ေနျဖစ္သူေတြက AFP သတင္းဌာနကို ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ အသက္ ၇၆ ခုႏွစ္အ႐ြယ္ ႏိုဗယ္ၿငိမ္းခ်မ္းဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္ကို ဖမ္းဆီးထိန္းသိမ္းထားၿပီး အဂတိမႈအပါအဝင္ အမႈအေတာ္ မ်ားမ်ားနဲ႔ စြဲခ်က္တင္ထားပါတယ္။ သူ ဖမ္းဆီးခံထားရမႈဟာ တရား႐ုံးတင္ျပန္ေပးဆြဲမႈျဖစ္တယ္လို႔ ဆိုၿပီး ကုလအလုပ္အဖြဲ႔ကို တိုင္ၾကားတဲ့ အဲဒီစာထဲမွာ ေဖာ္ျပထားပါတယ္။

အမႈမွာ လူ႔အခြင့္အေရးေရွေနႏွစ္ဦးက မိသားစုကိုယ္စား ဥပေဒမဲ့ဖမ္းဆီးမႈဆိုင္ရာ ကုလအလုပ္အဖြဲ႔ ကို တိုင္ၾကားခဲ့တာပါ။ ေဒၚေအာင္ဆန္းစုၾကည္ကို ဖမ္းဆီးထားမႈဟာ တရားမဝင္သလို ဥပေဒအေျခခံအခ်က္အလက္ေတြနဲ႔လည္း လြဲေခ်ာ္ေနၿပီး သူ႔ကိုစစ္တဲ့ တရား႐ုံးေတြဟာလည္း အေျခခံက်တဲ့ဥပေဒလုပ္ထုံးလုပ္နည္းေတြကို ခ်ိဳးေဖာက္ေနတယ္လို႔ အဲဒီ တိုင္ခ်က္မွာ ေဖာ္ျပထားေၾကာင္း AFP သတင္းဌာနက ေရးပါတယ္။

ဒါဟာ တရားခြင္သေဘာ ဟန္ျပၿပီး ျပန္ေပးဆြဲထားတဲ့လုပ္ရပ္ျဖစ္တယ္လို႔လည္း ဆိုပါတယ္။ လက္ရွိမွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ အမႈေပါင္း ၁၀ မႈေက်ာ္ရင္ဆိုင္ေနရၿပီး လက္ရွိမွာ ေထာင္ဒဏ္ ၁၁ ႏွစ္ခ်မွတ္ခံထားရပါတယ္။ ဒါေပမယ့္ သူ႔ကို အက်ဥ္းေထာင္ကို မပို႔ေသးဘဲ သီးျခားေနအိမ္မွာပဲ ထားတယ္လို႔သိရပါတယ္။

မၾကာခင္ျမန္မာျပည္လာမယ့္ အာဆီယံအထူးကိုယ္စားလွယ္ကို ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ခြင့္ေပးဖို႔ ႏိုင္ငံတကာက ေတာင္းဆိုထားၾကပါတယ္။ ျမန္မာစစ္ေကာင္စီဘက္ကေတာ့ တရားရင္ဆိုင္ဆဲကာလမွာ ေတြ႕ခြင့္မရႏိုင္ေသးဘူးလို႔ အခုအခ်ိန္ထိ တုံ႔ျပန္ေျပာဆိုေနပါတယ္။

#AungSanSuuKyi #MyanmarMilitaryCoup #VOABurmese #ေဒၚေအာင္ဆန္းစုၾကည္ #တရားမဲ့ဖမ္းဆီးခံရ #ကုလအလုပ္အဖြဲ႔ #ဗီြအိုေအ

==============

[[Unicode]]

ဒေါ်အောင်ဆန်းစုကြည် တရားမဲ့ဖမ်းဆီးခံရဟု ကုလအလုပ်အဖွဲ့ကို တိုင်ကြား

ဖမ်းဆီးခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ တရားမဲ့ ဖမ်းဆီးခံရတာဆိုပြီး ဥပဒေမဲ့ဖမ်းဆီးမှုဆိုင်ရာ ကုလအလုပ်အဖွဲ့ကို မိသားစုက တိုင်ကြားလိုက်တယ်လို့ ရှေ့နေဖြစ်သူတွေက AFP သတင်းဌာနကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အသက် ၇၆ ခုနှစ်အရွယ် နိုဗယ်ငြိမ်းချမ်းဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး အဂတိမှုအပါအဝင် အမှုအတော် များများနဲ့ စွဲချက်တင်ထားပါတယ်။ သူ ဖမ်းဆီးခံထားရမှုဟာ တရားရုံးတင်ပြန်ပေးဆွဲမှုဖြစ်တယ်လို့ ဆိုပြီး ကုလအလုပ်အဖွဲ့ကို တိုင်ကြားတဲ့ အဲဒီစာထဲမှာ ဖော်ပြထားပါတယ်။

အမှုမှာ လူ့အခွင့်အရေးရှေနေနှစ်ဦးက မိသားစုကိုယ်စား ဥပဒေမဲ့ဖမ်းဆီးမှုဆိုင်ရာ ကုလအလုပ်အဖွဲ့ ကို တိုင်ကြားခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားမှုဟာ တရားမဝင်သလို ဥပဒေအခြေခံအချက်အလက်တွေနဲ့လည်း လွဲချော်နေပြီး သူ့ကိုစစ်တဲ့ တရားရုံးတွေဟာလည်း အခြေခံကျတဲ့ဥပဒေလုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်နေတယ်လို့ အဲဒီ တိုင်ချက်မှာ ဖော်ပြထားကြောင်း AFP သတင်းဌာနက ရေးပါတယ်။

ဒါဟာ တရားခွင်သဘော ဟန်ပြပြီး ပြန်ပေးဆွဲထားတဲ့လုပ်ရပ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၀ မှုကျော်ရင်ဆိုင်နေရပြီး လက်ရှိမှာ ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရပါတယ်။ ဒါပေမယ့် သူ့ကို အကျဉ်းထောင်ကို မပို့သေးဘဲ သီးခြားနေအိမ်မှာပဲ ထားတယ်လို့သိရပါတယ်။

မကြာခင်မြန်မာပြည်လာမယ့် အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ နိုင်ငံတကာက တောင်းဆိုထားကြပါတယ်။ မြန်မာစစ်ကောင်စီဘက်ကတော့ တရားရင်ဆိုင်ဆဲကာလမှာ တွေ့ခွင့်မရနိုင်သေးဘူးလို့ အခုအချိန်ထိ တုံ့ပြန်ပြောဆိုနေပါတယ်။

#AungSanSuuKyi #MyanmarMilitaryCoup #VOABurmese #ဒေါ်အောင်ဆန်းစုကြည် #တရားမဲ့ဖမ်းဆီးခံရ #ကုလအလုပ်အဖွဲ့ #ဗွီအိုအေ

==============

XS
SM
MD
LG