[[Zawgyi/Unicode]]
ေဒၚေအာင္ဆန္းစုၾကည္ကို စြဲဆိုထားတဲ့ အက်င့္ပ်က္ျခစားမႈကို တနလၤာေန႔မွာ မဆုံးျဖတ္ေသးဘဲ တရား႐ုံးက ေ႐ႊ႕ဆိုင္းလိုက္တယ္လို႔ စစ္ေကာင္စီ ေျပာေရးဆိုခြင့္ရွိသူက ေအအက္ဖ္ပီသတင္းဌာနကို ေျပာပါတယ္။
အာဏာသိမ္းကတည္းက စစ္တပ္ဟာ ေဒၚေအာင္ဆန္းစုၾကည္ကို ဖမ္းဆီးခဲ့ၿပီး ပုဒ္မအမ်ိဳးမ်ိဳးနဲ႔ တရားစြဲဆိုခဲ့တာပါ။ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္အက္ဥပေဒ၊ အက်င့္ပ်က္ ျခစားမႈ၊ ေ႐ြးေကာက္ပြဲအမႈ အပါအဝင္ ပုဒ္မအမ်ိဳးမ်ိဳးနဲ႔ စြဲဆိုခဲ့တာ ျဖစ္ပါတယ္။
ဒီေန႔ ဆုံးျဖတ္မယ့္အမႈကေတာ့ ယခင္ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ဆီကေန အေမရိကန္ ေဒၚလာ ၆ သိန္း နဲ႔ ေ႐ႊ ၇ ပိႆာ ကို ၃ ခါ ခြဲယူခဲ့တယ္လို႔ စြပ္စြဲထားတဲ့အမႈ ျဖစ္ပါတယ္။ “ဒီကေန႔ ဆုံးျဖတ္ခ်က္ မခ်ဘူး” လို႔ စစ္ေကာင္စီ ေျပာေရးဆိုခြင့္ ရွိသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေအအက္ဖ္ပီ သတင္းဌာန ကို ေျပာပါတယ္။
တရား႐ုံး ကို သတင္းေထာက္ေတြ လာခြင့္ မရွိသလို ေရွ႕ေနေတြကိုလည္း အမႈအေၾကာင္း မေျပာဆိုရလို႔ စစ္ေကာင္စီက ပိတ္ပင္ထားပါတယ္။
အာဏာသိမ္းၿပီးကတည္းက စစ္ေကာင္စီက သတ္ျဖတ္ခဲ့သူ ၁,၇၈၀ ေက်ာ္ ရွိၿပီး ဖမ္းဆီးခဲ့သူ ၁၀,၀၀၀ ေက်ာ္ ရွိတယ္လို႔ AAPP ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္းက ေျပာပါတယ္။ AAPP ရဲ႕ ဒီစာရင္းေတြကို ျမန္မာစစ္ေကာင္စီက အတည္ျပဳမထားပါဘူး။
==========
[[Unicode]]
ဒေါ်အောင်ဆန်းစုကြည်ကို စွဲတဲ့အဂတိမှု အမိန့်ချဖို့ တရားရုံးရွှေ့ဆိုင်း
ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အကျင့်ပျက်ခြစားမှုကို တနင်္လာနေ့မှာ မဆုံးဖြတ်သေးဘဲ တရားရုံးက ရွှေ့ဆိုင်းလိုက်တယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။
အာဏာသိမ်းကတည်းက စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပြီး ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆိုခဲ့တာပါ။ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ၊ အကျင့်ပျက် ခြစားမှု၊ ရွေးကောက်ပွဲအမှု အပါအဝင် ပုဒ်မအမျိုးမျိုးနဲ့ စွဲဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ ဆုံးဖြတ်မယ့်အမှုကတော့ ယခင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဆီကနေ အမေရိကန် ဒေါ်လာ ၆ သိန်း နဲ့ ရွှေ ၇ ပိဿာ ကို ၃ ခါ ခွဲယူခဲ့တယ်လို့ စွပ်စွဲထားတဲ့အမှု ဖြစ်ပါတယ်။ “ဒီကနေ့ ဆုံးဖြတ်ချက် မချဘူး” လို့ စစ်ကောင်စီ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက အေအက်ဖ်ပီ သတင်းဌာန ကို ပြောပါတယ်။
တရားရုံး ကို သတင်းထောက်တွေ လာခွင့် မရှိသလို ရှေ့နေတွေကိုလည်း အမှုအကြောင်း မပြောဆိုရလို့ စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။
အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီက သတ်ဖြတ်ခဲ့သူ ၁,၇၈၀ ကျော် ရှိပြီး ဖမ်းဆီးခဲ့သူ ၁၀,၀၀၀ ကျော် ရှိတယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ပြောပါတယ်။ AAPP ရဲ့ ဒီစာရင်းတွေကို မြန်မာစစ်ကောင်စီက အတည်ပြုမထားပါဘူး။
==========