သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Aurora လူသားချင်းစာနာမှုဆု ဦးကျော်လှအောင်ရရှိ


Aurora လူသားချင်းစာနာမှုဆု ဦးကျော်လှအောင်ရရှိ (auroraprize.com)
Aurora လူသားချင်းစာနာမှုဆု ဦးကျော်လှအောင်ရရှိ (auroraprize.com)

ရိုဟင်ဂျာတွေ အတွက် တန်းတူခွင့်ပညာသင်ကြားခွင့်နဲ့ လူ့အခွင့်အရေး တွေ အတွက် နှစ်မြုပ်ဆောင်ရွက်ခဲ့မှု အတွက် ရှေ့နေ ဦးကျော်လှအောင်ကို Aurora ဆု ချီးမြှင့်လိုက်ပြီး ဒေါ်လာ ၁ သန်း ၁ သိန်း ဆုချီးမြှင့်လိုက်ပါတယ်။ အာမေးနီးယား လူမျိုးတုံးသတ်ဖြတ်မှုကနေ လွတ်မြောက်လာသူတွေရဲ့ ကိုယ်စား Aurora လူသားချင်းစာနာမှုဆိုင်ရာ ဦးဆောင်လှုပ်ရှားမှုက ပေးအပ်တဲ့ ၂၀၁၈ ခုနှစ် အတွက် Aurora ဆုကို ရိုဟင်ဂျာ ရှေ့နေ ဦးကျော်လှအောင်ကို ချီးမြှင့်ခဲ့တာပါ။

နိုင်ငံပေါင်း ၁၁၅ နိုင်ငံကနေ အမည်စာရင်း တင်သွင်းခံရသူ ၇၅၀ ထဲကနေ ရှေ့နေ ဦးကျော်လှအောင်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် အတွက် Aurora ဆုရှင် ဦးကျော်လှအောင် အနေနဲ့ ဒေါ်လာ ၁ သိန်း လက်ခံရရှိမှာ ဖြစ်ပြီး ဒေါ်လာ ၁ သန်းကိုတော့ သူရွေးချယ်တဲ့ အဖွဲ့အစည်းတွေကို လှုဒါန်းခွင့်လည်း ရမှာ ဖြစ်ပါတယ်။

လက်ခံရရှိမယ့် ဆုငွေထဲက ဒေါ်လာ ၁ သန်းကိုတော့ ရှေ့နေ ဦးကျော်လှအောင်က နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (လန်ဒန်)၊ မလေးရှားနိုင်ငံရေး ဆေးဘက်ဆိုင်ရာ အကူအညီပေးရေး အဖွဲ့ - MERCY Malaysia နဲ့ ဒုက္ခသည်၊ အိုးအိမ်ရွှေ့ပြောင်းကြရသူတွေ အရေး စောင်ရွက်တဲ့ နိုင်ငံတကာ ကက်သလစ် ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ ကော်မရှင် ICMC တို့ကို လှုဒါန်မှာဖြစ်ကြောင်းလည်း Aurora ရဲ့ အင်တာနက် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံမဲ့ ဖြစ်နေကြတဲ့ ရိုဟင်ဂျာတွေ အတွက် အခြေခံ လူ့အခွင့်အရေး ရရှိအောင် ဦးကျော်လှအောင်က သူ့ရဲ့ ရှေ့နေ ပညာနဲ့ ကြိုးပမ်းခဲ့ကြောင်း၊ အစိုးရရဲ့ ဖိနှိပ်ခံရတဲ့ သိန်းနဲ့ချီတဲ့ မူဆလင်တွေ အရေး ၊ ပညာသင်ကြားခွင့်မရတဲ့ ကလေးငယ်တွေ အရေးကို တရားရေး လမ်းကြောင်းကနေ ခိုင်ခိုင်မာမာ ဆောင်ရွက်ခဲ့တယ်လို့လည်း Aurora ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ သူ့ရဲ့ ဆောင်ရွက်ချက်တွေကြောင့်ဘဲ ထောင်ထဲမှာ ၁၂ နှစ် နေထိုင်ခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG