သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Australia သတင္းစာႀကီးေတြ သတင္းလြတ္လပ္ခြင့္ ဆႏၵထုတ္ေဖာ္


Australia ႏိုင္ငံရဲ႕ သတင္းစာႀကီးမ်ား

Australia ႏိုင္ငံမွာ သတင္းလြတ္လပ္ခြင့္ကို ထိခိုက္တဲ့ ဥပေဒေတြကိုကန္႔ကြက္တဲ့အေနနဲ႔ ဒီကေန႔ ထုတ္ေဝတဲ့ အထင္ကရ သတင္းစာႀကီးေတြရဲ႕ မ်က္ႏွာဖံုးေတြမွာ စာသားေတြကို မွင္အမည္းေတြနဲ႔အုပ္ၿပီး အႀကီးအက်ယ္ ဆင္ဆာျဖတ္ခံထားရတဲ့ ပံုစံမ်ဳိး ထုတ္ေဝခဲ့ၾကပါတယ္။

ႏိုင္ငံေတာ္လံုၿခံဳေရးဆိုၿပီး အစိုးရဘက္က သတင္းမီဒီယာေတြအေပၚ လွ်ိဳ႕ဝွက္မႈေတ ြပိုမ်ားလာသလို သတင္းစံုစမ္းတဲ့သတင္းေထာက္ေတြ ရာဇဝတ္မႈနဲ႔တရားစြဲခံရမယ့္ အႏၱရာယ္ပိုမ်ားလာေနတယ္လို႔ အယ္ဒီတာေတြက ေျပာၾကပါတယ္။

ဒါေၾကာင့္ ဒီကေန႔ထုတ္ေဝတဲ့ Canberra Times, Sydney Morning Herald, Daily Telegraph, Financial Review, The Australian စတဲ့ သတင္းစာႀကီးေတြရဲ႕ အေ႐ွ႕မ်က္ႏွာဖံုးမွာ ဆင္ဆာျဖတ္ခံထားရလို႔ မွင္အမည္းေတြနဲ႔ တားခံထားရတဲ့ပံုစံမ်ဳိးေဖာ္ျပ ထုတ္ေဝခဲ့ၾကပါတယ္။

အမွန္တရားကို အစိုးရမေျပာခ်င္တာ ဘာကိုဖံုးကြယ္ထားခ်င္လို႔လည္းဆိုတဲ့ အဓိပၸါယ္ေပၚလြင္ေအာင္ သတင္းစာမ်က္ႏွာဖံုးေတြမွာ မွင္အမည္းတားၿပီး ေဖာ္ျပခဲ့ၾကပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ၂၀၀၁ ခုႏွစ္ စက္တင္ဘာ ၁၁ ရက္က အၾကမ္းဖက္ တိုက္ခိုက္မႈခံခဲ့ရၿပီးထဲကဆိုရင္ Australia ပါလီမာန္က အတည္ျပဳခဲ့တဲ့ အၾကမ္းဖက္မႈတန္ျပန္ေရးနဲ႔ လံုၿခံဳေရးဥပေဒေပါင္း ၇၀ ေက်ာ္႐ွိေနတယ္လို႔ သတင္းမီဒီယာ လုပ္ငန္းႀကီးေတြက ေထာက္ျပေနၾကပါတယ္။

အတိမ္းအေစာင္းမခံႏိုင္တဲ့ အခ်က္အလက္ေတြကုိ သိ႐ွိခြင့္မရေအာင္လုပ္ထားတဲ့ ဥပေဒေတြကို သတင္းေထာက္ေတြကို ျခြင္းခ်က္ေပးဖုိ႔ သတင္းလြတ္လပ္ခြင့္ဆိုင္ရာ ဥပေဒကို စနစ္တက်ျပဌာန္းဖို႔နဲ႔ အသေရဖ်က္မႈနဲ႔ တရားစြဲႏိုင္တယ္လို႔ သတ္မွတ္ထားတဲ့ သတ္မွတ္ခ်က္ေတြကို ေလွ်ာ့ေပါ့ေပးဖုိ႔ အစုိးရအေပၚေတာင္းဆိုမႈေတြ မ်ားလာေနခ်ိန္မွာ ခုလို အထင္ကရသတင္းစာႀကီးေတြက တညီတၫြတ္ထဲ ဆႏၵျပၾကတာျဖစ္ပါတယ္။

Australia ႏိုင္ငံရဲ႕ တရားဥပေဒ စိုးမိုးေရးနဲ႔ ေထာက္လွမ္းေရးဌာနေတြရဲ႕ေဆာင္႐ြက္မႈက သတင္းလြတ္လပ္ခြင့္အေပၚ ဘယ္ေလာက္သက္ေရာက္မႈ ႐ွိေနသလဲဆိုတာကို စံုစမ္းေပးဖုိ႔ အစိုးရကေတာ့ လႊတ္ေတာ္ေကာ္မတီတခုကို ေတာင္းဆိုထားတာပါ။ ေကာ္မတီေတြ႔႐ွိခ်က္ကို ေ႐ွ႕လမွာ အစီရင္ခံစာတင္ရမွာ ျဖစ္ပါတယ္။

[Unicode Version]

Australia နိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ကို ထိခိုက်တဲ့ ဥပဒေတွေကိုကန့်ကွက်တဲ့အနေနဲ့ ဒီကနေ့ ထုတ်ဝေတဲ့ အထင်ကရ သတင်းစာကြီးတွေရဲ့ မျက်နှာဖုံးတွေမှာ စာသားတွေကို မှင်အမည်းတွေနဲ့အုပ်ပြီး အကြီးအကျယ် ဆင်ဆာဖြတ်ခံထားရတဲ့ ပုံစံမျိုး ထုတ်ဝေခဲ့ကြပါတယ်။

နိုင်ငံတော်လုံခြုံရေးဆိုပြီး အစိုးရဘက်က သတင်းမီဒီယာတွေအပေါ် လျှို့ဝှက်မှုတေ ွပိုများလာသလို သတင်းစုံစမ်းတဲ့သတင်းထောက်တွေ ရာဇဝတ်မှုနဲ့တရားစွဲခံရမယ့် အန္တရာယ်ပိုများလာနေတယ်လို့ အယ်ဒီတာတွေက ပြောကြပါတယ်။

ဒါကြောင့် ဒီကနေ့ထုတ်ဝေတဲ့ Canberra Times, Sydney Morning Herald, Daily Telegraph, Financial Review, The Australian စတဲ့ သတင်းစာကြီးတွေရဲ့ အရှေ့မျက်နှာဖုံးမှာ ဆင်ဆာဖြတ်ခံထားရလို့ မှင်အမည်းတွေနဲ့ တားခံထားရတဲ့ပုံစံမျိုးဖော်ပြ ထုတ်ဝေခဲ့ကြပါတယ်။

အမှန်တရားကို အစိုးရမပြောချင်တာ ဘာကိုဖုံးကွယ်ထားချင်လို့လည်းဆိုတဲ့ အဓိပ္ပါယ်ပေါ်လွင်အောင် သတင်းစာမျက်နှာဖုံးတွေမှာ မှင်အမည်းတားပြီး ဖော်ပြခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က အကြမ်းဖက် တိုက်ခိုက်မှုခံခဲ့ရပြီးထဲကဆိုရင် Australia ပါလီမာန်က အတည်ပြုခဲ့တဲ့ အကြမ်းဖက်မှုတန်ပြန်ရေးနဲ့ လုံခြုံရေးဥပဒေပေါင်း ၇၀ ကျော်ရှိနေတယ်လို့ သတင်းမီဒီယာ လုပ်ငန်းကြီးတွေက ထောက်ပြနေကြပါတယ်။

အတိမ်းအစောင်းမခံနိုင်တဲ့ အချက်အလက်တွေကို သိရှိခွင့်မရအောင်လုပ်ထားတဲ့ ဥပဒေတွေကို သတင်းထောက်တွေကို ခြွင်းချက်ပေးဖို့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေကို စနစ်တကျပြဌာန်းဖို့နဲ့ အသရေဖျက်မှုနဲ့ တရားစွဲနိုင်တယ်လို့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေကို လျှော့ပေါ့ပေးဖို့ အစိုးရအပေါ်တောင်းဆိုမှုတွေ များလာနေချိန်မှာ ခုလို အထင်ကရသတင်းစာကြီးတွေက တညီတညွတ်ထဲ ဆန္ဒပြကြတာဖြစ်ပါတယ်။

Australia နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ ထောက်လှမ်းရေးဌာနတွေရဲ့ဆောင်ရွက်မှုက သတင်းလွတ်လပ်ခွင့်အပေါ် ဘယ်လောက်သက်ရောက်မှု ရှိနေသလဲဆိုတာကို စုံစမ်းပေးဖို့ အစိုးရကတော့ လွှတ်တော်ကော်မတီတခုကို တောင်းဆိုထားတာပါ။ ကော်မတီတွေ့ရှိချက်ကို ရှေ့လမှာ အစီရင်ခံစာတင်ရမှာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG