သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဆာ္လမြန္ကၽြန္းႏိုင္ငံမွာ တ႐ုတ္စစ္စခန္းထားရွိေရး ဟန္႔တားမည္ (ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္)


ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ Scott Morrison. (ဧၿပီ ၁၀၊ ၂၀၂၂)

(Zawgyi / Unicode)

ေတာင္ပစိဖိတ္ပင္လယ္ထဲက ေဆာ္လမြန္ကၽြန္းစုႏိုင္ငံမွာ တ႐ုတ္က စစ္တပ္အေျခစိုက္စခန္းတခု တည္ေဆာက္မယ့္အေရးကို မဟာမိတ္ႏိုင္ငံေတြနဲ႔အတူ ဟန္႔တားကာကြယ္သြားမယ္လို႔ ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ Scott Morrison က တနဂၤေႏြေန႔မွာ ေျပာဆိုလိုက္ပါတယ္။

ေမလ ၂၁ ရက္ေန႔ က်င္းပမယ့္ ေရြးေကာက္ပဲြမတိုင္ခင္ အျပန္အလွန္ မဲဆြယ္ေနတဲ့ကာလမွာ သူက အခုလို ေျပာလိုက္တာပါ။

ေဆာ္လမြန္ကၽြန္းစုမွာ လုံၿခဳံေရးနဲ႔ပတ္သက္လို႔ တာဝန္ယူ လုပ္ေဆာင္မယ့္ အစီအစဥ္ သေဘာတူစာခ်ဳပ္တခုကို လက္မွတ္ေရးထိုးလိုက္ၿပီလို႔ ၿပီးခဲ့တဲ့လထဲ တ႐ုတ္က ေၾကညာခဲ့ၿပီးေနာက္ ပစိဖိတ္ပင္လယ္ျပင္ထဲ တ႐ုတ္ရဲ႕ ၾသဇာခ်ဲ႕ထြင္မႈ တိုးလာေနတဲ့ကိစၥဟာ ၾသစေၾတးလ် ေရြးေကာက္ပြဲမတိုင္ခင္ အေရးတႀကီး ျငင္းခုန္ အေျဖရွာရမယ့္ ႏိုင္ငံေရးပုစၧာတခု ျဖစ္လာပါတယ္။

တ႐ုတ္နဲ႔ ေဆာ္လမြန္ကၽြန္းႏိုင္ငံၾကား သေဘာတူညီခ်က္ကို တရားဝင္ထုတ္ျပန္တာမ်ဳိး မရွိေသးေပမဲ့ ေပါက္ၾကားလာတဲ့ အခ်က္ေတြအရ တ႐ုတ္ေရတပ္သေဘၤာေတြကို ေဆာ္လမြန္ကၽြန္းတဝိုက္ ျဖန္႔ခ်ထားခြင့္ေပးမယ့္ အခ်က္ေတြ ပါဝင္ေနတာပါ။

ေဆာ္လမြန္ကၽြန္းစုဟာ ၾသစေၾတးလ်ကေန မိုင္ ၁,၂၀၀ အကြာေလာက္မွာ ရွိပါတယ္။

ဒီသေဘာတူညီခ်က္ကို ၾကည့္ရင္ ေဆာ္လမြန္ကၽြန္းမွာ တ႐ုတ္ေရတပ္စခန္းတခု ထူေထာင္လာမွာကို ေဒသတြင္းႏိုင္ငံေတြ စိုးရိမ္ေနၾကတာပါ။

ေဆာ္လမြန္ကၽြန္း အာဏာပိုင္ေတြကေတာ့ အဲဒီလို ေရတပ္စခန္းအတြက္ ေနရာေပးမယ့္ သေဘာတူညီခ်က္မ်ဳိး မပါဘူးလို႔ ျငင္းဆိုသလို ဒီစာခ်ဳပ္နဲ႔ပတ္သက္ၿပီး ပြင့္လင္းစြာ ခ်ျပခဲ့ျခင္းလည္း မရွိပါဘူး။

ေနာက္ဆုံး လူထုစစ္တမ္းေတြအရ ေဆာ္လမြန္ကၽြန္းနဲ႔ တ႐ုတ္ႏိုင္ငံၾကား လုံၿခဳံေရးဆိုင္ရာ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုတဲ့အထိ ျဖစ္သြားတဲ့ကိစၥမွာ ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ Morrison အေနနဲ႔ တားဆီးႏိုင္ခဲ့ျခင္း မရွိတဲ့အေပၚ ေဝဖန္ျပစ္တင္မႈ မ်ားတာကို ေတြ႔ရပါတယ္။

ေလဘာပါတီေခါင္းေဆာင္ Anthony Albanese ကေတာ့ Morrison ရဲ႕ ႏိုင္ငံျခားေရးမူဝါဒ တစုံလုံး ေအာင္ျမင္မႈမရွိဘူးလို႔ ေဝဖန္လိုက္ပါတယ္။

ေတာင္ပစိဖိတ္ေဒသထဲမွာ တ႐ုတ္က ႏိုင္ငံေရးအရေရာ စစ္ေရးအရပါ ေရာေႏွာ ဝင္ေရာက္လာတာက ၾသစေၾတးလ်ရဲ႕ ႏိုင္ငံျခားေရးမူဝါဒပိုင္းမွာ စိုးရိမ္မႈေတြ ျဖစ္လာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ဆော်လမွန်ကျွန်းနိုင်ငံမှာ တရုတ်စစ်စခန်းထားရှိရေး ဟန့်တားမည် (သြစတြေးလျဝန်ကြီးချုပ်)

တောင်ပစိဖိတ်ပင်လယ်ထဲက ဆော်လမွန်ကျွန်းစုနိုင်ငံမှာ တရုတ်က စစ်တပ်အခြေစိုက်စခန်းတခု တည်ဆောက်မယ့်အရေးကို မဟာမိတ်နိုင်ငံတွေနဲ့အတူ ဟန့်တားကာကွယ်သွားမယ်လို့ သြစတြေးလျဝန်ကြီးချုပ် Scott Morrison က တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။

မေလ ၂၁ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် အပြန်အလှန် မဲဆွယ်နေတဲ့ကာလမှာ သူက အခုလို ပြောလိုက်တာပါ။

ဆော်လမွန်ကျွန်းစုမှာ လုံခြုံရေးနဲ့ပတ်သက်လို့ တာဝန်ယူ လုပ်ဆောင်မယ့် အစီအစဉ် သဘောတူစာချုပ်တခုကို လက်မှတ်ရေးထိုးလိုက်ပြီလို့ ပြီးခဲ့တဲ့လထဲ တရုတ်က ကြေညာခဲ့ပြီးနောက် ပစိဖိတ်ပင်လယ်ပြင်ထဲ တရုတ်ရဲ့ သြဇာချဲ့ထွင်မှု တိုးလာနေတဲ့ကိစ္စဟာ သြစတြေးလျ ရွေးကောက်ပွဲမတိုင်ခင် အရေးတကြီး ငြင်းခုန် အဖြေရှာရမယ့် နိုင်ငံရေးပုစ္ဆာတခု ဖြစ်လာပါတယ်။

တရုတ်နဲ့ ဆော်လမွန်ကျွန်းနိုင်ငံကြား သဘောတူညီချက်ကို တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးပေမဲ့ ပေါက်ကြားလာတဲ့ အချက်တွေအရ တရုတ်ရေတပ်သင်္ဘောတွေကို ဆော်လမွန်ကျွန်းတဝိုက် ဖြန့်ချထားခွင့်ပေးမယ့် အချက်တွေ ပါဝင်နေတာပါ။

ဆော်လမွန်ကျွန်းစုဟာ သြစတြေးလျကနေ မိုင် ၁,၂၀၀ အကွာလောက်မှာ ရှိပါတယ်။

ဒီသဘောတူညီချက်ကို ကြည့်ရင် ဆော်လမွန်ကျွန်းမှာ တရုတ်ရေတပ်စခန်းတခု ထူထောင်လာမှာကို ဒေသတွင်းနိုင်ငံတွေ စိုးရိမ်နေကြတာပါ။

ဆော်လမွန်ကျွန်း အာဏာပိုင်တွေကတော့ အဲဒီလို ရေတပ်စခန်းအတွက် နေရာပေးမယ့် သဘောတူညီချက်မျိုး မပါဘူးလို့ ငြင်းဆိုသလို ဒီစာချုပ်နဲ့ပတ်သက်ပြီး ပွင့်လင်းစွာ ချပြခဲ့ခြင်းလည်း မရှိပါဘူး။

နောက်ဆုံး လူထုစစ်တမ်းတွေအရ ဆော်လမွန်ကျွန်းနဲ့ တရုတ်နိုင်ငံကြား လုံခြုံရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုတဲ့အထိ ဖြစ်သွားတဲ့ကိစ္စမှာ သြစတြေးလျဝန်ကြီးချုပ် Morrison အနေနဲ့ တားဆီးနိုင်ခဲ့ခြင်း မရှိတဲ့အပေါ် ဝေဖန်ပြစ်တင်မှု များတာကို တွေ့ရပါတယ်။

လေဘာပါတီခေါင်းဆောင် Anthony Albanese ကတော့ Morrison ရဲ့ နိုင်ငံခြားရေးမူဝါဒ တစုံလုံး အောင်မြင်မှုမရှိဘူးလို့ ဝေဖန်လိုက်ပါတယ်။

တောင်ပစိဖိတ်ဒေသထဲမှာ တရုတ်က နိုင်ငံရေးအရရော စစ်ရေးအရပါ ရောနှော ဝင်ရောက်လာတာက သြစတြေးလျရဲ့ နိုင်ငံခြားရေးမူဝါဒပိုင်းမှာ စိုးရိမ်မှုတွေ ဖြစ်လာပါတယ်။

XS
SM
MD
LG