Zawgyi/Unicode
Australia ႏိုင္ငံမွာ လူဦးေရအထူထပ္ဆုံး New South Wales ျပည္နယ္မွာ လူဦးေရ ၇၀% ကိုဗစ္ကာကြယ္ေဆး ဒုတိယအႀကိမ္ ထိုးၿပီးသြားေလာက္ခ်ိန္ ေအာက္တိုဘာလမွာ Lockdown လုပ္ထားတာ ေျဖေလ်ာ့ေပးမယ္လို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္က ေျပာ ၾကားလိုက္ပါတယ္။ ျပည္နယ္ထဲမွာ ကိုဗစ္ကာကြယ္ ေဆးအျပည့္ ထိုးမထိုးေပၚမူတည္ၿပီး ေျဖေလ်ာ့မႈေတြလုပ္သြားမယ့္ အစီအစဥ္ေတြကို ျပည္နယ္ဝန္ႀကီးခ်ဳပ္ Gladys Berejiklian ကဒီေန႔ တနလၤာေန႔မွာ ေၾကညာခဲ့တာျဖစ္ပါတယ္။
New South Wales ျပည္နယ္ထဲမွာ လူဦးေရ ၈၀% ကိုဗစ္ကာကြယ္ေဆး ၂ လုံးထိုးၿပီးသြားၿပီဆိုရင္ ျပည္နယ္ထဲမွာ လြတ္လြတ္လပ္လပ္ သြားလာႏိုင္မယ္ဆိုတာ အတည္ျပဳေျပာႏိုင္ပါတယ္လို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ Berejiklian ကေျပာၾကားသြားတာပါ။ ေအာက္တိုဘာလ ဒုတိယပတ္ေလာက္မွာ လူဦးေရ ၇၀% ေလာက္ ေဆး ၂ လုံးထိုးၿပီးသြားေလာက္ၿပီလို႔ ခန႔္မွန္းထားၿပီး အဲဒီအခ်ိန္ကစလို႔ ေျဖေလ်ာ့မႈေတြ စလုပ္ႏိုင္မယ္လို႔ သူကေျပာပါတယ္။
၈၀% ေလာက္ ကိုဗစ္ကာကြယ္ေဆး အျပည့္ထိုးၿပီးခ်ိန္က်ရင္ေတာ့ လူအမ်ားပါဝင္တဲ့ အားကစားပြဲေတြ၊ ေဒသတြင္း ခရီးသြားလာမႈေတြအပါအဝင္ ကန႔္သတ္ခ်က္ေတာ္ေတာ္မ်ားမ်ားကို ေျဖေလ်ာ့ေပးႏိုင္မယ္ဖို႔ ခန႔္မွန္းထားပါတယ္။ ကာကြယ္ေဆးလုံးဝ မထိုးသူေတြအတြက္ အသြားအလာ ကန႔္သတ္ခ်က္ေတြကိုေတာ့ဒီဇင္ဘာ ၁ ရက္ေန႔မွာ ဖယ္ရွားႏိုင္မွာျဖစ္တယ္လို႔ New South Wales ျပည္နယ္ဝန္ႀကီးခ်ဳပ္က အစီအစဥ္ေတြကို ေၾက ညာခဲ့ပါတယ္။ ျပည္နယ္ထဲမွာ ကိုဗစ္ကာကြယ္ေဆး ထိုးသင့္တယ္လို႔ သတ္မွတ္ထားသူရဲ႕ 85% ေလာက္ ကာကြယ္ေဆး ၁ လုံးထိုးၿပီးေနၾကပါၿပီ။
Australia ႏိုင္ငံမွာ ၿမိဳ႕ေတာ္ ပိုင္နက္ဧရိယာ ၿပီးရင္ New South Wales ျပည္နယ္က ကိုဗစ္ကာကြယ္ေဆး ထိုးမႈလုပ္ငန္းေတြကို အျမန္ဆုံးလုပ္ေနတဲ့ ျပည္နယ္ျဖစ္ပါတယ္။ ဒီေန႔ စက္တင္ဘာ ၂၇ ရက္ေန႔ကစၿပီး ေဆာက္လုပ္ေရးလုပ္ငန္းေတြမွာ လုပ္သားအင္အား အျပည့္လုပ္ခြင့္ ျပဳခဲ့သလို အမိုးအကာမပါတဲ့ ေရကူးကန္ေတြကိုလည္း ျပန္ဖြင့္ခြင့္ ျပဳခဲ့ပါတယ္။ လူခ်င္း ခပ္ခြာခြာေနၾကရမယ့္ စည္းကမ္းေတြကိုေတာ့ ဆက္လက္သတ္မွတ္ထားဆဲျဖစ္ပါတယ္။ Australia ႏိုင္ငံမွာ ကူးစက္ျမန္ Delta ကိုဗစ္ေရာဂါကူးစက္သူ June လမွာ စရွိခဲ့ၿပီးေနာက္ ကိုဗစ္ဆိုင္ရာ ကန႔္သတ္ခ်က္စည္းကမ္းေတြကို ျပည္နယ္ေတြအလိုက္ ထုတ္ျပန္ခဲ့ၾကပါတယ္။
ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း N.S. W ျပည္နယ္မွာ ကိုဗစ္အတည္ျပဳလူနာ ၇၈၇ ေယာက္နဲ႔ ေသဆုံးသူ ၁၂ ေယာက္စံခ်ိန္တင္မ်ားခဲ့တယ္လို႔ တာဝန္ရွိသူေတြ တနလၤာေန႔က ေျပာၾကားခဲ့ပါတယ္။
=======
Unicode
Australia နိုင်ငံ ကိုဗစ်ဖြေလျှော့မှု အစီအစဉ်ဆွဲထား
Australia နိုင်ငံမှာ လူဦးရေအထူထပ်ဆုံး New South Wales ပြည်နယ်မှာ လူဦးရေ ၇၀% ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပြီးသွားလောက်ချိန် အောက်တိုဘာလမှာ Lockdown လုပ်ထားတာ ဖြေလျော့ပေးမယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြော ကြားလိုက်ပါတယ်။ ပြည်နယ်ထဲမှာ ကိုဗစ်ကာကွယ် ဆေးအပြည့် ထိုးမထိုးပေါ်မူတည်ပြီး ဖြေလျော့မှုတွေလုပ်သွားမယ့် အစီအစဉ်တွေကို ပြည်နယ်ဝန်ကြီးချုပ် Gladys Berejiklian ကဒီနေ့ တနင်္လာနေ့မှာ ကြေညာခဲ့တာဖြစ်ပါတယ်။
New South Wales ပြည်နယ်ထဲမှာ လူဦးရေ ၈၀% ကိုဗစ်ကာကွယ်ဆေး ၂ လုံးထိုးပြီးသွားပြီဆိုရင် ပြည်နယ်ထဲမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်မယ်ဆိုတာ အတည်ပြုပြောနိုင်ပါတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် Berejiklian ကပြောကြားသွားတာပါ။ အောက်တိုဘာလ ဒုတိယပတ်လောက်မှာ လူဦးရေ ၇၀% လောက် ဆေး ၂ လုံးထိုးပြီးသွားလောက်ပြီလို့ ခန့်မှန်းထားပြီး အဲဒီအချိန်ကစလို့ ဖြေလျော့မှုတွေ စလုပ်နိုင်မယ်လို့ သူကပြောပါတယ်။
၈၀% လောက် ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးပြီးချိန်ကျရင်တော့ လူအများပါဝင်တဲ့ အားကစားပွဲတွေ၊ ဒေသတွင်း ခရီးသွားလာမှုတွေအပါအဝင် ကန့်သတ်ချက်တော်တော်များများကို ဖြေလျော့ပေးနိုင်မယ်ဖို့ ခန့်မှန်းထားပါတယ်။ ကာကွယ်ဆေးလုံးဝ မထိုးသူတွေအတွက် အသွားအလာ ကန့်သတ်ချက်တွေကိုတော့ဒီဇင်ဘာ ၁ ရက်နေ့မှာ ဖယ်ရှားနိုင်မှာဖြစ်တယ်လို့ New South Wales ပြည်နယ်ဝန်ကြီးချုပ်က အစီအစဉ်တွေကို ကြေ ညာခဲ့ပါတယ်။ ပြည်နယ်ထဲမှာ ကိုဗစ်ကာကွယ်ဆေး ထိုးသင့်တယ်လို့ သတ်မှတ်ထားသူရဲ့ 85% လောက် ကာကွယ်ဆေး ၁ လုံးထိုးပြီးနေကြပါပြီ။
Australia နိုင်ငံမှာ မြို့တော် ပိုင်နက်ဧရိယာ ပြီးရင် New South Wales ပြည်နယ်က ကိုဗစ်ကာကွယ်ဆေး ထိုးမှုလုပ်ငန်းတွေကို အမြန်ဆုံးလုပ်နေတဲ့ ပြည်နယ်ဖြစ်ပါတယ်။ ဒီနေ့ စက်တင်ဘာ ၂၇ ရက်နေ့ကစပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်သားအင်အား အပြည့်လုပ်ခွင့် ပြုခဲ့သလို အမိုးအကာမပါတဲ့ ရေကူးကန်တွေကိုလည်း ပြန်ဖွင့်ခွင့် ပြုခဲ့ပါတယ်။ လူချင်း ခပ်ခွာခွာနေကြရမယ့် စည်းကမ်းတွေကိုတော့ ဆက်လက်သတ်မှတ်ထားဆဲဖြစ်ပါတယ်။ Australia နိုင်ငံမှာ ကူးစက်မြန် Delta ကိုဗစ်ရောဂါကူးစက်သူ June လမှာ စရှိခဲ့ပြီးနောက် ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်စည်းကမ်းတွေကို ပြည်နယ်တွေအလိုက် ထုတ်ပြန်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း N.S. W ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၇၈၇ ယောက်နဲ့ သေဆုံးသူ ၁၂ ယောက်စံချိန်တင်များခဲ့တယ်လို့ တာဝန်ရှိသူတွေ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။
#AustrliaCovid #Covid19 #VOABurmese