သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျတင်းနစ် အမျိုးသမီးပွဲစဉ် တရုတ်နိုင်ငံသူ Li Na ဗိုလ်စွဲ


သြစတြေးလျ တင်းနစ်အမျိုးသမီးပွဲစဉ်မှာ ဗိုလ်စွဲသွားတဲ့ တရုတ်က Li Na
သြစတြေးလျ တင်းနစ်အမျိုးသမီးပွဲစဉ်မှာ ဗိုလ်စွဲသွားတဲ့ တရုတ်က Li Na
Australia နိုင်ငံ Melbourne မြို့မှာကျင်းပနေတဲ့ Australian Open tennis အမျိုးသမီးတဦးချင်းပြိုင်ပွဲမှာ တရုတ်နိုင်ငံက Li Na က ဗိုလ်စွဲသွားပါတယ်။ ကမ္ဘာ့ Seeding မှာ နံပါတ် ၂၀ ရှိတဲ့ Slovakia က Dominika Cibulkova နဲ့ ကမ္ဘာ့ Seeding နံပါတ် ၄ Li Na တို့ ဖိုင်နယ်မှာ ဒီကနေ့ကစားခဲ့တာမှာ 7-6, 6-0 နဲ့ Li Na ဗိုလ်စွဲသွားတာဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်တုန်းက ပြင်သစ် Open မှာ ဗိုလ်စွဲထားဖူးတဲ့ Li Na အတွက် ဒါဟာ ဒုတိယအကြိမ် Grand Slam ဆုကြီးကို ရခဲ့တာပါ။ ရှေ့လကျရင် ၃၂ နှစ်ပြည်မဲ့ Li Na ဟာ Australian Open မှာ အနိုင်ရခဲ့သူတွေထဲမှာ
အသက်အကြီးဆုံးဖြစ်ပါတယ်၊ တရုတ်အမျိုးသမီး Tennis ကစားသမားတွေထဲမှာ Grand Slam ဆုကြီးကို ပထမဆုံးရတဲ့ Li Na ဟာ အရင်က Australia Open မှာ ဗိုလ်လုပွဲကို ၂ ကြိမ်တက်ခဲ့ပေမဲ့ ဒုတိယဆုတွေပဲ ရရှိခဲ့ပါတယ်။

မနက်ဖြန် တနင်္ဂနွေနေ့မှာ ကစားမဲ့ အမျိုးသားတဦးချင်း ဖိုင်နယ်ပွဲကျရင်တော့ ကမ္ဘာ့နံပါတ် ၁ စပိန်က Rafael Nadal နဲ့ ကမ္ဘာ့နံပါတ် ၈ Switzerland က စတိုင်းနစ်စလပ်စ် ဗာဗရင်းကာ (Stanislas Wawrinka) တို့ Australian Open Grand Slam ဆုကြီးကို ဗိုလ်လုကြရမှာဖြစ်ပါတယ်။
XS
SM
MD
LG