သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ ငါးမန်းသုတ်သင်ရေး ပင်လယ်ချစ်သူတွေ ကန့်ကွက်


သြစတြေးလျအနောက်ပိုင်းပြည်နယ်အစိုးရရဲ့ ငါးမန်းသုတ်သင်ရေးစီမံကိန်းကို ကန့်ကွက်နေကြတဲ့ ပင်လယ်ချစ်သူများ။ (ဖေဖော်ဝါရီ ၁၊ ၂၀၁၄)
သြစတြေးလျအနောက်ပိုင်းပြည်နယ်အစိုးရရဲ့ ငါးမန်းသုတ်သင်ရေးစီမံကိန်းကို ကန့်ကွက်နေကြတဲ့ ပင်လယ်ချစ်သူများ။ (ဖေဖော်ဝါရီ ၁၊ ၂၀၁၄)
Australia နိုင်ငံမှာ ငါးမန်းအန္တရာယ်ကျဆင်းအောင် ငါးမန်းတွေကို သုတ်သင်မဲ့အငြင်းပွားစရာ မူဝါဒအပေါ်ဆန့်ကျင်တဲ့အနေနဲ့ ထောင်နဲ့ချီတဲ့လူတွေဟာ နိုင်ငံတဝန်းက ပင်လယ်ကမ်းခြေတွေမှာ ဆန္ဒပြနေကြပါတယ်။

သူတို့ဟာ ပင်လယ်ချစ်သူတွေ ပင်လယ်ကမ်းခြေမှာ လမ်းလျှောက်တာကို နှစ်သက်သူတွေဖြစ်လို့ ငါးမန်းရဲ့ အန္တရာယ်ကိုသိကြပေမဲ့ ငါးမန်းတွေကို သတ်ပစ်မှာကို မလိုလားဘူးလို့ အော်ဟစ်ကြွေးကြော်ခဲ့ကြပါတယ်။ နိုင်ငံအနောက်ခြမ်း Western Australia ပြည်နယ်အစိုးရက ငါးမန်းတွေ သုတ်သင်မဲ့မူဝါဒကို စတင်အကောင်အထည်ဖော်တဲ့အနေနဲ့ လူသွားအများဆုံး ပင်လယ်ကမ်းခြေတွေရှိရာ ကမ်းရိုးတမ်းတလျှောက်မှာ ငမန်းထောင်တာတွေကို စတင်လုပ်နေပါတယ်။

၉ ပေနဲ့အထက် အရွယ်ကြီးတဲ့ငါးမန်းတွေကို သတ်ပစ်နိုင်ဖို့ ထောင်ခြောက်ဆင်ထားတာပါ၊ ဒါပေမဲ့ ထောင်ခြောက်ထဲမှာ ငါးမန်းအရွယ်စုံအပြင်
လင်းပိုင်တွေ၊ ပင်လယ်လိပ်ကြီးတွေအပြင် တခြားရေနေသတ္တဝါတွေပါမိတာကို တိရစ္ဆာန်အခွင့်အရေးေတောင်းဆိုသူတွေက ထောက်ပြကြပါတယ်။

ငါးမန်းတွေကို သုတ်သင်ပစ်လို့ ငါးမန်းကိုက်ခံရမှုနဲ့ ငါးမန်းအန္တရာယ်ကျဆင်းသွားမယ်ဆိုတာ အထောက်အထားမပြနိုင်ဘူးလို့ အဏ္ဏဝါဇီဝဗေဒ ပညာရှင်တွေက ပြောကြပါတယ်။
XS
SM
MD
LG