သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bakhmut တိုက်ပွဲတွင်းရုရှားကြေးစား နှစ်သောင်း သေဆုံးခဲ့


ယူကရိန်းနိုင်ငံ Donetsk ဒေသရှိ Bakhmutမြို့အနီး ရှေ့တန်းတနေရာမှာ ဟောက်ဝတ်ဇာအမြောက်ပစ်ခတ်နေတဲ့ ယူကရိန်းစစ်သားများ (မတ် ၇၊ ၂၀၂၃)
ယူကရိန်းနိုင်ငံ Donetsk ဒေသရှိ Bakhmutမြို့အနီး ရှေ့တန်းတနေရာမှာ ဟောက်ဝတ်ဇာအမြောက်ပစ်ခတ်နေတဲ့ ယူကရိန်းစစ်သားများ (မတ် ၇၊ ၂၀၂၃)

ယူကရိန်းတိုက်ပွဲအတွင်း ထိခိုက်သေဆုံးသူအရေအတွက် မြင့်တက်လာနေပြီး ယူကရိန်းအရှေ့ဖက်ခြမ်းက Bakhmut မြို့ကို လပေါင်းများစွာတိုက်ခိုက်နေတဲ့တိုက်ပွဲအတွင်း Wagner ကြေးစားစစ်သား ၂ သောင်း သေဆုံးခဲ့တယ်လို့ အဖွဲ့ရဲ့ခေါင်းဆောင်က ဗုဒ္ဓဟူးနေ့မှာပြောဆိုခဲ့ပါတယ်။

သေဆုံးခဲ့သူတွေထဲက တဝက်လောက်ဟာ ၆ လစစ်မှုထမ်းပြီးရင် ထောင်ဒဏ်ကနေ လွတ်ငြိမ်းခွင့် ပေးမယ့်ဆိုတဲ့ ကတိနဲ့ အကျဉ်းထောင်တွေထဲကနေ စုဆောင်းလာတဲ့အကျဉ်းသားတွေဖြစ်တယ်လို့ Wagner ကြေးစားတပ်ခေါင်းဆောင် Yevgeny Prigozhin ကပြောဆိုပါတယ်။

ကြေးစားစစ်သားစစ်သားတွေဟာ မကြာဏဆိုသလိုဘဲ သင်တန်းအနည်းငယ်ဘဲပေးပြီး ရှေ့တန်းစစ်မျက်နှာ ကိုအပို့ခံကြ ရပါတယ်။ လေ့ကျင့်ထားတဲ့ ယူကရိန်းစစ်သားတွေနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်တဲ့အခါ သေဆုံးကြရပါတယ်။

ကြေးစားစစ်ခေါင်းဆောင် Prigozhin ပြောကြားတဲ့သေဆုံးသူအရေအတွက်ဟာ အမေရိကန်က ခန့်မှန်း သလိုကိုက်ညီမှု ရှိတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရှိသူတွေကပြောဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဘက်ခမွတ်မြို့ကို ရုရှားတပ်တွေသိမ်းပိုက် နိုင်ပြီလို့ရုရှားဘက်ကပြောဆိုပေမယ့်လည်း ယူကရိန်းကတော့ လက်လွှတ်အညံ့မခံသေးဘဲ ဆက်လက်ဝိုင်းထားဆဲဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ရုရှားဘက်ကထိခိုက်သေဆုံးသူ ၁ သိန်းလောက်ရှိတယ်လို့အမေရိကန်အစိုးရကတွက်ချက်ထားပြီး၊ ပြီးခဲ့တဲ့ ဒီဇင်ဘာ လက စပြီးအခုအချိန်အတွင်းသေဆုံးသူ ၂ သောင်းလောက်ရှိတယ်လို့ခန့်မှန်းထားပါတယ်။ အဲဒိအထဲကဝက်လောက် ဟာ Wagner ကြေးစားတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ ကုလသမဂ္ဂကတော့ ရုရှားစတင်ကျူးကျော်ချိန်ကစပြီး သေဆုံးတဲ့အရပ်သား အရေအတွက် ၈ ထောင်လောက် ရှိပြီလို့တွက်ချက်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG