သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း Central World မီးလောင် ၃ ဦးသေဆုံး


ကယ်ဆယ်ရေးသမားများ (ဧပြီ၊ ၁၀၊ ၂၀၁၉)
ကယ်ဆယ်ရေးသမားများ (ဧပြီ၊ ၁၀၊ ၂၀၁၉)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က Pathuwan မှာရှိတဲ့ နာမည်ကြီး Central World ကုန်တိုက်ကြီးနဲ့တွဲလျက်ရှိနေတဲ့ ဟိုတယ်ရဲ့ ၈ ထပ်မှာ ဒီကနေ့ ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးသွားတယ်လို့ ထိုင်းအခြေစိုက် သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြထားပါတယ်။

ဗုဒ္ဓဟူးနေ့ ညပိုင်းက မီးလောင်မှု ဖြစ်တဲ့အချိန်မှာ ကြောက်လန့်ပြီး ကုန်တိုက်ပေါ်ကနေ ခုန်ကြတဲ့အတွက် ၃ ဦး သေဆုံးတာအပြင် တခြား ၇ ဦးလည်း ထိခိုက် ဒဏ်ရာရသွား တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ ဟိုတယ် ၈ ထပ်က လေဝင်၊ လေထွက်ပိုက်ထဲမှာရှိတဲ့ ဖုန်မှုန့်တွေကတဆင့် မီးစလောင်တာဖြစ်ကြောင်း Central World အုပ်ချုပ်ရေးအဖွဲ့က Facebook လူမှုကွန်ယက်ကတဆင့် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မီးလောင်တဲ့အထပ်ကနေ လူ ၂ ယောက် ခုန်ချတာကို တွေ့လိုက်ရကြောင်း မျက်မြင် သက်သေတွေက ပြောပါတယ်။ အခင်းဖြစ်ပွားတဲ့ နေရာကနေ မီးညွန့်တွေနဲ့ မီးခိုးလုံးကြီးတွေ ထွက်နေတာကိုလည်း လူမှုကွန်ယက်တွေမှာ တိုက်ရိုက် ထုတ်လွင့် ပြသခဲ့ကြပါတယ်။ မီးလောင်တဲ့ နေရာကနေ ပေါက်ကွဲတဲ့အသံတွေလည်း ကြားရတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက ဟိုတယ်နဲ့တွဲလျက် ကုန်တိုက်အတွင်းမှာရှိတဲ့သူတွေ အားလုံးကို ဘေးကင်းရာကို ထွက်ခွာခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ မီးကိုတော့ စတင် လောင်ကျွမ်းပြီး နာရီဝက်လောက်အကြာ ညနေ ၆ နာရီ ၁၀ မိနစ်လောက်မှာ ငြိမ်းသတ်လိုက်နိုင်ကြောင်း ကုန်တိုက် အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီကုန်တိုက်ကြီးအတွင်း မြန်မာနိုင်ငံက အလုပ်သမားတွေလည်း အများအပြား အလုပ်လုပ်နေကြတာပါ။

လောလောဆယ်မှာ ကုန်တိုက်ကို ပိတ်ထားဖို့ အမိန့်ထုတ်ပြန်ထားကြောင်း ဘန်ကောက်မြို့တော်ဝန် Aswin Kwangmuang က ပြောပါတယ်။

ထိုင်း Central World မီးလောင် ၃ ဦးသေဆုံး
please wait

No media source currently available

0:00 0:00:45 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG