သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုအဆင်ပြေမည့် ထိုင်း-မြန်မာဖက်စပ်ဘဏ် ငွေလွှဲစနစ်သစ် စတင်စမ်းသပ်


ထိုင်းဘတ်ငွေများ
ထိုင်းဘတ်ငွေများ

ထိုင်းနဲ့မြန်မာနိုင်ငံအကြား ပထမဆုံး လက်ကိုင်ဖုန်းငွေလွှဲစနစ်ကို စတင်ဖို့ ရှိနေပါတယ်။

ထိုင်းနိုင်ငံ Krungthai ဘဏ်နဲ့ မြန်မာနိုင်ငံ ရွှေ ကျေးလက်နဲ့မြို့ပြဖွံဖြိုးရေးဘဏ်တိုအကြား ပထမဆုံး နယ်စပ်ဖြတ်ကျော် ငွေလွှဲလုပ်ငန်းကို စတင်ဖို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီငွေလွှဲစနစ်ကို Krungthai ဘဏ်နဲ့ ရွေဘဏ် ငွေလွှဲလုပ်ငန်းလို့ အမည်ပေးဖို့ပြင်ထားပြီး ငွေကြေးလွှဲပြောင်းမူ နည်းပညာ တောက်ကူရေး ကုမ္ပဏီက Everex က ပံ့ပိုးကူညီပေးထားပါတယ်။

ဒီငွေလွဲ စနစ်သစ်အနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေ ကြုံနေရတဲ့ ငွေလွှဲခကြီးမှုနဲ့ စိတ်မချရမှု ပြဿနာကြီး (၂) ခုလုံးကို ဖြေရှင်းပေးဖို့ ပြင်ဆင်ထားတာဖြစ်တယ်လို့ ဒီနည်းပညာ ကုမ္ပဏီက ဆိုပါတယ်။

တရားဝင် ဘဏ်တွေက ငွေလွှဲခကြီးမားပြီး၊ လက်ရှိ မြန်မာလုပ်သားအများသုံးနေတဲ့ ဟွန်ဒ ီ စနစ်ကလည်း လုံးဝ စိတ်မချရချိန်မှာ အခုစနစ်သစ်အရတော့ အလုပ်သမားတွေရဲ့ လက်ကိုင်စမတ်ဖုန်းမှာ ဒီ Everex Software ထည့်ပြီး လုံလုံခြုံခြုံ နဲ့လွှဲနိုင်လိမ့်မယ်လို့ ဒီကုမ္ပဏီက ဆက်ပြောပါတယ်။ ဒီကုမ္ပဏီအနေနဲ့ ထိုင်း-မြန်မာဘဏ် (၂) ခုလုံးနဲ့ အသေးစိတ်ဆွေးနွေးမူတွေနဲ့ လက်တွေ့စမ်းသပ်လုပ်ကိုင်မှု တစ်ခုလုပ်နေပြီး၊ ထိုင်းရောက်မြန်မာလုပ်သားတွေနဲ့လည်း ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ပိုအဆင်ပြေမည့် ထိုင်း-မြန်မာဖက်စပ်ဘဏ် ငွေလွှဲစနစ်သစ် စတင်စမ်းသပ်
please wait

No media source currently available

0:00 0:00:48 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG