သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်ရေကြီးမှု စိုးရိမ်ရ


ရေဘေးလွတ်ရာကို ရှောင်တိန်းနေကြရသည့် အယုဒ္ဓယခရိုင်က ထိုင်းမိသားစုတစ်စု (အောက်တိုဘာလ ၉၊ ၂၀၁၁)
ရေဘေးလွတ်ရာကို ရှောင်တိန်းနေကြရသည့် အယုဒ္ဓယခရိုင်က ထိုင်းမိသားစုတစ်စု (အောက်တိုဘာလ ၉၊ ၂၀၁၁)

ထိုင်းနိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း ဆိုးရွားတဲ့ရေကြီးမှုဒဏ်ကို ဘန်ကောက်မြို့တော်မှာ ခံစားနေရပြီး အနားတဝိုက်က ရာနဲ့ချီတဲ့ စက်ရုံတွေ ပိတ်ထားရသလို ဘန်ကောက်မြောက်ပိုင်းက ဆေးရုံမှာရှိတဲ့ လူနာပေါင်း ၃၀၀ ကျော်ကို အရေးပေါ် ကယ်ဆယ်ရေးလုပ်သားတွေက နေရာရွှေ့ပြောင်းပေးခဲ့ကြရပါတယ်။ သီတင်းပတ်နဲ့ချီပြီး သည်းသည်းမဲမဲ ရွာသွန်းနေတဲ့မိုးရေကြောင့် ရေကြီးမှုဒဏ်ကို ခံနေကြရတာပါ။

အယုဒ္ဓယမြို့က ရှေးဟောင်းဘုရားတွေရှိတဲ့နေရာမှာ စနေနေ့ ညနေပိုင်းလောက်ကစပြီး ရေတားဖို့ပိတ်ဆို့ထားတဲ့ သဲအိပ်တွေပါ မနိုင်တော့ဘဲ ဆေးရုံမှာပါ ရေ ၇ ပေကျော် နစ်မြှုပ်ခဲ့တာမို့ လူနာတွေကို လှေတွေနဲ့ သယ်ထုတ် ခဲ့ကြရပါတယ်။

အိမ်မွေးတိရစ္ဆာန်တွေ၊ တနိုင်ပစ္စည်းတွေကို လှေနဲ့သယ်ပြီး ခိုနားစရာနေရာ လိုက်ရှာနေကြတဲ့ ဒေသခံတွေကို ထိုင်းရုပ်သံတွေမှာ ပြသနေပါတယ်။ ဘန်ကောက်ပို့စ် သတင်းစာထဲမှာတော့ ဒေသအုပ်ချုပ်ရေးမှူး ဆူကွန်မ်ဟန် ပရီဘက်တရာ (Sukhumbhand Paribatra) ကိုယ်တိုင် ရေကြီးမှု ရပ်တန့်ဖို့အတွက် ဆုတောင်းတဲ့ဝတ်ပြုပွဲကို ဘုရားဆင်းတုတော်တစ်ဆူ ပင့်ပြီးသွားနေတဲ့ပုံကို ပြထားပါတယ်။

ထိုင်းရေဘေးကြောင့် ဇူလိုင်လလယ်ကစပြီး တနင်္ဂနွေနေ့အထိ သေဆုံးတဲ့သူပေါင်း ၂၆၁ ဦးရှိပြီလို့ တနင်္ဂနွေနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

XS
SM
MD
LG