သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အစၥလာမ္ အစြြန္းေရာက္ဝါဒီအဖြဲ႔ဝင္ဟု သံသယရွိသူ ၁၅ ဦး ဘဂၤလားေဒ့ရွ္ ဖမ္းဆီး


၂၀၁၇ ခုႏွစ္က ႏုိင္ငံအေရွ႕ပုိင္းတြင္ စစ္ေသြးႂကြမ်ားအား ပိတ္ဆုိ႔ဖမ္းဆီးေနသည့္ ဘဂၤလားေဒ့ရွ္ တပ္ဖြဲ႔ဝင္မ်ား။ (မတ္ ၂၇၊ ၂၀၁၇)

(Zawgyi / Unicode)

ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာ ပိတ္ပင္ထားတဲ့ အစၥလာမ္ အစြန္းေရာက္ဝါဒီ အဖြဲ႔တဖြဲ႔ရဲ႕ အဖြဲ႔ဝင္ေတြလို႔ သံသယရွိသူ ၁၅ ဦးကို ဘဂၤလားေဒ့ရွ္ ရဲတပ္ဖြဲ႔က ႏုိင္ငံရဲ႕ ဒုတိယအႀကီးဆံုးၿမိဳ႕ စစ္တေကာင္းမွာ ဖမ္းလိုက္တယ္လို႔ တာဝန္ရွိသူေတြက စေနေန႔မွာ ေျပာပါတယ္။

တရားမဝင္အဖြဲ႔အျဖစ္ သတ္မွတ္ေၾကညာထားတဲ့ Hizb ut-Tahrir (HT) အဖြဲ႔ရဲ႕ ေဒသဆိုင္ရာတပ္မွဴး အပါအဝင္ အဖြဲ႔ဝင္ေတြကို စစ္တေကာင္းဆိပ္ကမ္းၿမိဳ႕ တဝန္းမွာ ဖမ္းဆီးလိုက္တာလို႔ ရဲတပ္ဖြဲ႔ေျပာခြင့္ရ Shah Abdur Rouf က ေျပာပါတယ္။

“စစ္ေသြးႂကြေတြ ၿမိဳ႕မွာ ျပန္စုေနၾကတယ္” လို႔ ရဲတပ္ဖြဲ႔ေျပာခြင့္ရက AFP သတင္းဌာနကိုေျပာၿပီး လက္ပ္ေတာ့ပ္ကြန္ပ်ဴတာေတြ၊ မိုဘိုင္းလ္ဖုန္းေတြ၊ ဂ်ီဟတ္ဝါဒဆိုင္ရာ စာအုပ္ေတြနဲ႔ အဖ်က္အေမွာင့္ လုပ္ငန္းေတြမွာ သံုးမယ့္ ေငြေတြကို ရဲတပ္ဖြဲ႔က သိမ္းဆည္းမိတယ္လို႔လည္း ေျပာပါတယ္။

HT အဖြဲ႔ဟာ ႏုိင္ငံေတာ္ဆန္႔က်င္ေရးနဲ႔ ဒီမိုကေရစီဆန္႔က်င္ေရး လႈပ္ရွားမႈေတြကို လုပ္တယ္ဆိုၿပီး ၂၀၀၉ ခုႏွစ္မွာ တရားမဝင္အဖြဲ႔အျဖစ္ သတ္မွတ္ ေၾကညာထားတာပါ။

မြတ္စလင္ေတြ အားလံုးအတြက္ ကာလီဖိတ္ႏုိ္င္ငံတခု ေတာင္းဆိုေနတဲ့ လန္ဒန္အေျခစုိက္ HT အဖြဲ႔ဟာ ကမာၻတဝန္းမွာ လႈပ္ရွားေနတာ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ၾကာပါၿပီ။

ဘဂၤလားေဒ့ရွ္ႏုိုင္ငံမွာ မၾကာေသးခင္ ႏွစ္ေတြအတြင္း လူေသဆံုးရတဲ့ အၾကမ္းဖက္ဝါဒစြဲ လုပ္ရပ္ေတြကို အစၥလာမ္ အစြန္းေရာက္္ဝါဒီေတြ လုပ္ခဲ့ၾကပါတယ္။ အဲဒီထဲမွာ ၂၀၁၆ ခုႏွစ္က ဒါကာၿမိဳ႕ေတာ္ ေကာ္ဖီဆိုင္တခုကို တိုက္ခိုက္တာေၾကာင့္ ႏုိင္ငံျခားသား အမ်ားစုျဖစ္တဲ့ လူ ၂၂ ေယာက္ ေသဆံုးခဲ့ရၿပီး IS အစြန္းေရာက္အဖြဲ႔က သူတို႔္လက္ခ်က္လို႔ ေၾကညာခဲ့ပါတယ္။

အဲဒီ ေကာ္ဖီဆိုင္တိုက္ခိုက္မႈ ျဖစ္ၿပီးတဲ့ေနာက္ ဝန္ႀကီးခ်ဳပ္ Sheikh Hasina အစိုးရက ႏုိ္င္ငံတဝန္းမွာ ႏွိမ္နင္းၿဖိဳခြဲမႈႀကီး စတင္လုပ္ေဆာင္တာေၾကာင့္ အစၥလာမ္ အစြန္းေရာက္ဝါဒီလို႔ သံသယရွိသူ ၁၀၀ ေက်ာ္ ေသဆံုးၿပီး ရာေပါင္းမ်ားစြာကို ဖမ္းဆီးထားပါတယ္။

-------------------------------

(Unicode)

အစ္စလာမ် အစွန်းရောက်ဝါဒီအဖွဲ့ဝင်ဟု သံသယရှိသူ ၁၅ ဦး ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပိတ်ပင်ထားတဲ့ အစ္စလာမ် အစွန်းရောက်ဝါဒီ အဖွဲ့တဖွဲ့ရဲ့ အဖွဲ့ဝင်တွေလို့ သံသယရှိသူ ၁၅ ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ စစ်တကောင်းမှာ ဖမ်းလိုက်တယ်လို့ တာဝန်ရှိသူတွေက စနေနေ့မှာ ပြောပါတယ်။

တရားမဝင်အဖွဲ့အဖြစ် သတ်မှတ်ကြေညာထားတဲ့ Hizb ut-Tahrir (HT) အဖွဲ့ရဲ့ ဒေသဆိုင်ရာတပ်မှူး အပါအဝင် အဖွဲ့ဝင်တွေကို စစ်တကောင်းဆိပ်ကမ်းမြို့ တဝန်းမှာ ဖမ်းဆီးလိုက်တာလို့ ရဲတပ်ဖွဲ့ပြောခွင့်ရ Shah Abdur Rouf က ပြောပါတယ်။

“စစ်သွေးကြွတွေ မြို့မှာ ပြန်စုနေကြတယ်” လို့ ရဲတပ်ဖွဲ့ပြောခွင့်ရက AFP သတင်းဌာနကိုပြောပြီး လက်ပ်တော့ပ်ကွန်ပျူတာတွေ၊ မိုဘိုင်းလ်ဖုန်းတွေ၊ ဂျီဟတ်ဝါဒဆိုင်ရာ စာအုပ်တွေနဲ့ အဖျက်အမှောင့် လုပ်ငန်းတွေမှာ သုံးမယ့် ငွေတွေကို ရဲတပ်ဖွဲ့က သိမ်းဆည်းမိတယ်လို့လည်း ပြောပါတယ်။

HT အဖွဲ့ဟာ နိုင်ငံတော်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို လုပ်တယ်ဆိုပြီး ၂၀၀၉ ခုနှစ်မှာ တရားမဝင်အဖွဲ့အဖြစ် သတ်မှတ် ကြေညာထားတာပါ။

မွတ်စလင်တွေ အားလုံးအတွက် ကာလီဖိတ်နိုင်ငံတခု တောင်းဆိုနေတဲ့ လန်ဒန်အခြေစိုက် HT အဖွဲ့ဟာ ကမ္ဘာတဝန်းမှာ လှုပ်ရှားနေတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပါပြီ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မကြာသေးခင် နှစ်တွေအတွင်း လူသေဆုံးရတဲ့ အကြမ်းဖက်ဝါဒစွဲ လုပ်ရပ်တွေကို အစ္စလာမ် အစွန်းရောက်ဝါဒီတွေ လုပ်ခဲ့ကြပါတယ်။ အဲဒီထဲမှာ ၂၀၁၆ ခုနှစ်က ဒါကာမြို့တော် ကော်ဖီဆိုင်တခုကို တိုက်ခိုက်တာကြောင့် နိုင်ငံခြားသား အများစုဖြစ်တဲ့ လူ ၂၂ ယောက် သေဆုံးခဲ့ရပြီး IS အစွန်းရောက်အဖွဲ့က သူတို့်လက်ချက်လို့ ကြေညာခဲ့ပါတယ်။

အဲဒီ ကော်ဖီဆိုင်တိုက်ခိုက်မှု ဖြစ်ပြီးတဲ့နောက် ဝန်ကြီးချုပ် Sheikh Hasina အစိုးရက နိုင်ငံတဝန်းမှာ နှိမ်နင်းဖြိုခွဲမှုကြီး စတင်လုပ်ဆောင်တာကြောင့် အစ္စလာမ် အစွန်းရောက်ဝါဒီလို့ သံသယရှိသူ ၁၀၀ ကျော် သေဆုံးပြီး ရာပေါင်းများစွာကို ဖမ်းဆီးထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG