သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ ဝန်ကြီးချုပ်ဟောင်း ဝင်ပြိုင်ခွင့်မရှိ


ဝန်ကြီးချုပ်ဟောင်း Khaleda Zia
ဝန်ကြီးချုပ်ဟောင်း Khaleda Zia

ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင် ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း Khaleda Zia ဟာ အဂတိလိုက်စားမှု ၂ မှုကြောင့် ထောင်ဒဏ်ပြစ်ဒဏ်ကျခံနေရတဲ့ အတွက် ဒီဇင်ဘာလ ၃၀ မှာ ကျင်းပမယ့် နိုင်ငံ့ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

မကြာသေးခင်က အထက်တရားရုံးက ချမှတ်ချက်အရ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် သူဟာ ပြစ်မှုတစုံတရာကျူးလွန်ပြီး ထောင်ဒဏ် ၂ နှစ် ဒါမှမဟုတ် ၂ နှစ်ထက် ပိုကျခံဘူူးသူ မဖြစ်စေရဘူးလို့ အစိုးရရှေ့နေချုပ် Mahbubey Alam က ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း Khaleda Zia ဟာ ဖေဖေါ်ဝါရီကလကတည်းက စပြီး ထောင်ဒဏ်ကျခံနေရတာ ဖြစ်ပြီး အဂတိလိုက်စားမှု တခုအတွက် ထောင်ဒဏ် ဆယ်နှစ် ကျခံနေရတာပါ။ အောက်တိုဘာလတုန်းကလည်း သူဟာ နောက်ထပ် အဂတိလိုက်စားမှု တခုအတွက် အပြစ်ရှိကြောင်းတွေ့ရှိခဲ့ရပြီး ထောင်ဒဏ် ၇ နှစ်ချမှတ်တာ ခံခဲ့ရပါတယ်။

ဝန်ကြီးချုပ်ဟောင်း Khaleda Zia ဟာ လွှတ်တော်အမတ်နေရာ ၃ ခုအတွက် အမည်စာရင်း တင်သွင်းထားတာ ဖြစ်ပါတယ်။ အခုလို အာဏာပိုင်တွေရဲ့ တနင်္ဂနွေနေ့ ကြေညာချက်ကို သူ့ပါတီက လက်မခံ ပယ်ချခဲ့ပါတယ်။

အခု ကျင်းပတော့မယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ရွေးကောက်ပွဲတွေဟာ တတိယ အကြိမ်မြောက် ဝန်ကြီးချုပ်ရာထူးအတွက် ဆက်ပြီး အရွေးခံဖို့ရည်ရွယ်နေတဲ့ လက်ရှိဝန်ကြီးချုပ် Sheikh Hasina လက်အောက်မှာ ကျင်းပတာ ဖြစ်ပါတာ်။ မစ္စ Hasina ဟာ တဖြေးဖြေးပိုပြီး အာဏာရှင်ဆန်လာတယ်လို့ အတိုက်အခံတွေက စွပ်စွဲနေကြသလို သူကလည်း အတိုက်အခံတွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်နေတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း Zia ဝင်ရောက် အရွေးခံခွင့်ရှိမရှိ ရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်ရမှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဥပဒေရေးရာ ဝန်ကြီးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ ဝန်ကြီးချုပ်ဟောင်း ဝင်ပြိုင်ခွင့်မရှိ
please wait

No media source currently available

0:00 0:00:38 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG