သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Balukhali စခန်း မိုးကြီးမြေပြိုမှု ဒုက္ခသည်တချို့ ဘေးကင်းရာရွှေ့

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း ရေကြီးမြေပြိုမှုကြောင့် ရိုဟင်ဂျာ ၆ ဦးသေဆုံး
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း ရေကြီးမြေပြိုမှုကြောင့် ရိုဟင်ဂျာ ၆ ဦးသေဆုံး

{{Zawgyi/Unicode}}

ဘင်္ဂလားဒေ့ရ်ှတောင်ပိုင်းမှာ မုတ်သုန်မိုး ပြင်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနယ်စပ်နားမှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ရေကြီး၊ မြေပြိုတဲ့ ဘေးဒဏ်ကို အကြီးအကျယ်ခံနေရပါတယ်။

အနည်းဆုံး လူပေါင်း ၁၄ ဦးသေဆုံးခဲ့ပြီး၊ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာ ၁၀၀၀၀ (တသောင်း) ကိုလည်း ဘေးလွတ်ရာနေရာတွေဆီ ရွှေ့ပြောင်းပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အရာရှိတွေက မနေ့ ဗုဒ္ဓဟူးနေ့က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

သုံးရက်ကြာ မိုးပြင်းထန်စွာရွာသွန်းပြီးနောက် Balukhali ဒုက္ခသည်စခန်းက တောင်စောင်းမှာနေထိုင်နေတဲ့ ဒုက္ခသည်တွေကို ဘေးလွတ်ရာပြောင်းရွှေ့ပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Shah Rezwan Hayat ကပြောပါတယ်။

ဒီဒုက္ခသည်အများစုဟာ ၂၀၁၇ခုနှစ်က ရခိုင်ပြည်နယ်မှာ စစ်တပ်က ရိုဟင်ဂျာတွေအပေါ် အင်အားအလွန်အကျွံသုံးနှိမ်နင်းမှုကြောင့် ထွက်ပြေးလာကြသူတွေဖြစ်ပါတယ်။

ဒုက္ခသည်တွေ သိန်းနဲ့ချီရှိနေတာကြောင့် စခန်းထဲမှာ နေလို့မရသူတွေဟာ တောင်စောင်းက သစ်ပင်တွေရှင်းပြီး မြေရိုင်းတွေမှာ တဲအိမ်ဆောက်နေကြသူတွေဖြစ်ပြီး မုတ်သုန်ရာသီတိုင်းမှာ မြေပြိုကျမှု ဘေးအန္တရာယ်ကို နှစ်စဉ်ကြုံတွေ့နေရသူတွေဖြစ်ပါတယ်။

အဲဒီနေရာတွေမှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၁၀၀၀၀ လောက်ကို ဘေးလွတ်ရာနေရာကို ပြောင်းရွှေ့ပေးခဲ့တယ်လို့ မဟာမင်းကြီး Hayat က AFP ကိုပြောပါတယ်။

မြေပြိုကျမှုကြောင့် ကလေးတွေအပါအဝင် အနည်းဆုံး ရိုဟင်ဂျာဒုက္ခသည် ၆ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ အခြားသေဆုံးသူတွေကတော့ ဒေသခံရွာတွေကဖြစ်ပြီး သူတို့အိမ်တွေပေါ် မြေပြိုကျချိန်မှာ သေဆုံးသူတွေဖြစ်ပါတယ်။

လာမယ့် သီတင်းပတ်တွေအတွင်း မိုးဆက်လက်များမယ်လို့ ဘင်္ဂလားဒေ့ရှ်မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအရေး အကူအညီပေးနေတဲ့ အဖွဲ့ (IOM) အဆိုအရရိုဟင်ဂျာဒုက္ခသည် တသန်းကျော် ခိုလှုံနေတဲ့ Cox’s Bazar ခရိုင်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သဘာဝဘေးအန္တရာယ်အများဆုံးကြုံတွေ့ရတဲ့ နေရာတခုဖြစ်ပါတယ်။

ဆိုင်ကလုန်မုန်းတိုင် အပါအဝင် မိုးသည်းထန်မှု၊ ရေကြီး၊ မြေပြိုမှုနဲ့ အခြား သဘာဝဘေးအန္တရာယ်တွေကို ဒုက္ခသည်စခန်းတွေ အနေနဲ့ နှစ်စဉ် ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ရိုဟင်ဂျာ သူပုန်အုပ်စုရဲ့ တိုက်ခိုက်မှုကို တန်ပြန်နှိမ်နင်းတဲ့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုမှာ ကုလသမဂ္ဂအဆိုအရ အင်အားအလွန်အကျွံသုံးခဲ့တာကြောင့် ၂၀၁၇ခုနှစ် သြဂုတ်လကတည်း ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရသူ ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၇ သိန်းကျော်ရှိနေပါတယ်။

စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ်မပြုဘူးလို့ ပြောကြားခဲ့ပေမယ့် ဒုက္ခသည်တွေ ပြန်လက်ခံဖို့ မြန်မာနိုင်ငံဥပဒေနဲ့အညီ ဆောင်ရွက်မှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

...........................................................

Balukhali စခန်း မိုးကြီးမြေပြိုမှု ဒုက္ခသည်တချို့ ဘေးကင်းရာရွှေ့
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

{{Unicode}}













This item is part of
XS
SM
MD
LG