{{Zawgyi/Unicode}}
ဘဂၤလားေဒ့ရ္ွေတာင္ပိုင္းမွာ မုတ္သုန္မိုး ျပင္းထန္စြာ ရြာသြန္းမႈေၾကာင့္ ျမန္မာနယ္စပ္နားမွာရွိေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြမွာ ေရႀကီး၊ ေျမၿပိဳတဲ့ ေဘးဒဏ္ကို အႀကီးအက်ယ္ခံေနရပါတယ္။
အနည္းဆံုး လူေပါင္း ၁၄ ဦးေသဆံုးခဲ့ၿပီး၊ ဒုကၡသည္စခန္းေတြက ႐ိုဟင္ဂ်ာ ၁၀၀၀၀ (တေသာင္း) ကိုလည္း ေဘးလြတ္ရာေနရာေတြဆီ ေရႊ႕ေျပာင္းေပးခဲ့ေၾကာင္း ဘဂၤလားေဒ့ရွ္အရာရွိေတြက မေန႔ ဗုဒၶဟူးေန႔က AFP သတင္းဌာနကို ေျပာၾကားခဲ့ပါတယ္။
သံုးရက္ၾကာ မိုးျပင္းထန္စြာရြာသြန္းၿပီးေနာက္ Balukhali ဒုကၡသည္စခန္းက ေတာင္ေစာင္းမွာေနထိုင္ေနတဲ့ ဒုကၡသည္ေတြကို ေဘးလြတ္ရာေျပာင္းေရႊ႕ေပးခဲ့ေၾကာင္း ဘဂၤလားေဒ့ရွ္ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး Shah Rezwan Hayat ကေျပာပါတယ္။
ဒီဒုကၡသည္အမ်ားစုဟာ ၂၀၁၇ခုႏွစ္က ရခိုင္ျပည္နယ္မွာ စစ္တပ္က ႐ိုဟင္ဂ်ာေတြအေပၚ အင္အားအလြန္အကြ်ံသံုးႏွိမ္နင္းမႈေၾကာင့္ ထြက္ေျပးလာၾကသူေတြျဖစ္ပါတယ္။
ဒုကၡသည္ေတြ သိန္းနဲ႔ခ်ီရွိေနတာေၾကာင့္ စခန္းထဲမွာ ေနလို႔မရသူေတြဟာ ေတာင္ေစာင္းက သစ္ပင္ေတြရွင္းၿပီး ေျမ႐ိုင္းေတြမွာ တဲအိမ္ေဆာက္ေနၾကသူေတြျဖစ္ၿပီး မုတ္သုန္ရာသီတိုင္းမွာ ေျမၿပိဳက်မႈ ေဘးအႏၲရာယ္ကို ႏွစ္စဥ္ၾကံဳေတြ႕ေနရသူေတြျဖစ္ပါတယ္။
အဲဒီေနရာေတြမွာရွိေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေပါင္း ၁၀၀၀၀ ေလာက္ကို ေဘးလြတ္ရာေနရာကို ေျပာင္းေရႊ႕ေပးခဲ့တယ္လို႔ မဟာမင္းႀကီး Hayat က AFP ကိုေျပာပါတယ္။
ေျမၿပိဳက်မႈေၾကာင့္ ကေလးေတြအပါအ၀င္ အနည္းဆံုး ႐ိုဟင္ဂ်ာဒုကၡသည္ ၆ ဦး ေသဆံုးခဲ့ၿပီး အမ်ားအျပား ဒဏ္ရာရရွိခဲ့ပါတယ္။ အျခားေသဆံုးသူေတြကေတာ့ ေဒသခံရြာေတြကျဖစ္ၿပီး သူတို႔အိမ္ေတြေပၚ ေျမၿပိဳက်ခ်ိန္မွာ ေသဆံုးသူေတြျဖစ္ပါတယ္။
လာမယ့္ သီတင္းပတ္ေတြအတြင္း မိုးဆက္လက္မ်ားမယ္လို႔ ဘဂၤလားေဒ့ရွ္မိုးေလ၀သဌာနက ခန္႔မွန္းထားပါတယ္။
ႏိုင္ငံတကာေရႊ႕ေျပာင္းေနထိုင္သူမ်ားအေရး အကူအညီေပးေနတဲ့ အဖဲြ႕ (IOM) အဆိုအရ႐ိုဟင္ဂ်ာဒုကၡသည္ တသန္းေက်ာ္ ခိုလႈံေနတဲ့ Cox’s Bazar ခ႐ိုင္ဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ သဘာ၀ေဘးအႏၲရာယ္အမ်ားဆံုးၾကံဳေတြ႕ရတဲ့ ေနရာတခုျဖစ္ပါတယ္။
ဆိုင္ကလုန္မုန္းတိုင္ အပါအ၀င္ မိုးသည္းထန္မႈ၊ ေရႀကီး၊ ေျမၿပိဳမႈနဲ႕ အျခား သဘာ၀ေဘးအႏၲရာယ္ေတြကို ဒုကၡသည္စခန္းေတြ အေနနဲ႔ ႏွစ္စဥ္ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။
႐ိုဟင္ဂ်ာ သူပုန္အုပ္စုရဲ႕ တိုက္ခိုက္မႈကို တန္ျပန္ႏွိမ္နင္းတဲ့ ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းမႈမွာ ကုလသမဂၢအဆိုအရ အင္အားအလြန္အကြ်ံသံုးခဲ့တာေၾကာင့္ ၂၀၁၇ခုႏွစ္ ၾသဂုတ္လကတည္း ရခိုင္ျပည္နယ္ ေျမာက္ပိုင္းကေန အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးခဲ့ရသူ ႐ိုဟင္ဂ်ာဒုကၡသည္ေပါင္း ၇ သိန္းေက်ာ္ရွိေနပါတယ္။
စစ္ေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို အသိအမွတ္မျပဳဘူးလို႔ ေျပာၾကားခဲ့ေပမယ့္ ဒုကၡသည္ေတြ ျပန္လက္ခံဖို႔ ျမန္မာႏိုင္ငံဥပေဒနဲ႔အညီ ေဆာင္ရြက္မွာျဖစ္တယ္လို႔ ေျပာၾကားထားပါတယ္။
...........................................................
{{Unicode}}
ဘင်္ဂလားဒေ့ရ်ှတောင်ပိုင်းမှာ မုတ်သုန်မိုး ပြင်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနယ်စပ်နားမှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ရေကြီး၊ မြေပြိုတဲ့ ဘေးဒဏ်ကို အကြီးအကျယ်ခံနေရပါတယ်။
အနည်းဆုံး လူပေါင်း ၁၄ ဦးသေဆုံးခဲ့ပြီး၊ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာ ၁၀၀၀၀ (တသောင်း) ကိုလည်း ဘေးလွတ်ရာနေရာတွေဆီ ရွှေ့ပြောင်းပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အရာရှိတွေက မနေ့ ဗုဒ္ဓဟူးနေ့က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
သုံးရက်ကြာ မိုးပြင်းထန်စွာရွာသွန်းပြီးနောက် Balukhali ဒုက္ခသည်စခန်းက တောင်စောင်းမှာနေထိုင်နေတဲ့ ဒုက္ခသည်တွေကို ဘေးလွတ်ရာပြောင်းရွှေ့ပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Shah Rezwan Hayat ကပြောပါတယ်။
ဒီဒုက္ခသည်အများစုဟာ ၂၀၁၇ခုနှစ်က ရခိုင်ပြည်နယ်မှာ စစ်တပ်က ရိုဟင်ဂျာတွေအပေါ် အင်အားအလွန်အကျွံသုံးနှိမ်နင်းမှုကြောင့် ထွက်ပြေးလာကြသူတွေဖြစ်ပါတယ်။
ဒုက္ခသည်တွေ သိန်းနဲ့ချီရှိနေတာကြောင့် စခန်းထဲမှာ နေလို့မရသူတွေဟာ တောင်စောင်းက သစ်ပင်တွေရှင်းပြီး မြေရိုင်းတွေမှာ တဲအိမ်ဆောက်နေကြသူတွေဖြစ်ပြီး မုတ်သုန်ရာသီတိုင်းမှာ မြေပြိုကျမှု ဘေးအန္တရာယ်ကို နှစ်စဉ်ကြုံတွေ့နေရသူတွေဖြစ်ပါတယ်။
အဲဒီနေရာတွေမှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၁၀၀၀၀ လောက်ကို ဘေးလွတ်ရာနေရာကို ပြောင်းရွှေ့ပေးခဲ့တယ်လို့ မဟာမင်းကြီး Hayat က AFP ကိုပြောပါတယ်။
မြေပြိုကျမှုကြောင့် ကလေးတွေအပါအဝင် အနည်းဆုံး ရိုဟင်ဂျာဒုက္ခသည် ၆ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ အခြားသေဆုံးသူတွေကတော့ ဒေသခံရွာတွေကဖြစ်ပြီး သူတို့အိမ်တွေပေါ် မြေပြိုကျချိန်မှာ သေဆုံးသူတွေဖြစ်ပါတယ်။
လာမယ့် သီတင်းပတ်တွေအတွင်း မိုးဆက်လက်များမယ်လို့ ဘင်္ဂလားဒေ့ရှ်မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။
နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအရေး အကူအညီပေးနေတဲ့ အဖွဲ့ (IOM) အဆိုအရ ရိုဟင်ဂျာဒုက္ခသည် တသန်းကျော် ခိုလှုံနေတဲ့ Cox’s Bazar ခရိုင်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သဘာဝဘေးအန္တရာယ်အများဆုံးကြုံတွေ့ရတဲ့ နေရာတခုဖြစ်ပါတယ်။
ဆိုင်ကလုန်မုန်းတိုင် အပါအဝင် မိုးသည်းထန်မှု၊ ရေကြီး၊ မြေပြိုမှုနဲ့ အခြား သဘာဝဘေးအန္တရာယ်တွေကို ဒုက္ခသည်စခန်းတွေ အနေနဲ့ နှစ်စဉ် ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ရိုဟင်ဂျာ သူပုန်အုပ်စုရဲ့ တိုက်ခိုက်မှုကို တန်ပြန်နှိမ်နင်းတဲ့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုမှာ ကုလသမဂ္ဂအဆိုအရ အင်အားအလွန်အကျွံသုံးခဲ့တာကြောင့် ၂၀၁၇ခုနှစ် သြဂုတ်လကတည်း ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရသူ ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၇ သိန်းကျော်ရှိနေပါတယ်။
စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ်မပြုဘူးလို့ ပြောကြားခဲ့ပေမယ့် ဒုက္ခသည်တွေ ပြန်လက်ခံဖို့ မြန်မာနိုင်ငံဥပဒေနဲ့အညီ ဆောင်ရွက်မှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။