သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် တိုက်ခန်းမီးလောင်မှု ၇၀ ထက်မနည်း သေဆုံး


ဘင်္ဂလားဒေ့ရှ် နိုင်ငံမြို့တော် Dhaka မြို့တော်ထဲက လူနေတိုက်ခန်း တော်တော်များများ မီးလောင်ကျွမ်းခဲ့လို့ ၇၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ သမိုင်းဝင် Chawkbazar ရပ်ကွက်မှာ ဗုဒ္ဓဟူးနေ့ညက အထပ်မြင့်အဆောက်အဦးတခုကနေ စတင်လောင်ကျွမ်းတဲ့မီးဟာ အချိန်တိုအတွင် အနည်းဆုံး အဆောက်အဦး ၄ ခုကို ကူးစက်လောင်ကျွမ်းခဲ့ပါတယ်။

သေဆုံးသူတော်တော်များများက အချိန်မှီ မီးလွတ်ရာမပြေးနိုင်ဘဲ အဆောက်အဦးတွေထဲ ပိတ်မိပြီးသေဆုံးခဲ့ကြတာလို့ မီးသတ်တာဝန်ရှိသတွေက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရခဲ့သူပေါင်းကလည်း ၅၀ ထက်မနည်းရှိပါတယ်။ ဘာကြောင့် မီးလောင်ခဲ့သလဲဆိုတာကို စုံစမ်းစစ်ဆေးနေကြပါတယ်။

အထပ်မြင့် အဆောက်အဦးတွေမှာ လူနေအိမ်တွေအပြင် ဓါတုပစ္စည်းတွေ၊ Plastic တွေနဲ့ တခြားမီးလောင်လွယ်တဲ့ ပစ္စည်းတွေကို သိုလှောင်တဲ့ ဂိုဒေါင်တွေအဖြစ်လည်း အသုံးပြုကြပါတယ်။ လူအများအိပ်ပျော်နေကြချိန်မှာ မီးလောင်ကျွမ်းခဲ့တာဖြစ်လို့ သေဆုံးသူအရေအတွက် တိုးလာနိုင်သေးတယ်လို့ တာဝန်ရှိသူတွေက မျှော်လင့်ထားကြပါတယ်။

မီးဘေးလုံခြုံရေးအတွက် စည်းမျဉ်းစည်းကမ်း လိုက်နာမှုအားနည်းတဲ့ Dhaka မြို့တော်မှာ ခုလိုလူနေအဆောက်အဦးတွေ မီးလောင်ကျွမ်းမှုက ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ၂၀၁၀ တုန်းက အလားတူမီးလောင်ကျွမ်းမှုကြောင့် လူပေါင်း ၁၂၀ ထက်မနည်းသေဆုံးခဲ့ပြီး မြို့မှာ မီးကြောင့်သေဆုံးသူအများဆုံး အဖြစ်အပျက်တခုဖြစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG