သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်မီး ၁၉ ဦးသေဆုံး


ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှာ အထပ်မြင့်ရုံးခန်း အဆောက်အဦးတခု မနေ့က ဖြစ်ခဲ့တဲ့ မီးလောင်မှုကြောင့် သေဆုံးရသူအရေအတွက်က ၁၉ ရှိသွားပါပြီ။

ဒါပေမယ့် မနေ့ညနက်ပိုင်းအထိ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ခဲ့ကြရမှာ မီးလောင်ခဲ့တဲ့ ၁၉ ထပ် အဆောက်အအုံထဲ ပိတ်မိနေသေးတဲ့ ပျောက်ဆုံးနေသူအရေအတွက်ကို အတိအကျ မသိရသေးပါဘူး။ မီးခိုးငွေ့ အများစု မရှိတော့ပေမဲ့တချို့မီးလောင်မီးခိုးငွေ့တွေ ဆက်ရှိနေတာကို ဒါကာမြို့တော်ရဲ့ လူစည်ကားရာ Banani အရပ်က ဒီ မီးလောင်ခဲ့တဲ့ အဆောက်အဦးထဲမှာ တွေ့ခဲ့ရတယ်လို့ ကယ်ဆယ်ရေးသမားတွေက ဆိုပါတယ်။

မီးသတ်သမားတွေအနေနဲ့လည်း ပြတင်းပေါက်မှန်တွေကို ခွဲပြီး လူတွေကို ကယ်ထုတ်ခဲ့ကြသလို၊ ပိတ်နေတဲ့ အဆိပ်မီးခိုးငွေ့တွေ အပြင်ထွက်အောင် ကြိုးပမ်းခဲ့ကြပါတယ်။

ဒါပေမဲ့ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒီ မီးလောင်မှုအတွင်း ဒါဇင်နဲ့ချီတဲ့ လူတွေလည်း ဒဏ်ရာရခဲ့ကြပါတယ်။

မနေ့တုန်းကပဲ ဒီ မီးလောင်မှုကနေ လွတ်မြောက်ဖို့ လူတော်တော်များများလည်း ပြတင်းပေါက်တွေက ခုန်ချခဲ့ကြပါတယ်။ ဒါဇင်နဲ့ချီတဲ့ မီးသတ်သမားတွေ မီးငြိမ်းသတ်ဖို့ ကြိုးပမ်းခဲ့ကြသလို၊ မီးသတ်ရဟတ်ယာဉ်တွေဟာလည်း အဆောက်အဦးအပေါ်ကနေ ရေဖျန်းပြီး မီးငြိမ်းဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်မီး ၁၉ ဦးသေဆုံး
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG