သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှိတ်ဟာစီနာကို ပြန်ပို့ဖို့ အိန္ဒိယလိုလားမှုမပြ


ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ၊ ဇန်နဝါရီ ၈၊ ၂၀၂၄။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ၊ ဇန်နဝါရီ ၈၊ ၂၀၂၄။

ပြုတ်သွားတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို အိန္ဒိယကနေ ဘင်္ဂလားဒေ့ရှ် ပြန်ပို့ဖို့ တောင်းဆိုတာကို အိန္ဒိယက လိုက်လျောမယ့် လက္ခဏာ မပြသဘဲ၊ ခပ်မဆိတ် နေလိုက်ပါတယ်။ တရားရင်ဆိုင်ဖို့အတွက် ဟာစီနာကို ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်ရဲ့ တောင်းဆိုချက်ကို ရရှိပေမဲ့၊ ဒါနဲ့ပတ်သက်လို့ ဘာမှပြောစရာမရှိပါဘူးလို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဒီအာ ဂျေစဝဲလ် Randhir Jaiswal က ပြောပါတယ်။

ဟာစီနာကို စစ်တပ်က လေယာဥ်နဲ့ ပို့ခဲ့တာဖြစ်ပြီး အဲဒီလိုပို့စဥ်က သူ့အပေါ် ဥပဒေကြောင်းအရ စွဲဆိုထားတာ မရှိကြောင်း၊ ပြစ်မှုကျူးလွန်တယ်လို့ ပြသနိုင်တဲ့ အမှုရှိမှသာ ရာဇဝတ်မှု ကျူးလွန်သူများ ပြန်ပို့ရေး နှစ်နိုင်ငံ စာချုပ် အရ တောင်းဆိုလို့ရကြောင်း၊ ဒါ့အပြင် နိုင်ငံရေးနဲ့ ပတ်သက်လို့ ခြွင်းချက်ပါရှိသလို၊ သူ့အပေါ် လုံခြုံ မျှတစွာဆက်ဆံရေး စာပိုဒ်တွေလည်းပါတာမို့ ဒီအချက်တွေနဲ့ မပြည့်စုံရင် တောင်းဆိုချက်ကို ငြင်းဆိုနိုင်ပါတယ်လို့ ယခင် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အိန္ဒိယ မဟာမင်းကြီး Pinak Ranjan Chakravarty က ဗွီအိုအေကို WhatsApp ကတဆင့် ပြောကြားပါတယ်။

ပြည်တွင်း စစ်ရာဇဝတ်မှုတွေကို စစ်ဆေးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက္ကားမြို့အခြေစိုက် နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးကတော့ ဟာစီနာနဲ့ သူ့ အပေါင်းအဖော်တွေကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စွပ်စွဲချက်နဲ့ ဖမ်းဝရမ်း ထုတ်ထားတာပါ။

please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG