သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို အရေးယူနိုင်ဖို့ကြိုးပမ်းမယ်" မိုဟာမက်ယူနွတ်


FILE PHOTO: Nobel laureate Muhammad Yunus salutes to the attendees upon arrival at the Bangabhaban to take oath as the head of the interim government
FILE PHOTO: Nobel laureate Muhammad Yunus salutes to the attendees upon arrival at the Bangabhaban to take oath as the head of the interim government

အိန္ဒိယမှာ ခိုလှုံနေတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို အိန္ဒိယဆီက ပြန်လည်လွှဲယူအရေးယူနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရခေါင်းဆောင် မိုဟာမက်ယူနွတ်က တနင်္ဂနွေနေ့မှာပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက လူထုအုံကြွမှုကြောင့် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ အိန္ဒိယကို တိမ်းရှောင်သွားခဲ့တာဖြစ်ပါတယ်။ အစိုးရရာထူးရယူပြီး ရက်ပေါင်း ၁၀၀ ပြည့်တဲ့နေ့ ပြည်သူကိုပြောတဲ့ ပထမဆုံးရုပ်သံမိန့်ခွန်းမှာပဲ မိုဟာမက်ယူနွတ်က အဲဒီလိုပြောဆိုသွားတာဖြစ်ပါတယ်။ မစ္စဟာစီနာရဲ့ ၁၅ နှစ်ကြာအုပ်ချုပ်မှု အဆုံးသတ်သွားစေခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တဲ့လူထုအုံကြွမှုအတွင်း လူပေါင်းရာနဲ့ချီသေဆုံးစေခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ဟာစီနာ အပါအဝင် ပါဝင်ပတ်သက်နေသူတွေ တာဝန်ခံမှုရှိအောင် သူ့ရဲ့ ကြားဖြတ်အစိုးရက ကြိုးစားသွားမယ်လို့လည်း မိုဟာမက်ယူနွတ်က ရုပ်သံမိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။

မစ္စဟာစီနာ တိုင်းပြည်ကနေ တိမ်းရှောင်သွားပြီး ၃ ရက်အကြာ သြဂုတ်လ ၈ ရက်နေ့မှာ မစ္စတာ ယူနွတ်က ကြားဖြတ်အစိုးရအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တာဖြစ်ပါတယ်။ ရှိတ်ဟာစီနာလက်ထက်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအပါအဝင် အဓ္ဓမဖမ်းဆီးခံရတဲ့ လူတချို့ ပျောက်ကွယ်သွားတယ်ဆိုတဲ့ ကိစ္စတွေကိုပါ လည်း စုံစမ်းစစ်ဆေးသွားမယ်လို့လည်းပြောပါတယ်။

ရှိတ်ဟာစီနာနဲ့ သူ့ရဲ့ အပေါင်းပါတွေကို ဖမ်းဆီးနိုင်အောင် နိုင်ငံတကာရဲတပ်ဖွဲ့ Interpol က အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ပေးဖို့လည်း ဘင်္ဂလားဒေ့ရှ်က ကြိုးပမ်းနေပါတယ်။

Forum

XS
SM
MD
LG