သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် တိုက်ခိုက်မှု အတွက် သံသယရှိသူ အသေဖမ်းဆီးရမိ


သေနတ်နဲ့ ဝင်ပစ်သတ်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့က ကော်ဖီဆိုင်။
(ဇူလိုင် ၃၊ ၂၀၁၆)
သေနတ်နဲ့ ဝင်ပစ်သတ်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့က ကော်ဖီဆိုင်။ (ဇူလိုင် ၃၊ ၂၀၁၆)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့က ကော်ဖီဆိုင်တခုမှာ ပြီးခဲ့တဲ့နှစ်က လူတွေကို သေနတ်နဲ့ ဝင်ပစ်သတ်ခဲ့တဲ့ ဖြစ်ရပ်အတွက် အဓိက သံသယရှိထားသူကို ပစ်သတ်လိုက်ပြီလို့ ဒါကာရဲတပ်ဖွဲ့က ဒီကနေ့ပြောပါတယ်။

ဒါကာမြို့တော်က Artiscan ကော်ဖီဆိုင်ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လက တိုက်ခိုက်မှုမှာ အဓိက ကြိုးကိုင်စီစဉ်သူတွေထဲ Nurul Islam Marjan လည်းပါတယ်လို့ ယူဆထားတဲ့ အကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ အဲဒီဖြစ်ရပ် မှာ နိုင်ငံခြားသားအများစုဖြစ်တဲ့ ဓားစာခံ အယောက် ၂၀ အသတ်ခံခဲ့ရပါတယ်။

နောက်ထပ် သံသယရှိသူ အကြမ်းဖက်ဝါဒီတဦးကိုလည်း မနက်အစောပိုင်း အပြန်အလှန်ပစ်ခတ်မှုမှာ သတ်လိုက်တယ်လို့ ရဲတပ် ဖွဲ့ကပြောပါတယ်။ ဒုတိယစစ်သွေးကြွ ဘယ်သူဘယ်ဝါဆိုတာကိုတော့ လောလောဆယ် မသိရသေးပါဘူး။

ကော်ဖီဆိုင်ကိုတိုက်ခိုက်တာ သူတို့လက်ချက်ဖြစ်တယ်လို့ IS အစွန်းရောက်အဖွဲ့က ပြောထားပေမယ့်လည်း တိုက်ခိုက်သူတွေ ဟာ Jamaat-ul-Majahideen ဘင်္ဂလားဒေ့ရှ်အဖွဲ့က အဖွဲ့ဝင်တွေဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ပြည်တွင်းအခြေစိုက် အဲဒီအဖွဲ့ကို ပိတ်ပင်ကန့်သတ်ထားတာ ၁၀ နှစ်ကျော်နေပါပြီ။

ကော်ဖီဆိုင်ကို တိုက်ခိုက်ခံရပြီးကတည်းကဆိုရင် အစ္စလာမ်အစွန်းရောက်ဝါဒီ ၄၅ ယောက်ထက်မနည်းကို လုံခြုံရေးတပ်တွေက သုတ်သင်ခဲ့ပြီးပါပြီ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘာသာရေးအစွဲကင်းတဲ့ ဘလော်ဂါတွေ၊ စာရေးဆရာတွေ၊ ထုတ်ဝေသူတွေ၊ လူနည်းစုတွေနဲ့ နိုင်ငံခြား သားတွေကို တိုက်ခိုက်တာတွေ မကြာသေးခင်နှစ်တွေအတွင်း အတော်များများဖြစ်လာနေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG