သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ကော်ဖီဆိုင် တိုက်ခိုက်မှု ဆက်စပ်သူတွေ စီးနင်းမှုအတွင်းသေဆုံး


ဒက္ကာမြို့ ကော်ဖီဆိုင်တိုက်ခိုက်မှု ဝမ်းနည်းခြင်းပန်းခွေချ
ဒက္ကာမြို့ ကော်ဖီဆိုင်တိုက်ခိုက်မှု ဝမ်းနည်းခြင်းပန်းခွေချ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက္ကာမြို့တော်က ကော်ဖီဆိုင်ကို ဇူလိုင်လက အကြမ်းဖက်တိုက် ခိုက်ပြီး နိုင်ငံခြားသားအများစုအပါအဝင်လူ ၂၂ ဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုအတွက် အပြစ်တင်ခံထားရတဲ့ အစ္စလာမ် စစ်သွေးကြွအဖွဲ့ဝင် ၁၁ ဦးဟာ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ဒီကနေ့ပဲဖြစ်ပွားတဲ့ ပစ်ခတ်မှုတွေအတွင်း သေဆုံးသွားပါတယ်။

Jamaat-ul-mujahideen Bangladesh JMB ရဲ့ အဖွဲ့ဝင်တွေလို့ ယူဆရသူ ၁၁ ဦး ဒက္ကာ မြို့တော်အစွန်ပိုင်းက ပုန်းခိုနေတဲ့ နေရာတွေကို လုံခြုံရေး တပ်ဖွဲ့တွေ သုံးကြိမ် ဝင်ရောက်စီးနင်းခဲ့ပြီး အဲဒီထဲမှာ စစ်သွေးကြွတွေ သေဆုံးသွားတာဖြစ်တယ် လို့ ပြည်ထဲရေးဝန်ကြီး အဆာဒူ ဇာမန် ခန် - က ပြောပါတယ်။ စစ်သွေးကြွတွေကို လက်နက်ချခိုင်းခဲ့ပေမယ့် သူတို့က စပစ်တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့တွေဘက်က ပြန် ပစ်ရတာလို့လည်း မစ္စတာခန် က ပြောပါတယ်။

ဒက္ကာမြို့တော်ရဲ့ သံတမန်ရပ်ကွက်မှာ ဇူလိုင်လ ၁ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက် မှုကို သူတို့လုပ်ဆောင်တယ်လို့ IS စစ်သွေးကြွတွေက ပြောခဲ့ပြီး ဘင်္ဂလားဒေ့ရှ် မှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေထဲ အဆိုးရွားဆုံးဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုအတွက် အစိုးရက ပြည်တွင်း စစ်သွေးကြွတွေကို အပြစ်တင်ခဲ့ပေမယ့် ဒီ ဇူလိုင်လ တိုက်ခိုက် မှုရဲ့ လုပ်ပုံလုပ်နည်းနဲ့ စနစ်တကျ စီစဉ်ထားမှုတို့က တခြားနိုင်ငံတွေက အစ္စလာမ် ဝါဒီ ကွန်ယက်တွေနဲ့ပါ ချိတ်ဆက်ပြီးတော့ လုပ်ကိုင်ပုံတွေ့ရတယ်လို့ လုံခြုံရေး ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီ ဒက္ကာတိုက်ခိုက်မှု နောက်ပိုင်းကတည်းက ရဲတပ်ဖွဲ့က စစ်သွေးကြွတွေကို လိုက်လံ ရှင်းလင်းနေခဲ့တာမှာ အခုထိဆိုရင် မသင်္ကာဖွယ် စစ်သွေးကြွ ၃ ဒါဇင်ကျော် သေဆုံး ခဲ့ရပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG