သုံးရလွယ်ကူစေသည့် Link များ

ဘင်္ဂလားဒေ့ရှ် အကြမ်းဖက် တိုက်ခိုက်မှု အောက်မေ့ဖွယ် အခမ်းအနားကျင်းပ


ဘင်္ဂလားဒေ့ရှ် အကြမ်းဖက် တိုက်ခိုက်မှု အောက်မေ့ဖွယ် အခမ်းအနားကျင်းပ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာ မြို့တော်က စားသောက်ဆိုင်ကြီးတခုမှာ စစ်သွေးကြွတွေရဲ့ စီးနင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ ဓားစာခံ ၂၀ နဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦး တို့အတွက် အောက်မေ့ဖွယ် အခမ်းအနား တနင်္လာနေ့က ကျင်းပရာမှာ ၀န်ကြီးချုပ် Sheikh Hasina တက်ရောက်ခဲ့ပါတယ်။ အောက်မေ့ဖွယ် အခမ်းအနားမှာတော့ သေဆုံးသူတွေရဲ့ သက်ဆိုင်ရာ နိုင်ငံတွေ ဖြစ်ကြတဲ့ အမေရိကန်၊ ဂျပန်၊ အီတလီနဲ့ အိန္ဒိယနိုင်ငံတွေက အလံတွေကို လွှင့်ထူခဲ့သလို၊ သံအမတ်ကြီးတွေလည်း တက်ရောက် ခဲ့ကြပါတယ်။

နိုင်ငံတော် ၀မ်းနည်းခြင်း အထိမ်းအမှတ် ဒုတိယနေ့မှာ ကျင်းပတဲ့ အခမ်းအနား အတွင်း ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ကတော့ သေဆုံးသူတွေ ရဲ့ ဆွေမျိုးသားချင်းတွေနဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။

IS စစ်သွေးကြွအဖွဲ့ကတော့ တိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ ကြေညာခဲ့ပေမဲ့၊ တိုက်ရိုက်ဆက်နွယ်မှု ရှိမရှိဆိုတာ အတည်ပြုလို့ မရသလို၊ အစိုးရတာဝန်ရှိသူတွေကလည်း ဆက်နွယ်မှုမရှိဘူးလို့ ငြင်းဆန်ထားကြတာပါ။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးကတော့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူ ၇ ယောက်အနက်၊ ၆ ယောက် သေဆုံးခဲ့ပြီး၊ အားလုံးဟာ IS စစ်သွေးကြွတွေနဲ့ ဆက်နွယ်မှု လုံးဝမရှိဘူးလို့ တနင်္ဂနွေနေ့တုန်းကပဲ ပြောဆိုခဲ့ပါတယ်။

တိုက်ခိုက်သူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက Jumatul Mujahedeen Bangladesh (JMB) အဖွဲ့ဝင်တွေ ဖြစ်တယ်လို့လည်း ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က ပြောဆိုခဲ့တာပါ။ တိုက်ခိုက်သူတွေဟာ IS စစ်သွေးကြွတွေနဲ့ ဆက်နွယ်မှု ရှိနိုင်-မရှိနိုင် ဆိုတာကိုတော့ အာဏာပိုင်တွေက စုံစမ်းစစ်ဆေး နေတုန်းပဲလို့လည်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ အကြီးအကဲ Shahidul Hoque ကပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကတော့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ကို တနင်္ဂနွေနေ့မှာပဲ တယ်လီဖုန်းဆက်ပြီး၊ ၀မ်းနည်းကြောင်း ပြောဆိုခဲ့သလို၊ အကူအညီပေးဖို့လည်း ကမ်းလှမ်းခဲ့တာပါ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း တိုက်ခိုက်မှု ကျုးလွန်သူတွေကို တရားဥပဒေရှေ့မှောက် အရောက်ပို့နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG