သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဘင်္ဂလားဒေ့ရှ် အထူးတရားရုံးက ဖမ်းဝရမ်းထုတ်


ဇူလိုင်နဲ့ သြဂုတ်လတွေအတွင်းလူထုဆန္ဒပြပွဲတွေကို ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ ဖမ်းဝရမ်းထုတ်ခံရသူ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးဟောင်း ရှိတ်ဟာစီနာ။
ဇူလိုင်နဲ့ သြဂုတ်လတွေအတွင်းလူထုဆန္ဒပြပွဲတွေကို ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ ဖမ်းဝရမ်းထုတ်ခံရသူ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးဟောင်း ရှိတ်ဟာစီနာ။

ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာနဲ့ သူ့ရဲ့ နီးကပ်လက်ထောက်တွေ အပါအဝင် ၄၅ ဦးကို ဘင်္ဂလားဒေ့ရှ် အထူးတရားရုံးက အောက်တိုဘာ ၁၇ ရက်နေ့မှာ ဖမ်းဝရမ်းတွေ ထုတ်ပြန်လိုက်ပါတယ်။

ဇူလိုင်နဲ့ သြဂုတ်လတွေအတွင်း ကျောင်းသားတွေဦးဆောင်တဲ့ လူထုဆန္ဒပြမှုတွေမှာ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာအတွက် စွဲချက်တင်ခဲ့တာ ဖြစ်ကြောင်း အစိုးရရှေ့နေ B.M. Sultan Mahmud ကပြောပါတယ်။ လူထုဆန္ဒပြမှုကို အကြမ်းဖက်ဖြိုခွဲမှုတွေ ဖြစ်ပွါးခဲ့တဲ့ နောက် သြဂုတ်လ ၅ ရက်နေ့မှာ ဝန်ကြီးချုပ် ရှိတ်ဟာစီနာဟာ အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရတာပါ။

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရကိုဦးဆောင်တဲ့ နိုဘယ်လ်ဆုရှင် မိုဟာမက် ယူနွတ် အစိုးရ လက်အောက်က ဒက်ကာအခြေစိုက် နိုင်ငံတကာရာဇဝတ်မှုခုံရုံးရဲ့ ပန်ကြားမှုနှစ်ခုကို တုံ့ပြန်တဲ့အနေနဲ့ ခုလို ဖမ်းဝရမ်းထုတ်ပြန်ခဲ့တာဖြစ်ကြောင်း အစိုးရရှေ့နေက ပြောပါတယ်။ ဒါ့အပြင် ဒီရာဇဝတ်ခုံရုံး အကြီးအကဲဖြစ်တဲ့ ဂိုလမ်း မော်တူဇာ မဂျမ်ဒါ - Golam Mortuza Majumdar က တခြားတရားသူကြီးတွေရှေ့မှောက်မှာ အခုလို အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ရာဇဝတ်ခုံရုံးက ပထမမှာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာနဲ့ပတ်သက်တဲ့ အသနားခံစာကိုသာ လက်ခံခဲ့ပြီး နောက်မှ သူမရဲ့အနီးကပ် လက်ထောက်တွအပါအဝင် လူ ၄၅ ဦးနဲ့ပတ်သက်တာကို လက်ခံခဲ့တာဖြစ်ကြောင်းလည်း ပြောပါတယ်။ ဝန်ကြီးချုပ်ဟောင်းနဲ့ သူ့အနီးကပ်လက်ထောက်တွေ၊ လုံခြုံရေးအဖွဲ့တွေဟာ ဆန္ဒပြသူတွေနဲ့ တခြားသူတွေကိုသတ်ဖြတ်မှုမှာ တာဝန်ရှိနေတယ်လို့ အစိုးရ ရှေ့နေက ပြောပါတယ်။ ဆန္ဒပြမှုတွေအတွင်း သေဆုံးရသူက ရာနဲ့ချီရှိခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG