သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ဗုဒ္ဓဘာသာအကြီးအကဲများနှင့်တွေ့


ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးးချုပ် Sheikh Hasina ဟာ ပြီးခဲ့တဲ့သီတင်းပါတ်က ထောင်ချီတဲ့
မူဆလင်လူအုပ်စု က ဒါဇင်နဲ့ ချီတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေနဲ့ အိမ်ခြေ ၅၀ လောက်ကို ဖျက်ဆီးမီးရှို့ခဲ့တဲ့ Cox’s Bazar ဒေသကို တနင်္လာနေ့ က သွားရောက်ခဲ့ပါတယ်။ ဗုဒ္ဓဆင်းတုတော်တွေ အပါအဝင် ပစ္စည်းတွေ လုယက်ဖျက်ဆီးခံခဲ့ရတဲ့ ဒီ ဖြစ်ရပ် ဟာ
အဆိုးဆုံး ဘာသာရေးအခြေခံတဲ့ တိုက်ခိုက်မှု တခုလို့ ဆိုရမှာ ဖြစ်ပြီး ဗုဒ္ဓဘာသာ
အသိုင်းအဝန်းကြား ထိတ်လန့်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

ဒီကိစ္စမှာမြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ ဆက်နွယ်မှုရှိတယ် လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က စွတ်စွဲပြောဆိုမှုရှိပြီး အစ္စလာမ်ကို စော်ကားတဲ့ ဖေ့စ်ဘွတ် ပါ ဓါတ်ပုံကလဲ အကြမ်းဖက်မှု ဖြစ်ပေါ်
စေခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်ဘာသာဝင်ဖြစ်ဖြစ် ငြိမ်းငြိမ်းချမ်းချမ်း အတူတွဲနေထိုင်နိုင်ဖို့ နည်းလမ်း ရှာပြီး လူနည်းစုတွေကို လုံခြုံမှုပေးဖို့ ပန်ကြားခဲ့တယ်လို့ ဝန်ကြီးချုပ် Hasina နဲ့ တွေ့ဆုံခဲ့တဲ့ ဒေသခံ ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေက ပြောဆိုပါတယ်။

အဲဒီ့နောက် ဝန်ကြီးချုပ် Hasina က ဘာသာမခွဲ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး စုဝေးတွေ့ဆုံပွဲမှာ မိန့် ခွန်းပြောခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ဘာသာရေးအစွန်းရောက်မှုတွေကို လက်မခံတဲ့အကြောင်း ဒီဒေသထဲမှာ အားလုံး အေးအေးချမ်းချမ်း နေထိုင်နိုင်မယ့် ငြိမ်းချမ်းရေးကော်မီတီတရပ် ဖွဲ့ဖို့လိုကြောင်း ပြောဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဘာသာရေးအရ ဖိနှိပ်ခွဲခြားမှုမရှိတဲ့ ၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရှိတဲ့ နိုင်ငံဖြစ်ပြီး အခြေခံဥပဒေမှာလဲ ဒီအချက်ကို ပြဌာန်းထားတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ဘယ်သူတွေ လုပ်ခဲ့တယ်ဆိုတာ စုံစမ်းစစ်ဆေးအဖြေရှာမှာ ဖြစ်ပြီး သတင်းအချက်အလက် တော်တော်များများ ရထားတယ်လို့လဲ ပြောဆိုပါတယ်။

သတင်းအချက်တွေပေးဖို့ကိုလဲ တောင်းဆိုလိုက်ပြီး အကြမ်းဖက်မှုကျူးလွန်သူတွေကို နမူနာအနေနဲ့ အရေးယူအပြစ်ပေးမှာဖြစ်တယ်လို့ လဲပြောဆိုပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက နှစ်ပေါင်းရာနဲ့ချီတဲ့ တန်ဖိုးကြီးမားလှတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုးရာပစ္စည်းတချို့ကို ဖျက်ဆီးခံခဲ့ရတာဖြစ်တယ်လို့ ဝန်ကြီးချုပ် Hasina က ပြောဆိုခဲ့ပါတယ်။ အကြမ်းဖက်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုတွေကြုံခဲ့ရပြီး တဲထိုးနေနေကြရတဲ့ မိသားစု ၁၇၀ ကို အကူအညီ အထောက်အပံ့တွေ ပေးမယ်လို့ လည်း သူမကပြောဆိုလိုက်ပါတယ်။
XS
SM
MD
LG