သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြသူတွေအပေါ် အလွန်အကျွံ နှိမ်နင်းမှုအတွက် ဘင်္ဂလားဒေ့ရှ်ကို EU ရှုတ်ချ


ဒါကာအဝေးပြေးလမ်းမပေါ်မှာတွေ့ရတဲ့ ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့ဝင်များ (ဇူလိုင် ၂၃၊ ၂၀၂၄)
ဒါကာအဝေးပြေးလမ်းမပေါ်မှာတွေ့ရတဲ့ ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့ဝင်များ (ဇူလိုင် ၂၃၊ ၂၀၂၄)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆန္ဒပြသူတွေကို အာဏာပိုင်တွေက အင်အားအလွန်အကျွံသုံး ဖြိုခွင်းခဲ့တဲ့အပေါ် EU နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ Josep Borrell က ဒီကနေ့ ဇူလိုင် ၃၀ ရက်နေ့မှာ ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ ရဲတပ်ဖွဲ့နဲ့ ဆေးရုံကနေ AFP သတင်းဌာနက ရရှိခဲ့တဲ့ အချက်အလက်တွေအရ အနည်းဆုံး လူ ၂၀၆ ဦး သေဆုံးခဲ့တာပါ။

အစိုးရဝန်ထမ်းနေရာအတွက် ခွဲတမ်းစနစ်ကို ဆန့်ကျင်တဲ့ ကျောင်းသားတွေက ကန့်ကွက်ဆန္ဒပြတာကို အကြမ်းဖက် ဖြိုခွင်းခဲ့တာဖြစ်ပြီး သေဆုံးသူတွေထဲ ရဲတပ်ဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အခုလို ခွဲတမ်းနဲ့သတ်မှတ်တာဟာ လက်ရှိအာဏာရပါတီအပေါ် သစ္စာစောင့်သိသူတွေကိုသာ ရွေးချယ် ခန့်ထားဖို့ ရည်ရွယ်တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။

ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့အရာရှိတွေ သေဆုံးခဲ့တာအပါအဝင် ညှဉ်းပန်းနှိပ်စက်မှု၊ လူအများအပြား ဖမ်းဆီး ထိန်းသိမ်းမှုနဲ့ ပစ္စည်းဥစ္စာ ပျက်ဆီး ဆုံးရှုံးခဲ့ရမှုတွေအတွက် အထူးစိုးရိမ်ကြောင်း EU နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ Borrell က ပြောပါတယ်။ ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို ဥပဒေနဲ့အညီ အရေးယူဖို့လည်း တောင်းဆိုခဲ့တာပါ။

ဒီအတောအတွင်း သေဆုံးသွားသူတွေအတွက် ဒီကနေ့ကို ဝမ်းနည်း ကြေကွဲဖွယ်နေ့အဖြစ် သတ်မှတ်ကြောင်း အစိုးရက ကြေညာလိုက်ပါတယ်။ ဒါပေမယ့် ဒီအစီအစဉ်ဟာ အခုလအတွင်း ဆန္ဒပြပွဲတွေမှာ သေဆုံးခဲ့ကြရတဲ့ သူတို့ရဲ့ အတန်းဖော်တွေကို မလေးစားရာရောက်တယ်လို့ ကျောင်းသားတွေက ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ ဒီကိစ္စမှာ တာဝန်ရှိသူတွေကို အပြစ်ပေး အရေးယူမယ့်အစား အစိုးရရဲ့လုပ်ဆောင်ချက်က ကျောင်းသားတွေကို ပျက်ရယ်ပြုသလို ဖြစ်နေတယ်လို့ ဆန္ဒပြကျောင်းသားခေါင်းဆောင်တဦးက ပြောပါတယ်။ အခုနောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ဝန်ကြီးချုပ် Sheikh Hasina ရဲ့ ၁၅ နှစ်ကြာ ဝန်ကြီးချုပ်သက်တမ်းအတွင်း အဆိုးရွားဆုံးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG