သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြပွဲတွေ ပြန်စဖို့ ကျောင်းသားတွေဆော်သြ


နိုင်ငံအနှံ့ကျောင်းသားတွေ ဆန္ဒပြမှုကြောင့် ညမထွက်ရအမိန့်ထုတ်ပြန်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်မှာတွေ့ရတဲ့ ဘင်္ဂလားဒေ့ရှ်လုံခြုံရေး စစ်သားများ (ဇူလိုင် ၂၁၊ ၂၀၂၄)
နိုင်ငံအနှံ့ကျောင်းသားတွေ ဆန္ဒပြမှုကြောင့် ညမထွက်ရအမိန့်ထုတ်ပြန်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်မှာတွေ့ရတဲ့ ဘင်္ဂလားဒေ့ရှ်လုံခြုံရေး စစ်သားများ (ဇူလိုင် ၂၁၊ ၂၀၂၄)

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ အသက်သေဆုံးတဲ့အထိ နှိမ်နင်းခဲ့တာကို တောင်းပန်ဖို့နဲ့ ဆန္ဒပြခေါင်းဆောင်တွေကို လွှတ်ပေးဖို့အတွက် တောင်းဆိုထားတာကို ဝန်ကြီးချုပ် Sheikh Hasina အပါအဝင် အစိုးရ ခေါင်းဆောင်တွေက လျစ်လျူရှုနေတဲ့အတွက် ဆန္ဒပြပွဲတွေ ပြန်လုပ်ဖို့ ဘင်္ဂလားဒေ့ရှ် ကျောင်းသားတွေက လှုံ့ဆော်နေပါတယ်။

စစ်မှုထမ်းဟောင်းမိသားစုတွေကို အလုပ်ခွဲတမ်းသတ်မှတ်ပေးဖို့ ဆုံးဖြတ်ချက်ကို မကျေနပ်မှုတွေကြောင့် ဒီလထဲမှာ ဖြစ်ခဲ့တဲ့ ကန့်ကွက်ဆန္ဒပြမှုတွေဟာ နိုင်ငံအနှံ့ပေါ်ပေါက်ခဲ့ပြီး ရဲအရာရှိတွေ အပါအဝင် အနည်းဆုံး လူ၂၀၅ ဦး သေဆုံးခဲ့ရပါတယ်။ ဒီဆန္ဒပြပွဲတွေဟာ ဝန်ကြီးချုပ် Hasina ရဲ့ ၁၅ နှစ်ကြာ သက်တမ်းအတွင်း အဆိုးဝါးဆုံးဆန္ဒပြပွဲတွေဖြစ်ပြီး၊ အစိုးရဘက်ကလည်း ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့အတွက် တပ်တွေကိုချထားကာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်ပြီး၊ နိုင်ငံတဝန်း အင်တာနက် ဖြတ်တောက်တာတွေ လုပ်ခဲ့ပါတယ်။ ခွဲခြားဆက်ဆံမှုတွေကိုဆန့်ကျင်တဲ့ အနည်းဆုံး လူ ၆ ဦးပါတဲ့ ကျောင်းသားခေါင်းဆောင် တွေက ဆန္ဒပြပွဲတွေကို စတင်ခဲ့ပြီး နောက်ပိုင်းမှာ ဆန္ဒပြသူထောင်နဲ့ချီ ပါဝင်လာတာပါ။

၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးစစ်ပွဲမှာ စစ်မှုထမ်းခဲ့သူတွေရဲ့ မိသားစုဝင်တွေအတွက် အလုပ်အကိုင်နေရာ ၃၀ ရာခိုင်နှုန်း ခွဲတမ်းပေးထားတဲ့စနစ်ကို ၂၀၁၈ ခုနှစ်တုန်းက အစိုးရက ပြဌာန်းခဲ့ချိန်က အလားတူ ကျောင်းသားတွေ ဆန္ဒပြခဲ့တာကြောင့် ရပ်ဆိုင်းထားခဲ့ပေမဲ့ ပြန်လည်ကျင့်သုံးဖို့ အထက်တရားရုံးက ဇွန်လထဲမှာ ကြေညာခဲ့တာကြောင့် ဆန္ဒပြပွဲတွေ တကျော့ပြန်ပေါ်ပေါက်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG