သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဒုက္ခသည်တွေ ထပ်ဝင်လာမှု မြန်မာသံအမတ်ကို ဘင်္ဂလားဒေ့ရှ် ဆင့်ခေါ်


ရခိုင်တပ်မတော် AA နဲ့ မြန်မာအစိုးရတပ်ကြားတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူများ (AFP)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဒုက္ခသည်တွေ ထပ်မံ ဝင်ရောက်လာတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံကို ကန့်ကွက်လိုက်ပါတယ်။

ပြဿနာဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ အစိုးရတပ်နဲ့ သူပုန်တပ်တို့ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဒုက္ခသည်တွေ ဝင်ရောက်လာတဲ့ကိစ္စကြောင့် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်ကြီးဦးလွင်ဦးကို သူတို့နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနကို အင်္ဂါနေ့က ဆင့်ခေါ်ခဲ့တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် အရာရှိကြီးက ပြောကြောင်း Channel News Asia မှာ ဖော်ပြထားပါတယ်။

၂၀၁၇၊ သြဂုတ်လတုန်းက စပြီး စစ်တပ်ရဲ့နှိပ်ကွပ်မှုကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းကျော် ဝင်ရောက်နေပြီး ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထဲကို အခု အသစ်ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေကတော့ ဗုဒ္ဓဘာသာဝင် ရခိုင်နဲ့ တခြား မျိုးနွယ်စုတွေဖြစ်ကြတယ်လို့ အမည်မဖော်လိုသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနအရာရှိကြီးကို ကိုးကား ပြောပေမယ့် အရေအတွက်ကို ဖော်ပြမထားခဲ့ပါဘူး။

အရေအတွက်က တဖြည်းဖြည်းများလာပြီး နောက်ထပ် နယ်စပ်မှာ စောင့်နေသူတွေ အများကြီးရှိသေးတယ်၊ ဒီအကြမ်းဖက် တိုက်ခိုက်မှု တွေကို အမြန်ဆုံး ရပ်တန့်နိုင်အောင် ထိထိရောက်ရောက်လုပ်ဆောင်ဖို့ မြန်မာ အစိုးရကို တောင်းဆိုထားတယ်လို့လည်း ဆိုပါတယ်။ ဒီဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အရှေ့တောင် ဘက် Bandardan ခေါ် ရွာတော်ခရိုင်ကုန်းမြင့်တွေကို ဖြတ်ပြီး ဝင်ရောက်နေကြတာ ဖြစ်တယ်လို့လည်း နယ်ခြားစောင့် အရာရှိတွေကို ကိုးကား ပြီး ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG